တော်လှန်ရေးအဖွဲ့ (၆)ဖွဲ့ပေါင်းကာ ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

တော်လှန်ရေးအဖွဲ့ (၆)ဖွဲ့ပေါင်းကာ ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
ဧပြီ 6, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့ပူးပေါင်းကာ ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု(Karenni Revolution Union – KRU)ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ဧပြီလ(၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လျက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့များ စုစည်း၍ လူအင်အား၊ လက်နက်အင်အားများ ပိုမိုတောင့်တင်းလာစေရန်နှင့် စစ်ဆင်ရေးကိစ္စရပ်များတွင် စနစ်တကျ အချိတ်အဆက်မိကာ ပူးပေါင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစုကို Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊ Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit၊ Southern Shan People Defense Force (SSPDF)အဖွဲ့များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 #TachileikNewsAgency