ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဘိန္းစိုက္ေတာင္သူမ်ား၏ လူမႈစီးပြားစစ္တမ္းေကာက္ယူေရး သင္တန္းပို႔ခ်

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဘိန္းစိုက္ေတာင္သူမ်ား၏ လူမႈစီးပြားစစ္တမ္းေကာက္ယူေရး သင္တန္းပို႔ခ်
မေ 19, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဘိန္းစိုက္ေတာင္သူမ်ား၏ လူမႈစီးပြားစစ္တမ္းေကာက္ယူေရးအတြက္ မူးယစ္ဗဟိုႏွင့္ UNODC တို႔ပူးေပါင္း၍ က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၉)ရက္ေန႔က သင္တန္းဖြင့္လွစ္သည္။

အဆိုပါသင္တန္းသို႔ သင္တန္းသား (၂၁)ဦးတက္ေရာက္ၾကၿပီး သင္တန္းဖြင့္ပြဲသို႔ ျပည္နယ္ဒုတိယ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္၊ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္၊ မူးယစ္ဗဟို စီမံကိန္းဌာနမွ ဌာနခြဲမွဴး ဒုတိယရဲမွဴးႀကီး မင္းေအာင္၊ မူးယစ္ဗဟို စီမံကိန္းဌာနမွ ဌာနခြဲမွဴး ဒုတိယရဲမွဴးႀကီး စိုးလင္းေအးတို႔က စီမံကိန္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့သည့္အျပင္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ဆင့္ ဌာနဆုိင္ရာမ်ားမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ မူးယစ္ေဆးဝါးဆန္႔က်င္တိုက္ဖ်က္ေရးအသင္းတုိ႔မွလည္း တက္ေရာက္ၾကသည္။

အစိုးရႏွင့္ UNODC တို႔ပူးေပါင္း၍ ဘိန္းစိုက္ေတာင္သူမ်ားအား ဘိန္းအစားထိုးသီးနွံစိုက္ပ်ိဳးေရးအတြက္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဘိန်းစိုက်တောင်သူများ၏ လူမှုစီးပွားစစ်တမ်းကောက်ယူရေး သင်တန်းပို့ချ
**********
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဘိန်းစိုက်တောင်သူများ၏ လူမှုစီးပွားစစ်တမ်းကောက်ယူရေးအတွက် မူးယစ်ဗဟိုနှင့် UNODC တို့ပူးပေါင်း၍ ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၉)ရက်နေ့က သင်တန်းဖွင့်လှစ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား (၂၁)ဦးတက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ မူးယစ်ဗဟို စီမံကိန်းဌာနမှ ဌာနခွဲမှူး ဒုတိယရဲမှူးကြီး မင်းအောင်၊ မူးယစ်ဗဟို စီမံကိန်းဌာနမှ ဌာနခွဲမှူး ဒုတိယရဲမှူးကြီး စိုးလင်းအေးတို့က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည့်အပြင် ပြည်နယ်/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများများမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအသင်းတို့မှလည်း တက်ရောက်ကြသည်။

အစိုးရနှင့် UNODC တို့ပူးပေါင်း၍ ဘိန်းစိုက်တောင်သူများအား ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net