တာခ်ီလိတ္တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ား မည္သူမဆို ပါ၀င္ႏိုင္ရန္အတြက္ Tachileik Talent Show အစီအစဥ္ကို ဇန္န၀ါရီလ (၂၆)ရက္ေန႔တြင္ စတင္မည္

တာခ်ီလိတ္တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ား မည္သူမဆို ပါ၀င္ႏိုင္ရန္အတြက္ Tachileik Talent Show အစီအစဥ္ကို ဇန္န၀ါရီလ (၂၆)ရက္ေန႔တြင္ စတင္မည္
ဇန်နဝါရီ 24, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ား မိမိတို႔ ဂီတစြမ္းရည္ကို ေဖာ္ထုတ္ျပသႏိုင္ရန္ အတြက္ ရည္ရြယ္လုပ္ေဆာင္သည့္ အပတ္စဥ္ စေနေန႔ ညတိုင္း Tachileik Talent Show  အစီအစဥ္ကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၆)ရက္ေန႔တြင္ ရွမ္းရိုးမကြင္း ေဘးရိွ Johnny Fitness Center ရွိ  ကြင္းျပင္၌ စတင္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဂီတတို႔ အႏုပညာတို႔ အားကစားတို႔ဆိုတာ ကၽြန္ေတာ္တို႔ၿမိဳ႕မွာ တကယ္ကို လိုအပ္ေနတဲ့ ဥစၥာေပါ့။ ကၽြန္ေတာ္တို႔ ၿမိဳ႕တင္ မဟုတ္ပါဘူး ေနရာတိုင္းမွာ လိုအပ္ေနတဲ့ အရာေပါ့။ လူငယ္ေတြ လမ္းမွား မေရာက္သြားေအာင္ ဂီတ အနုပညာ အားကစားဆိုတာ ရိွကို ရိွသင့္တဲ့အရာ သူတို႔ရဲ႕ လက္တစ္ကမ္းမွာေပါ့”ဟု Tachileik Talent Show  စီစဥ္သူအဖြဲ႔မွ  အဆိုေတာ္ ကိုအိုက္ထြန္းက  ေျပာသည္။

ပြဲစီစဥ္က်င္းပရန္ အတြက္ အစိုးရပိုင္ေနရာမ်ားတြင္ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း အၿမဲတမ္း က်င္းပသြားႏိုင္ရန္ ရည္ရြယ္ထားသျဖင့္ ပြဲက်င္းပခြင့္ေလွ်ာက္ထားရန္ကိစၥ၊ လွ်ပ္စစ္မီးကိစၥမ်ားရိွလာသျဖင့္ လက္ရိွေနရာျဖစ္သည့္  Johnny Fitness Center ရွိ  ကြင္းျပင္တြင္ စီစဥ္ထားရွိၿပီး လွ်ပ္စစ္မီတာ ႏွင့္ ေနရာကိုမ်ားကို  Johnny Fitness Center မွ စီစဥ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“အဆိုေတာ္ ကိုအိုက္ထြန္းတို႔က ကေလးေတြကို ဂီတနဲ႔ ပတ္သက္ၿပီး ေျမေတာင္ေျမႇာက္ေပးခ်င္တယ္လို႔ ေျပာလာတဲ့အခ်ိန္မွာ ကေလးေတြ မူးယစ္ေဆး၀ါးဘက္မွာ စိတ္၀င္စားမႈမရိွေအာင္ ဂိမ္းတို႔ဘာတို႔ ေလာင္းကစားဘက္ မပါသြားေအာင္ သူတို႔ဒီ ဂီတဘက္မွာ စိတ္ပါ ၀င္စားမယ္ဆိုရင္ ကၽြန္ေတာ္က ကူညီၿပီးေတာ့မွ ဒီေနရာေလးကို တီ၀ိုင္းေလး ျဖစ္လာေအာင္ ကၽြန္ေတာ္က ခြင့္ျပဳလိုက္တာပါ”ဟု  Tachileik Talent Show  စီစဥ္သူအဖြဲ႔တြင္ ပါ၀င္သူ Johnny Fitness Center ပိုင္ရွင္ ဦးေဂ်ာ္နီက ေျပာသည္။

ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအတြက္ ေလ့က်င့္ရန္ ေနရာတစ္ခုအျဖစ္ ဖန္တီးထားသျဖင့္ ပတ္၀န္းက်င္ အေႏွာက္အယွက္ မျဖစ္ေစရန္လည္း အခ်ိန္ကန္႔သတ္ေဖ်ာ္ေျဖသြားမည္ျဖစ္ၿပီး လာေရာက္ အားေပးမည့္ သူမ်ားအတြက္လည္း ထိုင္ခံုမ်ား စီစဥ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီမွာရိွတဲ့ တိုင္းရင္းသားေတြေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ဒီမွာ ျမန္မာသီခ်င္းတစ္ခုတည္း မဟုတ္ဘူး။ ကိုယ္ပိုင္ေရးထားတဲ့ သီခ်င္းေတြလည္း လာၿပီးေတာ့မွ ဆိုျပလို႔ရတယ္။ ပရိတ္သတ္ေရွ႕လာၿပီးေတာ့မွ ဆိုျပလို႔ရတယ္။ ၿပီးရင္ ရွမ္း၊ အာခါ၊ လားဟူရိွမယ္၊ အျခားအျခားေသာ တိုင္းရင္းသားေတြလည္း ကိုယ္ပိုင္သံစဥ္ေတြနဲ႔ လာၿပီးေတာ့မွ သီဆိုေဖ်ာ္ေျဖလို႔ရပါတယ္။ အဲဒါအတြက္လည္း ကၽြန္ေတာ္တို႔ ဖိတ္ေခၚပါတယ္”ဟု  Tachileik Talent Show  စီစဥ္သူအဖြဲ႔တြင္ ပါ၀င္သူ ဦးေက်ာ္စြာလင္း(ကိုႀကီး)က ေျပာသည္။

လက္ရိွအခ်ိန္တြင္ Tachileik Talent Show ကို ႏွစ္ပတ္တစ္ႀကိမ္ စေနေန႔  ညတိုင္း က်င္းပျပဳလုပ္ရန္ စီစဥ္ထားၿပီး အစီအစဥ္ ေအာင္ျမင္သြားပါက တစ္ပတ္တစ္ႀကိမ္ စေနေန႔တိုင္း ညတိုင္း ျပဳလုပ္သြားမည္ ျဖစ္ရာတြင္ ဂီတ၀ါသနာပါသည့္ မည္သူမဆို ပါ၀င္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ထားရာ Tachileik Talent Show  ၏ Facebook Page တြင္ ၀င္ေရာက္ ဆက္သြယ္ႏိုင္ေၾကာင္းႏွင့္Tachileik Talent Show  အား စေနေန႔ ညမ်ားတြင္ ည(၇)နာရီ မွ ည(၉)နာရီခြဲအထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သည္ နယ္စပ္ၿမိဳ႕တစ္ခုျဖစ္သျဖင့္ မူးယစ္ေဆးႏွင့္ ဂိမ္းေလာင္းကစား၀ိုင္းမ်ားမွာ လူငယ္မ်ား၏ လက္တကမ္းတြင္ ရိွေနၿပီး ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအတြက္ ေလ့က်င့္ေရးကြင္း တစ္ခု စီစဥ္ေပးထားျခင္း ျဖစ္ရာ လူငယ္မ်ား အသိုင္းအ၀န္းတြင္ လာေရာက္ အပန္းေျဖစရာေနရာတစ္ခုရိွလာၿပီး လမ္းမွား မေရာက္ရန္ အေထာက္အကူတစ္ခုျဖစ္လာမည္ဟု ပြဲစီစဥ္သူတို႔ ေမွ်ာ္လင့္ထားသည္။

“ဒီပြဲေလးအထေျမာက္သြားၿပီ၊ ျဖစ္လာၿပီဆိုရင္ ကၽြန္ေတာ္တို႔စဥ္းစားတာက Music ကို ၀ါသနာပါတဲ့ ညီငယ္ ညီမငယ္ေတြက ဒီမွာလာဆိုၾကမယ္။ သူတို႔ရဲ႕ အေပါင္းအသင္းေတြကလည္း ဒီကိုေရာက္လာၾကမယ္။ ဂိမ္းဆိုင္ေတြ၊ မူးယစ္ေဆးေတြ ကေန နည္းနည္း ကၽြန္ေတာ္တို႔ ဘက္မွာ အခ်ိန္ပိုရလာမယ္။ ပါ၀င္ရင္းနဲ႔ပဲ ျဖစ္ျဖစ္။ လာအားေပးရင္းနဲ႔ပဲ ျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ ဒီ Music ဘက္မွာ ပိုၿပီးေတာ့ အခ်ိန္ေပးလာၾကမွာေပါ့။ လူငယ္ေတြအတြက္ ဂိမ္းတို႔၊ မူးယစ္ေဆးတို႔ဆိုတာ လက္တကမ္းအကြာမွာ ရိွတာ။ Music က သူတို႔ လက္တကမ္းနားမွာ ရိွမေနဘူးလို႔ ကၽြန္ေတာ္တို႔ ခံစားရတယ္။ အဲဒီေတာ့ သူတို႔ရဲ႕ အနီးပတ္၀န္းက်င္မွာ Music ကိုရိွလာေအာင္လည္း ကၽြန္ေတာ္တို႔ ရည္ရြယ္ပါတယ္”ဟု အဆိုေတာ္ ကိုအိုက္ထြန္းက  ေျပာသည္။

  Tachileik Talent Show  ျပဳလုပ္သြားမည့္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း ေဘးရိွ  Johnny Fitness Center ရွိ  ကြင္းျပင္၌  ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ေန႔ ည(၇)နာရီတြင္ ဖြင့္ပြဲျဖင့္ စတင္ ျပဳလုပ္သြားမည္ ျဖစ္ၿပီး ၀ါသနာရွင္ လူငယ္မ်ားအေနျဖင့္ Tachileik Talent Show  ၏ Facebook စာမ်က္ႏွာမွ တဆင့္ သိရွိလိုသည္မ်ား ႏွင့္ သတ္မွတ္ခ်က္မ်ားအား ေမးျမန္းႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဂီတဝါသနာပါသည့် လူငယ်များ မိမိတို့ ဂီတစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်ရန် အတွက် ရည်ရွယ်လုပ်ဆောင်သည့် အပတ်စဉ် စနေနေ့ ညတိုင်း Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၆)ရက်နေ့တွင် ရှမ်းရိုးမကွင်း ဘေးရှိ Johnny Fitness Center ရှိ ကွင်းပြင်၌ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဂီတတို့ အနုပညာတို့ အားကစားတို့ဆိုတာ ကျွန်တော်တို့မြို့မှာ တကယ်ကို လိုအပ်နေတဲ့ ဥစ္စာပေါ့။ ကျွန်တော်တို့ မြို့တင် မဟုတ်ပါဘူး နေရာတိုင်းမှာ လိုအပ်နေတဲ့ အရာပေါ့။ လူငယ်တွေ လမ်းမှား မရောက်သွားအောင် ဂီတ အနုပညာ အားကစားဆိုတာ ရှိကို ရှိသင့်တဲ့အရာ သူတို့ရဲ့ လက်တစ်ကမ်းမှာပေါ့”ဟု Tachileik Talent Show စီစဉ်သူအဖွဲ့မှ အဆိုတော် ကိုအိုက်ထွန်းက ပြောသည်။

ပွဲစီစဉ်ကျင်းပရန် အတွက် အစိုးရပိုင်နေရာများတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အမြဲတမ်း ကျင်းပသွားနိုင်ရန် ရည်ရွယ်ထားသဖြင့် ပွဲကျင်းပခွင့်လျှောက်ထားရန်ကိစ္စ၊ လျှပ်စစ်မီးကိစ္စများရှိလာသဖြင့် လက်ရှိနေရာဖြစ်သည့် Johnny Fitness Center ရှိ ကွင်းပြင်တွင် စီစဉ်ထားရှိပြီး လျှပ်စစ်မီတာ နှင့် နေရာကိုများကို Johnny Fitness Center မှ စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

“အဆိုတော် ကိုအိုက်ထွန်းတို့က ကလေးတွေကို ဂီတနဲ့ ပတ်သက်ပြီး မြေတောင်မြှောက်ပေးချင်တယ်လို့ ပြောလာတဲ့အချိန်မှာ ကလေးတွေ မူးယစ်ဆေးဝါးဘက်မှာ စိတ်ဝင်စားမှုမရှိအောင် ဂိမ်းတို့ဘာတို့ လောင်းကစားဘက် မပါသွားအောင် သူတို့ဒီ ဂီတဘက်မှာ စိတ်ပါ ဝင်စားမယ်ဆိုရင် ကျွန်တော်က ကူညီပြီးတော့မှ ဒီနေရာလေးကို တီဝိုင်းလေး ဖြစ်လာအောင် ကျွန်တော်က ခွင့်ပြုလိုက်တာပါ”ဟု Tachileik Talent Show စီစဉ်သူအဖွဲ့တွင် ပါဝင်သူ Johnny Fitness Center ပိုင်ရှင် ဦးဂျော်နီက ပြောသည်။

ဂီတဝါသနာပါသည့် လူငယ်များအတွက် လေ့ကျင့်ရန် နေရာတစ်ခုအဖြစ် ဖန်တီးထားသဖြင့် ပတ်ဝန်းကျင် အနှောက်အယှက် မဖြစ်စေရန်လည်း အချိန်ကန့်သတ်ဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက် အားပေးမည့် သူများအတွက်လည်း ထိုင်ခုံများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“ဒီမှာရှိတဲ့ တိုင်းရင်းသားတွေပေါ့ဗျာ။ ကျွန်တော်တို့ဒီမှာ မြန်မာသီချင်းတစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ပိုင်ရေးထားတဲ့ သီချင်းတွေလည်း လာပြီးတော့မှ ဆိုပြလို့ရတယ်။ ပရိတ်သတ်ရှေ့လာပြီးတော့မှ ဆိုပြလို့ရတယ်။ ပြီးရင် ရှမ်း၊ အာခါ၊ လားဟူရှိမယ်၊ အခြားအခြားသော တိုင်းရင်းသားတွေလည်း ကိုယ်ပိုင်သံစဉ်တွေနဲ့ လာပြီးတော့မှ သီဆိုဖျော်ဖြေလို့ရပါတယ်။ အဲဒါအတွက်လည်း ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်”ဟု Tachileik Talent Show စီစဉ်သူအဖွဲ့တွင် ပါဝင်သူ ဦးကျော်စွာလင်း(ကိုကြီး)က ပြောသည်။

လက်ရှိအချိန်တွင် Tachileik Talent Show ကို နှစ်ပတ်တစ်ကြိမ် စနေနေ့ ညတိုင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အစီအစဉ် အောင်မြင်သွားပါက တစ်ပတ်တစ်ကြိမ် စနေနေ့တိုင်း ညတိုင်း ပြုလုပ်သွားမည် ဖြစ်ရာတွင် ဂီတဝါသနာပါသည့် မည်သူမဆို ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရာ Tachileik Talent Show၏ Facebook Page တွင် ဝင်ရောက် ဆက်သွယ်နိုင်ကြောင်းနှင့်Tachileik Talent Show အား စနေန့ ညများတွင် ည(၇)နာရီ မှ ည(၉)နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်ခုဖြစ်သဖြင့် မူးယစ်ဆေးနှင့် ဂိမ်းလောင်းကစားဝိုင်းများမှာ လူငယ်များ၏ လက်တကမ်းတွင် ရှိနပြေီး ဂီတဝါသနာပါသည့် လူငယ်များအတွက် လေ့ကျင့်ရေးကွင်း တစ်ခု စီစဉ်ပေးထားခြင်း ဖြစ်ရာ လူငယ်များ အသိုင်းအဝန်းတွင် လာရောက် အပန်းဖြေစရာနေရာတစ်ခုရှိလာပြီး လမ်းမှား မရောက်ရန် အထောက်အကူတစ်ခုဖြစ်လာမည်ဟု ပွဲစီစဉ်သူတို့ မျှော်လင့်ထားသည်။

“ဒီပွဲလေးအထမြောက်သွားပြီ၊ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့စဉ်းစားတာက Music ကို ဝါသနာပါတဲ့ ညီငယ် ညီမငယ်တွေက ဒီမှာလာဆိုကြမယ်။ သူတို့ရဲ့ အပေါင်းအသင်းတွေကလည်း ဒီကိုရောက်လာကြမယ်။ ဂိမ်းဆိုင်တွေ၊ မူးယစ်ဆေးတွေ ကနေ နည်းနည်း ကျွန်တော်တို့ ဘက်မှာ အချိန်ပိုရလာမယ်။ ပါဝင်ရင်းနဲ့ပဲ ဖြစ်ဖြစ်။ လာအားပေးရင်းနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒီ Music ဘက်မှာ ပိုပြီးတော့ အချိန်ပေးလာကြမှာပေါ့။ လူငယ်တွေအတွက် ဂိမ်းတို့၊ မူးယစ်ဆေးတို့ဆိုတာ လက်တကမ်းအကွာမှာ ရှိတာ။ Music က သူတို့ လက်တကမ်းနားမှာ ရှိမနေဘူးလို့ ကျွန်တော်တို့ ခံစားရတယ်။ အဲဒီတော့ သူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာ Music ကိုရှိလာအောင်လည်း ကျွန်တော်တို့ ရည်ရွယ်ပါတယ်”ဟု အဆိုတော် ကိုအိုက်ထွန်းက ပြောသည်။

 Tachileik Talent Show ပြုလုပ်သွားမည့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း ဘေးရှိ Johnny Fitness Center ရှိ ကွင်းပြင်၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၇)နာရီတွင် ဖွင့်ပွဲဖြင့် စတင် ပြုလုပ်သွားမည် ဖြစ်ပြီး ဝါသနာရှင် လူငယ်များအနဖြေင့် Tachileik Talent Show၏ Facebook စာမျက်နှာမှ တဆင့် သိရှိလိုသည်များ နှင့် သတ်မှတ်ချက်များအား မေးမြန်းနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~