တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၃၂)ဦးတွင် နယ်ကျော်သွားရောက်၍ ဖမ်းခံရသူအများအပြား ပါဝင်

တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၃၂)ဦးတွင် နယ်ကျော်သွားရောက်၍ ဖမ်းခံရသူအများအပြား ပါဝင်
မေ 15, 2019
By Tachileik News Agency




၎င်းတို့အား မယ်ဆိုင် လ၀က နှင့် အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း နှင့် CNCMC ကော်မတီက သောက်ရေသန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး အရေးယူမှုပြီးသွား၍ တာချီလိတ်သို့ ပြန်လည်၍ လွှဲပြောင်းပေးလာမှုများရှိရာ ၂၀၁၉ခုနှစ် မေလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက (၃၂)ဦး လွှဲပြောင်းပေးလာရာတွင် ကန့်သတ်နယ်မြေကျော်သွားခြင်းကြောင့် ဖမ်းဆီးခံရသူ အများအပြား ပါဝင်ကြောင်း သိရသည်။

လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများတွင် (၃၂)ဦးတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၁)ဦး၊ မယ်ဆိုင်မြို့ကို ကျော်လွန်ကာ ကန့်သတ်နယ်မြေကျော်ကာ သွားရောက်မှုကြောင့် ဖမ်းဆီးခံရသူ (၂၃)ဦး နှင့် ရက်ကျော်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူ (၈)ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ (၃၂)ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး(၉)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၃၂)ဦးတို့ ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား မယ်ဆိုင် လဝက နှင့် အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း နှင့် CNCMC ကော်မတီက သောက်ရေသန့်များ ပေးေဝခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net