တာချီလိတ်မြို့ရှိ Red Bar စားသောက်ဆိုင်တွင် ကားမီးရှို့မှု ဖြစ်ပွား

တာချီလိတ်မြို့ရှိ Red Bar စားသောက်ဆိုင်တွင် ကားမီးရှို့မှု ဖြစ်ပွား
သြဂုတ် 27, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ Red Bar စားသောက်ဆိုင်တွင်  ကားမီးရှို့မှု ဖြစ်ပွား
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် မြန်မာတိုးနယားကွင်းအတွင်းရှိ Red Bar စားသောက်ဆိုင်တွင်  ကားမီးရှို့မှု ဖြစ်ပွားရာမှ ကားတစ်စီး မီးလောင်ကျွမ်းကာ ပျက်စီးသွားကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က Red Bar စားသောက်ဆိုင်တွင် ဆိုင်ရှင်တစ်ဦးဖြစ်သူ  စိုင်းအောင်ခမ်းဆိုသူက ဆိုင်၏ စားဖိုခန်းအတွင်းမှ ဂတ်စ်အိုးကို မယူလာကာ ဆိုင်၏ အရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ်အား  မီးရှို့ခြင်းဖြစ်ကြောင်း အဆိုပါဆိုင်တွင် ညစောင့်တာဝန်ယူထားသူက မီးသတ်တပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့အား ရှင်းပြချက်အရ သိရသည်။
မည်သည့်အကြောင်းကိစ္စကြောင့် မီးရှို့သည့်ကိုတော့ မသိရှိရ အသေးစိတ်စစ်ဆေးနေလျက်ရှိကြောင်းလည်း သိရသည်။

မီးရှို့မှုဖြစ်စဉ်ကြောင့် ကားတစ်စီးလုံး မီးလောင်ကျွမ်းကာ ပျက်စီးသွားပြီး ဆိုင်၏ အရှေ့ဘက်တစ်ခြမ်းမှာလည်း မီးဟက်ခံရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ရောက်ရှိကာ ငြှိမ်းသတ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မီးလောင်ရခြင်းအကြောင်းအရင်းများကို စစ်ဆေးမှုများ ပြုလုပ်ပြီး အမှုဖွင့်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~