တာခ်ီလိတ္ၿမိဳ႕တြင္း သန္႔ရွင္းေရးအတြက္ စေနေန႔တိုင္း အမိႈက္ေကာက္မႈအစီအစဥ္အရ ရပ္ကြက္မ်ားတြင္ အမိႈက္ပံုးမ်ားျဖန္႔ေဝမည္

တာခ်ီလိတ္ၿမိဳ႕တြင္း သန္႔ရွင္းေရးအတြက္ စေနေန႔တိုင္း အမိႈက္ေကာက္မႈအစီအစဥ္အရ ရပ္ကြက္မ်ားတြင္ အမိႈက္ပံုးမ်ားျဖန္႔ေဝမည္
ဇွန် 1, 2019
By 🌸

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္း သန္႔ရွင္းေရးအတြက္ စုေပါင္းအမိႈက္ေကာက္သည့္အစီအစဥ္ကို (၁) ႏွစ္စီမံခ်က္ျဖင့္ ေဆာင္ရြက္ေနၿပီး ပညာေပးကာလ (၃) လျပည့္သြားၿပီျဖစ္သျဖင့္ ရပ္ကြက္မ်ားအတြင္း အမိႈက္ပံုးျဖန္႔ေ၀ရန္ စီစဥ္ေနေၾကာင္း သိရသည္။

"ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႕ အစည္းအေ၀း ဒီရက္ပိုင္းလုပ္မယ္။ ရပ္ကြက္ေတြထဲမွာ ဘယ္ေနရာအမိႈက္ပံုးထားခ်င္လည္းဆိုတာ ေရြးရမွာေပါ့။ ကိုယ္ထားခ်င္တဲ့ေနရာထားၿပီး ထိန္းသိမ္းမႈမရိွရင္အဆင္မေျပဘူး။ လမ္းသြားလမ္းလာေတြ အမိႈက္ပစ္လို႔ရေအာင္ထားေပးမွာေပါ့။ အမိႈက္ကန္ေတာ့ မထားဘူး။ အမိႈက္ကားက ေန႔တိုင္းရပ္ကြက္ေတြထဲပတ္ေပးေနတာဆိုေတာ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ အမွဴေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အပတ္စဥ္စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္မႈအျဖစ္ ၀ိန္းေက်ာက္ရပ္ကြက္အတြင္းရိွ အာခါေစ်းတစ္၀ိုက္တြင္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားစုေပါင္းၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လ (၁) ရက္ေန႔တြင္ အမိႈက္ေကာက္ခဲ့ၾကျခင္းျဖစ္သည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင်း သန့်ရှင်းရေးအတွက် စနေနေ့တိုင်း အမှိုက်ကောက်မှုအစီအစဉ်အရ ရပ်ကွက်များတွင် အမှိုက်ပုံးများဖြန့်ဝေမည်
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း သန့်ရှင်းရေးအတွက် စုပေါင်းအမှိုက်ကောက်သည့်အစီအစဉ်ကို (၁) နှစ်စီမံချက်ဖြင့် ဆောင်ရွက်နေပြီး ပညာပေးကာလ (၃) လပြည့်သွားပြီဖြစ်သဖြင့် ရပ်ကွက်များအတွင်း အမှိုက်ပုံးဖြန့်ဝေရန် စီစဉ်နေကြောင်း သိရသည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အစည်းအဝေး ဒီရက်ပိုင်းလုပ်မယ်။ ရပ်ကွက်တွေထဲမှာ ဘယ်နေရာအမှိုက်ပုံးထားချင်လည်းဆိုတာ ရွေးရမှာပေါ့။ ကိုယ်ထားချင်တဲ့နေရာထားပြီး ထိန်းသိမ်းမှုမရှိရင်အဆင်မပြေဘူး။ လမ်းသွားလမ်းလာတွေ အမှိုက်ပစ်လို့ရအောင်ထားပေးမှာပေါ့။ အမှိုက်ကန်တော့ မထားဘူး။ အမှိုက်ကားက နေ့တိုင်းရပ်ကွက်တွေထဲပတ်ပေးနေတာဆိုတော့"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှူဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မှုအဖြစ် ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ အာခါစျေးတစ်ဝိုက်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်းပြီး ၂၀၁၉ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် အမှိုက်ကောက်ခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net