ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား တာချီလိတ်တွင် ပြုလုပ်ကာ သရုပ်ပြ

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား တာချီလိတ်တွင် ပြုလုပ်ကာ သရုပ်ပြ
မေ 8, 2019
By Tachileik News Agency

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားအား ၂၀၁၉ခုနှစ် မေလ(၈)ရက်နေ့ နံနက်က ကျင်းပပြုလုပ်သည်။



ယင်းနောက်  ဧပြီလအတွင်းက အထက(ဆန်ဆိုင်း)ကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အခြေပြု အခြေခံရှေးဦးပြုစုခြင်းသင်တန်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်နှင့်အတူ ရှေးဦးပြုစုခြင်းဆေးအိတ်နှင့် ရှေးဦးပြုစုခြင်း လက်စွဲစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကမာ္ဘ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားအား ၂၀၁၉ခုနှစ် မေလ(၈)ရက်နေ့ နံနက်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင် မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူမှ ပေးပို့လာသည့် သဝဏ်လွှာအား တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးမြင့်သိန်းက ဖတ်ကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများကို အခြေခံအသက်ကယ်အထောက်ကူပြုနည်း(Basic Life Support)အား သင်တန်းဆင်းကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သရုပ်ပြကြသည်။

ယင်းနောက် ဧပြီလအတွင်းက အထက(ဆန်ဆိုင်း)ကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အခြပြေု အခြေခံရှေးဦးပြုစုခြင်းသင်တန်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်နှင့်အတူ ရှေးဦးပြုစုခြင်းဆေးအိတ်နှင့် ရှေးဦးပြုစုခြင်း လက်စွဲစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net