တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဆ)ရှိ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားနိုင်ရန် ကွင်းဆင်းဆောင်ရွက်

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဆ)ရှိ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားနိုင်ရန် ကွင်းဆင်းဆောင်ရွက်
မေ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ မြို့ကွက်သစ် (ဆ) အပိုင်းတွင် ဝင်ရောက်နေထိုင်သည့် ကျူးကျော်များကို ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် မေလ(၂၁)ရက်နေ့တွင် မြို့နယ်မြေစစ်ကော်မတီမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

"အပိုင်း (ဆ) ပေါ့။ မြို့မြေကွက်ချထားရေးကော်မတီကချထားပေးပြီးတော့ မြပြေင်မှာအကောင်အထည် မဖော်ရသေးတာပေါ့။ မြေကွက်တွေချထားမပေးရသေးဘူး။ မြပြေင်မှာနေရာချထားပေးခြင်းမရှိသေးဘူးပေါ့။ မြေကွက်ရထားတဲ့သူတွေက စာတွေတင်ကြတာ၊ တောင်းဆိုကြတာပေါ့။ အရင်က တံတား (၂)အနီးမှာ ရုံးတွေအတွက်ဆိုပြီး သိမ်းခဲ့တာတွေရှိတယ်။ အဲဒီလူတွေကို အပိုင်း (ဆ)မှာ အစားထိုးပြန်ပေးထားတာတွေရှိတယ်။ မြပြေင်ကို ကျွန်တော်တို့ဆင်းကြည့်တော့ ကျူးတွေရှိနေတယ်။ ကျူးတွေကို ကွင်းဆင်းပြီး ဖယ်ရှားပေးဖို့ပြောတာပေါ့။ ထွက်ဖို့ပြောခဲ့တာပေါ့။ မရလို့ရှိရင်နို့တစ် (၃)ကြိမ် ထုတ်ပြီး တရားစွဲရမှာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြို့ကွက်သစ် (ဆ)တွင်ယခင်ချထားပေးသည့် မြေပုံများအတိုင်းကွင်းဆင်းတိုင်းတာမည်ဖြစ်ပြီး မြေကွက်ရရှိထားသည့်မူလပိုင်ရှင်များကို ပြန်လည်နေရာချထားပေးရန် မြို့နယ်မြေစစ်ကော်မတီမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net