တာခ်ီလိတ္တြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းခံရသည့္ တရုတ္ႏိုင္ငံသား (၁၈၈)ဦးအနက္ တစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားႏွင့္ တရုတ္ဘဏ္ကဒ္ (၆)ခုတုိ႔ သိမ္းဆည္းရမိ

တာခ်ီလိတ္တြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းခံရသည့္ တရုတ္ႏိုင္ငံသား (၁၈၈)ဦးအနက္ တစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားႏွင့္ တရုတ္ဘဏ္ကဒ္ (၆)ခုတုိ႔ သိမ္းဆည္းရမိ
မေ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္ တရုတ္ႏုိင္ငံသားမ်ား ေနထိုင္ေၾကာင္း သတင္းရသည့္ ေနအိမ္ (၃)ေနရာအား ရဲတပ္ဖြဲ႕က ေနအိမ္ရွာေဖြဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာ ဝိန္းေက်ာက္ရပ္ကြက္ရိွေနအိမ္မွ တရုတ္ႏုိင္ငံသားတစ္ဦးကို စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ား သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၃)ရက္ေန႔ နံနက္(၁၀)နာရီခြဲတြင္ ဝိန္းေက်ာက္ရပ္ကြက္၊ အမွတ္(ဝက/၂၂၉)ေနအိမ္တြင္ တရုတ္ႏုိင္ငံသား Wang Dawei အား စိတ္ၾကြရူးသြပ္ေဆးျပား (၂၅)ျပားႏွင့္အတူ ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

၎၏ အခန္းတြင္းမွ Bank China ေငြထုတ္ကဒ္၊ Postal Savings Bank of China Debit ကဒ္၊ China Construction Bank ATM ကဒ္၊ ABC ATM ကဒ္၊ Industrial Bank Debit ကဒ္၊ Hehongjlang Rural Credit Union ATM ကဒ္ တုိ႔ကိုပါ သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

ယခု မူးယစ္ေဆး၀ါးအမႈျဖင့္ အမႈဖြင့္လွစ္ထားရွိေသာ တရုတ္ႏုိင္ငံသားသည္   ၂၀၁၉ ခုႏွစ္ ေမလ (၁၃) ရက္ေန႔က တရုတ္ႏိုင္ငံသား (၁၈၈) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၁၀)ဦးကို လပ္ေတာ့ပ္(၁၆)လံုး၊ လက္ကိုင္ဖုန္း(၃၄၈)လံုး ေမာ္ေတာ္ယာဥ္ (၆) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၄) စီး၊ ေသနတ္ (၃) လက္၊ က်ည္ေဘာက္ (၁၁) ခုႏွင့္ က်ည္ဆန္ (၃၂၅) ေတာင့္ႏွင့္အတူ ဖမ္းဆီးရမိသည့္အထဲတြင္ ပါ၀င္သူ တစ္ဦးျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင် တရုတ်နိုင်ငံသားများ နေထိုင်ကြောင်း သတင်းရသည့် နေအိမ် (၃)နေရာအား ရဲတပ်ဖွဲ့က နေအိမ်ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ဝိန်းကျောက်ရပ်ကွက်ရှိနေအိမ်မှ တရုတ်နိုင်ငံသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့ နံနက်(၁၀)နာရီခွဲတွင် ဝိန်းကျောက်ရပ်ကွက်၊ အမှတ်(ဝက/၂၂၉)နေအိမ်တွင် တရုတ်နိုင်ငံသား Wang Dawei အား စိတ်ကြွရူးသွပ်ဆေးပြား (၂၅)ပြားနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ အခန်းတွင်းမှ Bank China ငွေထုတ်ကဒ်၊ Postal Savings Bank of China Debit ကဒ်၊ China Construction Bank ATM ကဒ်၊ ABC ATM ကဒ်၊ Industrial Bank Debit ကဒ်၊ Hehongjlang Rural Credit Union ATM ကဒ် တို့ကိုပါ သိမ်းဆည်းရမိထားကြောင်း သိရသည်။

ယခု မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်လှစ်ထားရှိသော တရုတ်နိုင်ငံသားသည် ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့က တရုတ်နိုင်ငံသား (၁၈၈) ဦးနှင့် မြန်မာနိုင်ငံသား (၁၀)ဦးကို လပ်တော့ပ်(၁၆)လုံး၊ လက်ကိုင်ဖုန်း(၃၄၈)လုံး မော်တော်ယာဉ် (၆) စီး၊ မော်တော်ဆိုင်ကယ် (၄) စီး၊ သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ခုနှင့် ကျည်ဆန် (၃၂၅) တောင့်နှင့်အတူ ဖမ်းဆီးရမိသည့်အထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net