ဖားဆောင်းမြို့နယ်အတွင်း သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားဆဲ ကာလတွင် သတ္တုတူးဖော်လုပ်ကိုင်နေသော ကုမ္ပဏီအား အရေးယူသွားမည်

ဖားဆောင်းမြို့နယ်အတွင်း သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားဆဲ ကာလတွင် သတ္တုတူးဖော်လုပ်ကိုင်နေသော ကုမ္ပဏီအား အရေးယူသွားမည်
ဇှနျ 26, 2019
By Tachileik News Agency


ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသရှိ ဒိုမူပါယ်ကျေးရွာနှင့် အနာဂတ်အလင်းတန်း ကျေးရွာအနီးရှိ မိုနိုချောင်းတည်နေရာတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့ချိန်ထိ ဘတ်ဖိုးများ အသုံးပြု၍ မျှောတိုက်ကာ ချောင်းခဲလုပ်ကွက်အဖြစ် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအား ခွင့်ပြုမိန့်မရရှိသေးဘဲ လုပ်ကိုင်ခွင့် လျှောက်ထားဆဲကာလတွင် လုပ်ဆောင်နေသောကြောင့် အရေးယူဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်နေခြင်းများအပေါ် ဖားဆောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးရန်နိုင်ဆွေမှ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“သတ္တုတွင်းလုပ်ကွက်အတွင်း ကုမ္ပဏီလုပ်ငန်းရှင်အနေဖြင့် လျှောက်ထားဆဲသတ္တုလုပ်ကွက်အား ခွင့်ပြုမိန့်မရရှိသေးမီ သတ္တုတူးဖော်ရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်၍မရကြောင်း ဥပဒေနဲ့ ညီညွှတ်မှုမရှိကြောင်း ၊ မိမိဌာနမှ ခွင့်ပြုထားခြင်းမရှိသဖြင့် သတ္တုထုတ်လုပ်သူများကို မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ၃၀(က)အရ အရေးယူသွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြေကြားအပ်ပါတယ် ” ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် က ဖြေကြားခဲ့သည်။

ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းနယ်မြေအတွင်း လက်ရှိတွင် ခဲမဖြူ ၊ အဖြိုက်နက် ထုတ်လုပ်မှု အဖြစ် အကြီးစားလုပ်ကွက် တစ်ကွက်နှင့် အသေးစားလုပ်ကွက်(၄)ကွက်သာလျှင် တရားဝင် ခွင့်ပြုထုတ်လုပ်လျှက်ရှိပြီး ခွင့်ပြုမိန့်မရရှိသေးဘဲ လုပ်ကိုင်နေသော အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီအား ဒေသအာဏာပိုင်အဖွဲ့အစည်းများ ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း နှင့် ပေါင်းစပ်ညှိနှိုင်း၍  ပြစ်မှုဆိုင်ရာဥပဒေ ၊ မြန်မာ့သတ္တုတွင်းဥပဒေ နည်းဥပဒေများဖြင့် အရေးယူရန် ဆောင်ရွက်မည်ဖြစ်ပြီး ချောင်းခဲဧရိယာတစ်လျှောက် တရားဝင်လုပ်ကွက် ပြင်ပတွင် မည်သူမျှ သတ္တုထုတ်လုပ်မှု မရှိစေရေး စောင့်ကြပ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြေကြားသွားသည်။

လက်ရှိတွင် ခွင့်ပြုမိန့်မရရှိသေးဘဲ ခဲသတ္တုတူးဖော်နေသောနေရာမှာ( လွိုင်ကော်-တောင်ငူ )ပြည်ထောင်စုလမ်းကြီးဘေးတွင်ဖြစ်ပြီး ဒေသခံပြည်သူများမှ တင်ပြမှုအပေါ်  လွှတ်တော်အတွင်း မေးခွန်းမေးမြန်းရခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဌာနများမှ စီမံကွပ်ကဲမှုနှင့် ပေါင်းစပ်လုပ်ကိုင်မှု အားနည်းနေသောကြောင့် လွှတ်တော်အတွင်း မေးမြန်းခြင်းအပေါ် စာရွက်ပေါ်မှာသာ ဖြေကြားနေခြင်းမျိုး မလုပ်သင့်တော့ဘဲ ဝန်ကြီးဌာနမှ ဝန်ကြီးကိုယ်တိုင်လည်း မြေပြင်တွင် လက်တွေ့ ကွင်းဆင်းစစ်ဆေးသင့်နေပြီ ဖြစ်ကြောင်း ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက  ဇွန်လ (၂၆) ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ ဒိုမူပါယ်ကျေးရွာနှင့် အနာဂတ်အလင်းတန်းကျေးရွာအနီး မိုနိုချောင်းအတွင်း လုပ်ငန်းခွင့်ပြုမိန့်မရရှိသေးဘဲ လျှောက်ထားဆဲကာလတွင် ခဲသတ္တုထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ဆောင်နေသော ကုမ္ပဏီအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ဒိုမူပါယ်ကျေးရွာနှင့် အနာဂတ်အလင်းတန်း ကျေးရွာအနီးရှိ မိုနိုချောင်းတည်နေရာတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့ချိန်ထိ ဘတ်ဖိုးများ အသုံးပြု၍ မျှောတိုက်ကာ ချောင်းခဲလုပ်ကွက်အဖြစ် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအား ခွင့်ပြုမိန့်မရရှိသေးဘဲ လုပ်ကိုင်ခွင့် လျှောက်ထားဆဲကာလတွင် လုပ်ဆောင်နေသောကြောင့် အရေးယူဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်နခြေင်းများအပေါ် ဖားဆောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးရန်နိုင်ဆွေမှ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“သတ္တုတွင်းလုပ်ကွက်အတွင်း ကုမ္ပဏီလုပ်ငန်းရှင်အနဖြေင့် လျှောက်ထားဆဲသတ္တုလုပ်ကွက်အား ခွင့်ပြုမိန့်မရရှိသေးမီ သတ္တုတူးဖော်ရှာဖွခြေင်း လုပ်ငန်းဆောင်ရွက်၍မရကြောင်း ဥပဒေနဲ့ ညီညွှတ်မှုမရှိကြောင်း၊ မိမိဌာနမှ ခွင့်ပြုထားခြင်းမရှိသဖြင့် သတ္တုထုတ်လုပ်သူများကို မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ၃၀(က)အရ အရေးယူသွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြကြေားအပ်ပါတယ် ” ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် က ဖြကြေားခဲ့သည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းနယ်မြေအတွင်း လက်ရှိတွင် ခဲမဖြူ၊ အဖြိုက်နက် ထုတ်လုပ်မှု အဖြစ် အကြီးစားလုပ်ကွက် တစ်ကွက်နှင့် အသေးစားလုပ်ကွက်(၄)ကွက်သာလျှင် တရားဝင် ခွင့်ပြုထုတ်လုပ်လျှက်ရှိပြီး ခွင့်ပြုမိန့်မရရှိသေးဘဲ လုပ်ကိုင်နေသော အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီအား ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း နှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြစ်မှုဆိုင်ရာဥပဒေ၊ မြန်မာ့သတ္တုတွင်းဥပဒေ နည်းဥပဒေများဖြင့် အရေးယူရန် ဆောင်ရွက်မည်ဖြစ်ပြီး ချောင်းခဲဧရိယာတစ်လျှောက် တရားဝင်လုပ်ကွက် ပြင်ပတွင် မည်သူမျှ သတ္တုထုတ်လုပ်မှု မရှိစေရေး စောင့်ကြပ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြကြေားသွားသည်။

လက်ရှိတွင် ခွင့်ပြုမိန့်မရရှိသေးဘဲ ခဲသတ္တုတူးဖော်နေသောနေရာမှာ( လွိုင်ကော်-တောင်ငူ )ပြည်ထောင်စုလမ်းကြီးဘေးတွင်ဖြစ်ပြီး ဒေသခံပြည်သူများမှ တင်ပြမှုအပေါ် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းရခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဌာနများမှ စီမံကွပ်ကဲမှုနှင့် ပေါင်းစပ်လုပ်ကိုင်မှု အားနည်းနေသောကြောင့် လွှတ်တော်အတွင်း မေးမြန်းခြင်းအပေါ် စာရွက်ပေါ်မှာသာ ဖြကြေားနခြေင်းမျိုး မလုပ်သင့်တော့ဘဲ ဝန်ကြီးဌာနမှ ဝန်ကြီးကိုယ်တိုင်လည်း မြပြေင်တွင် လက်တွေ့ ကွင်းဆင်းစစ်ဆေးသင့်နပြေီ ဖြစ်ကြောင်း ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ဇွန်လ (၂၆) ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အစည်းအေဝးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net