ဖရူဆိုရှိ ခမရ ၄၂၈ အခြေစိုက်နှင့် ရဲစခန်းကို ဖရူဆို PDF နှင့် KNDF တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်

ဖရူဆိုရှိ ခမရ ၄၂၈ အခြေစိုက်နှင့် ရဲစခန်းကို ဖရူဆို PDF နှင့် KNDF တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၂၈ အခြေစိုက်စခန်းနှင့် ဖရူဆိုရဲစခန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၆) ရက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၄)ဦးသေကြောင်း ဖရူဆို PDF က ထုတ်ပြန်သည်။

ယနေ့ညနေပိုင်းတွင် ၎င်းတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို (PDF_Hpruso)နှင့် KNDF B_O4 တပ်ခွဲ(၂) တို့က ပူးပေါင်းကာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ်(၄၀)ဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ(၁၀)ရက်မှ (၂၃)ရက်အတွင်း KNDF တပ်ရင်း(၆)မှ တိုက်ပွဲပေါင်း(၅)ပွဲနှင့်အထက် KA /KNDF အခြားတပ်ရင်းများနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံး (၆၀)ဦးနှင့်အထိရှိကာ ထိခိုက်မှုများပြားသည်ဟု  KNDF က ယနေ့ ဧပြီလ(၂၆)ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများအတွင်း KNDF တပ်ရင်း(၆)မှ ရဲဘော် (၄)ဦးကျဆုံးပြီး (၈)ဦးဒါက်ရာရခဲ့ကာ (၃)ဦးမှာ ခြေတစ်ဖက်စီ ဆုံးရှုံးခဲ့ရပြီး (၅) ဦးမှာ ဒါဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။

ကျဆုံးရဲဘော် အာဇာနည်(၄)ဦးကို နာရေးအခမ်းအနားဖြင့် းမွန်စွကောင်ာ သဂြိုဟ်ခဲ့ပြီး တပ်ရင်းမှရဲဘော်များက လေးစားစွာ ဦးညွှတ် အလေးနီပြုအပ်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဒါဏ်ရာရရဲဘော်များအားလည်း ကောင်းမွန်စွာကုသပေးလျက်ရှိပြီး လိုအပ်သည်များကို တပ်ရင်းမှအလုံးစုံတာဝန်ယူပေးနေကြောင်းလည်း ထုတ်ပြန်ထားသည်။