ထိုင်းနိုင်ငံအတွင်းမှ တရားဝင် မြန်မာအလုပ်သမားများ မယ်ဆိုင် မှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာမှုအား မတ်လ(၂၅)ရက်နေ့တွင် လူဦးရေ (၅၀၀)ကျော်နိုင်မည်ဟု ခန့်မှန်းထား

ထိုင်းနိုင်ငံအတွင်းမှ တရားဝင် မြန်မာအလုပ်သမားများ မယ်ဆိုင် မှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာမှုအား မတ်လ(၂၅)ရက်နေ့တွင် လူဦးရေ (၅၀၀)ကျော်နိုင်မည်ဟု ခန့်မှန်းထား
မတ် 25, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းမှ တရားဝင် မြန်မာအလုပ်သမားများ မယ်ဆိုင် မှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာမှုအား မတ်လ(၂၅)ရက်နေ့တွင် လူဦးရေ (၅၀၀)ကျော်နိုင်မည်ဟု ခန့်မှန်းထား

ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမား စုစုပေါင်း(၅၀၀)ကျော်သည် မတ်လ (၂၅)ရက်နေ့တွင် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်သို့ ပြန်ဝင်ရန်အတွက် မယ်ဆိုင်မြို့သို့ ရောက်ရှိလာနိုင်ကြောင်း မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခန့်မှန်းထားရှိသည်။

လတ်တလော မတ်(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်အထိ ဝင်ရောက်လာသူများကို မယ်ဆိုင် - တာချီလိတ်နှစ်ဖက်ညှိနှိုင်းကာ လက်ခံပေးနေပြီး ချစ်ကြည်ရေးတံတား(၁)တွင် တစ်ဦးချင်းစီ အချက်အလက် စစ်ဆေးခြင်း နှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်ဘက်တွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများ၊ နှင့် လဝကဌာနခွဲ(၆) တာချီလိတ်မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အချက်အလက်များကို စိစစ်လက်ခံပေးနေလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ လတ်တလောအခြေ အနေနှင့် တာချီလိတ်ဘက် အခြေအနေများကြောင့် ချစ်ကြည်ရေးတံတား(၁) ယခုလို လက်ခံမှုကို နောက်ရက်များတွင် မသေချတော့ကြောင်းလည်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~