်ိါ်ိါ

်ိါ်ိါ
မတ် 8, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား (၂) ဦးနှင့် ထိုင်းနိုင်ငံသူ (၁) ဦးတို့ကို စိတ်ကြွဆေးပြား (၇)ပြား၊ ကတ်တမင်း (၄၅၀) ဂရမ်တို့နှင့်အတူ ၂၀၂၀ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများ ဖြစ်ကြသည့် အေကလပ်ကျလင်ဖွန်းနှင့် အာနုစရာကန်လဝမ်ကောင့် (ခ) စွမ့်တို့ ငှားရမ်း နေထိုင်သည့် ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ထွန်းလင်းအောင်လမ်းရှိ နေအိမ်ကို မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးဝါးရောင်းချပေးသည့် ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းမှ ထိုင်းနိုင်ငံသား စူဝိကျိုင်းစက် (ခ) ဘီကိုပါ ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၂)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦးတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၃၉/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~