တာချီလိတ်တွင် ဖမ်းဆီးရမိထားသည့် ရွှေတူးဖေါ်ရေးလုပ်ငန်းသုံး ဆိုဒီယမ်ဆိုင်ယာနိုဒ်များ လေလံတင်မည်

တာချီလိတ်တွင် ဖမ်းဆီးရမိထားသည့် ရွှေတူးဖေါ်ရေးလုပ်ငန်းသုံး ဆိုဒီယမ်ဆိုင်ယာနိုဒ်များ လေလံတင်မည်
မေ 9, 2019
By Tachileik News Agency


ဆိုဒီယမ်ဆိုင်ယာနိုဒ် (၅၀)ကီလိုပါ သံပုံး (၃၆၀)တို့အား ခွင့်ပြုမိန့်သက်တမ်းရှိနေသည့် ရွှေသတ္တုတူးဖေါ်ရေးကုမ္ပဏီများအနေဖြင့် လေလံဆွဲနိုင်မည်ဖြစ်ပြီး ခရိုင်တရားရုံးလေလံတင်ရောင်းချရေးအဖွဲ့ရှေ့၌ ဈေးပြိုင်စနစ်ဖြင့် ဈေးအများဆုံးပေးသူကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလွှာတင်သွင်းလိုသူများ အနေဖြင့် လေလံလျှောက်လွှာများကို မေလ (၁၀)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း တစ်စောင်လျှင် ကျပ်(၁၀,၀၀၀)နှုန်းဖြင့် ဝယ်ယူပြီး တာချီလိတ်ခရိုင်တရားရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

လေလံအောင်သူအနေဖြင့် လေလံဆွဲဝယ်ယူသည့်တန်ဖိုး၏ (၂၅)ရာခိုင်နှုန်းကို နေ့ချင်းပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်း မပြုနိုင်ပါက လေလံထပ်တင်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်တရားရုံးက သက်သေခံပစ္စည်းဘဏ္ဍာသိမ်းဖြစ်သည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်များကို ၂၀၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၌ မြို့မရဲစခန်းတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဆိုဒီယမ်ဆိုင်ယာနိုဒ် (၅၀)ကီလိုပါ သံပုံး (၃၆၀)တို့အား ခွင့်ပြုမိန့်သက်တမ်းရှိနေသည့် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများအနဖြေင့် လေလံဆွဲနိုင်မည်ဖြစ်ပြီး ခရိုင်တရားရုံးလေလံတင်ရောင်းချရေးအဖွဲ့ရှေ့၌ ဈေးပြိုင်စနစ်ဖြင့် ဈေးအများဆုံးပေးသူကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလွှာတင်သွင်းလိုသူများ အနဖြေင့် လေလံလျှောက်လွှာများကို မေလ (၁၀)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း တစ်စောင်လျှင် ကျပ်(၁၀,ဝဝဝ)နှုန်းဖြင့် ဝယ်ယူပြီး တာချီလိတ်ခရိုင်တရားရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

လေလံအောင်သူအနဖြေင့် လေလံဆွဲဝယ်ယူသည့်တန်ဖိုး၏ (၂၅)ရာခိုင်နှုန်းကို နေ့ချင်းပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်း မပြုနိုင်ပါက လေလံထပ်တင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေလံတင်မည့် ဆိုင်ယာနိုဒ်များမှာ ရာဇဝတ်ကြီးမှုအမှတ် ၁၁၆/၂၀၁၈ နှင့် ရာဇဝတ်ကြီးမှုအမှတ် ၂၂၁/၂၀၁၆ အမှုများမှ သက်သေခံပစ္စည်း ဘဏ္ဍာသိမ်းများဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net