ျပည္သူ႔စစ္မ်ား လက္နက္ကိုင္ၿပီး လူထုအားၿခိမ္းေျခာက္သည့္ပံုစံကို တပ္မေတာ္က လက္ခံမည္မဟုတ္ဟုဆို

ျပည္သူ႔စစ္မ်ား လက္နက္ကိုင္ၿပီး လူထုအားၿခိမ္းေျခာက္သည့္ပံုစံကို တပ္မေတာ္က လက္ခံမည္မဟုတ္ဟုဆို
မေ 10, 2019
By Tachileik News Agency

ဥပေဒႏွင့္မညီသည့္ ျပည္သူ႔စစ္အင္အားတိုးျခင္းမ်ားေတြ႔ေနရကာ လက္နက္ကိုင္ၿပီး ျပည္သူလူထုအား ၿခိမ္းေျခာက္သည့္ ပံုစံကို တပ္မေတာ္အေနျဖင့္ လက္ခံမည္မဟုတ္ေၾကာင္း အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဦးျမင့္စိုးက ေျပာၾကားလုိက္သည္။

“ကၽြန္ေတာ္တို႔ တပ္မေတာ္မွာ ျပည္သူ႔စစ္နဲ႔ နယ္ျခားေစာင့္တပ္ရံုးဆိုတာ ရိွပါတယ္။ ျပည္သူ႕စစ္အင္အား ကၽြန္ေတာ္တို႔ဆီမွာ စာရင္းရိွပါတယ္။ အၿမဲတမ္း၊ အရန္ဆိုၿပီးေတာ့။ လက္နက္ကိုင္ေဆာင္ခြင့္ရိွတာ အၿမဲတမ္း၊ အရန္ဆိုတာ လက္နက္ကိုင္ေဆာင္ခြင့္မရိွဘူး။ သို႔ေသာ္လည္းပဲ တခ်ိဳ႕ေနရာေတြမွာ ဥပေဒနဲ႔မညီဘဲ အသစ္ေတြ တိုးလာတယ္။ သူ႔နည္းသူ႔ဟန္နဲ႔ ဖြဲ႕တယ္။ တာခ်ီလိတ္ဆိုလို႔ရိွရင္ နယ္ေျမခံဗ်ဴဟာမွဴးရိွတယ္။ ဒီမွာရိွတဲ့ ျပည္သူ႔စစ္ေတြနဲ႔ပတ္သက္လို႔ သူတို႔ရဲ႕လိုအပ္ခ်က္ရိွရင္ လႊတ္ေတာ္ကိုယ္စားလွယ္က ေသာ္လည္းေကာင္း၊ အစိုးရကေသာ္ လည္းေကာင္း စစ္ဗ်ဴဟာကို အေၾကာင္းၾကားၿပီးေတာ့ ဒီလိုဒီလိုေတြျဖစ္ေနတယ္။ တပ္မေတာ္က တာဝန္ရိွတဲ့သူေတြက တိုင္းစစ္ဌာနခ်ဳပ္နဲ႔ညိႇမယ္။ လိုအပ္လို႔ရိွရင္ ျပည္သူ႔စစ္နဲ႔ နယ္ျခားေစာင့္ညႊန္ၾကားေရးမွဴးရံုးက ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ တစ္စိတ္တစ္ပိုင္းအားျဖင့္ ထိန္းခ်ဳပ္ေပးႏိုင္တဲ့အေနအထားရိွပါတယ္။ ေနရာတိုင္းမွာ လက္နက္ကိုင္ၿပီးေတာ့ ျပည္သူ႔စစ္ဆိုၿပီးေတာ့ ျပည္သူလူထုကိုၿခိမ္းေျခာက္ေနတဲ့ပံုစံမ်ိဳး ကၽြန္ေတာ္တို႔ တပ္မေတာ္ကလည္း လက္မခံပါဘူး”ဟု အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဦးျမင့္စိုးက တာခ်ီလိတ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ ျပည္သူလူထုအား တင္ျပမႈအတြင္း ေျပာၾကားသြားသည္။

နယ္စပ္ေဒသျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားရိွေနၿပီး လက္နက္ကိုင္ေဆာင္ခြင့္မရိွဘဲ လက္နက္သယ္ေဆာင္လာသည့္ ျပည္သူ႔စစ္မ်ားကို ရဲတပ္ဖြဲ႕က ပိတ္ဆို႔စစ္ေဆးမႈမ်ားတြင္ စစ္ေဆးေတြ႔ရိွရသျဖင့္ သက္ဆုိင္ရာ နယ္ေျမခံတပ္သို႔ ဆက္သြယ္အပ္ႏွံရျခင္းမ်ားလည္း ရိွခဲ့ဖူးသည္ကို ေတ႔ြရသည္။

“ရွမ္းျပည္နယ္မွာ ျပည္သူ႔စစ္အင္အားက ေတာ္ေတာ္ေလးတိုးပြားလာေနပါတယ္။ ထိန္းခ်ဳပ္တဲ့စနစ္ကလည္း ေလ်ာ့နည္းေနတယ္။ ျပည္သူ႔စစ္ကို ဘယ္လိုထိန္းေက်ာင္းလဲဆိုတဲ့ျပႆနာက ေတာ္ေတာ္ႀကီးထြားလာပါတယ္။ တရားဥပေဒစိုးမိုးေရး မတည္ေဆာက္ႏိုင္ခ်ိန္မွာ လက္နက္ကိုင္ေတြရဲ႕ လႊမ္းမိုးတဲ့ဒဏ္ကို ခံေနရတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေမလ (၉)ရက္ေန႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (Union Peace Dialogue Joint Committee -UPDJC) ႏုိင္ငံေရးပါတီမ်ားအစုအဖြဲ႕က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ လူထုအား အသိေပးရွင္းလင္းျခင္းႏွင့္ ေဒသအေျခစိုက္ ႏုိင္ငံေရးပါတီမ်ား၊ အရပ္ဖက္အဖြဲ႕မ်ားအား ရွင္းလင္းေဆြးေႏြးျခင္းမ်ားကို ၂၀၁၉ ခုႏွစ္ ေမလ (၈)ရက္ေန႔ႏွင့္ (၉)ရက္ေန႔မ်ားတြင္ လာေရာက္ျပဳလုပ္ျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဥပဒေနှင့်မညီသည့် ပြည်သူ့စစ်အင်အားတိုးခြင်းများတွေ့နေရကာ လက်နက်ကိုင်ပြီး ပြည်သူလူထုအား ခြိမ်းခြောက်သည့် ပုံစံကို တပ်မတော်အနဖြေင့် လက်ခံမည်မဟုတ်ကြောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ တပ်မတော်မှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ရုံးဆိုတာ ရှိပါတယ်။ ပြည်သူ့စစ်အင်အား ကျွန်တော်တို့ဆီမှာ စာရင်းရှိပါတယ်။ အမြဲတမ်း၊ အရန်ဆိုပြီးတော့။ လက်နက်ကိုင်ဆောင်ခွင့်ရှိတာ အမြဲတမ်း၊ အရန်ဆိုတာ လက်နက်ကိုင်ဆောင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ တချို့နေရာတွေမှာ ဥပဒေနဲ့မညီဘဲ အသစ်တွေ တိုးလာတယ်။ သူ့နည်းသူ့ဟန်နဲ့ ဖွဲ့တယ်။ တာချီလိတ်ဆိုလို့ရှိရင် နယ်မြေခံဗျူဟာမှူးရှိတယ်။ ဒီမှာရှိတဲ့ ပြည်သူ့စစ်တွေနဲ့ပတ်သက်လို့ သူတို့ရဲ့လိုအပ်ချက်ရှိရင် လွှတ်တော်ကိုယ်စားလှယ်က သော်လည်းကောင်း၊ အစိုးရကသော် လည်းကောင်း စစ်ဗျူဟာကို အကြောင်းကြားပြီးတော့ ဒီလိုဒီလိုတွဖြေစ်နေတယ်။ တပ်မတော်က တာဝန်ရှိတဲ့သူတွေက တိုင်းစစ်ဌာနချုပ်နဲ့ညှိမယ်။ လိုအပ်လို့ရှိရင် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်ညွှန်ကြားရေးမှူးရုံးက ပူးပေါင်းဆောင်ရွက်ပြီးတော့ တစ်စိတ်တစ်ပိုင်းအားဖြင့် ထိန်းချုပ်ပေးနိုင်တဲ့အနေအထားရှိပါတယ်။ နေရာတိုင်းမှာ လက်နက်ကိုင်ပြီးတော့ ပြည်သူ့စစ်ဆိုပြီးတော့ ပြည်သူလူထုကိုခြိမ်းခြောက်နေတဲ့ပုံစံမျိုး ကျွန်တော်တို့ တပ်မတော်ကလည်း လက်မခံပါဘူး”ဟု အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးက တာချီလိတ်မြို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအား တင်ပြမှုအတွင်း ပြောကြားသွားသည်။

နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့များရှိနပြေီး လက်နက်ကိုင်ဆောင်ခွင့်မရှိဘဲ လက်နက်သယ်ဆောင်လာသည့် ပြည်သူ့စစ်များကို ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများတွင် စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာ နယ်မြေခံတပ်သို့ ဆက်သွယ်အပ်နှံရခြင်းများလည်း ရှိခဲ့ဖူးသည်ကို တွေ့ရသည်။

“ရှမ်းပြည်နယ်မှာ ပြည်သူ့စစ်အင်အားက တော်တော်လေးတိုးပွားလာနေပါတယ်။ ထိန်းချုပ်တဲ့စနစ်ကလည်း လျော့နည်းနေတယ်။ ပြည်သူ့စစ်ကို ဘယ်လိုထိန်းကျောင်းလဲဆိုတဲ့ပြဿနာက တော်တော်ကြီးထွားလာပါတယ်။ တရားဥပဒေစိုးမိုးရေး မတည်ဆောက်နိုင်ချိန်မှာ လက်နက်ကိုင်တွေရဲ့ လွှမ်းမိုးတဲ့ဒဏ်ကို ခံနေရတယ်”ဟု တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က မေလ (၉)ရက်နေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee -UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လူထုအား အသိပေးရှင်းလင်းခြင်းနှင့် ဒေသအခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့များအား ရှင်းလင်းဆွေးနွေးခြင်းများကို ၂၀၁၉ ခုနှစ် မေလ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် လာရောက်ပြုလုပ်ခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net