တာခ်ီလိတ္ခရို္င္တြင္း စိုက္ခင္းမ်ားတြင္ ဖ်က္အားျပင္း ငေျမႇာင္ေတာင္ပိုးက်ေနၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အမ်ားဆံုးေတြ႔ရိွ

တာခ်ီလိတ္ခရို္င္တြင္း စိုက္ခင္းမ်ားတြင္ ဖ်က္အားျပင္း ငေျမႇာင္ေတာင္ပိုးက်ေနၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အမ်ားဆံုးေတြ႔ရိွ
ဇွန် 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း စိုက္ခင္းမ်ားတြင္ ဖ်က္အားျပင္းငေျမႇာင္ေတာင္က်ေရာက္ေနၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အမ်ားဆံုးက်ေရာက္ေနေၾကာင္း ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ သိရသည္။

“အခုက ၿမိဳ႕နယ္တုိင္းလုိလိုမွာကို က်ေနပါတယ္။ အနည္းနဲ႔အမ်ားပဲ ကြာတာပါ။ တာခ်ီလိတ္ၿမိဳ႕နယ္ကေတာ့ အဆိုးဆံုးလုိ႔ ေျပာရမယ္။ ငေျမႇာင္ေတာင္ပိုးက်တယ္ဆုိရင္ ဌာနကနည္းပညာေပးၿပီး လိုအပ္တဲ့ အကူအညီမ်ားေဆာင္ရြက္ေပးေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႈး ဦးလွဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္းေတာင္သူပညာေပးႏွင့္ ပိုးက်သည့္စိုက္ခင္းမ်ားသို႔ ကြင္းဆင္းႏွိမ္ႏွင္းျခင္းမ်ားကို ေဆာင္ရြက္ေပးထားၿပီး ငေျမႇာင္ေတာင္ပိုးက်သည္ဟု သံသယရိွပါက နီးစပ္ရာစိုက္ပ်ိဳးေရးဦးစီးဌာနသို႔ အျမန္ဆံုးဆက္သြယ္အေၾကာင္းၾကားရန္ တုိက္တြန္းထားရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဝမ္မံုေက်းရြာတြင္ ဖ်က္အားျပင္းငေျမႇာင္ေတာင္ပိုးက်ေနေၾကာင္း ဆက္သြယ္အေၾကာင္းၾကားသျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁) ရက္ေန႔ ညေနပိုင္းတြင္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ ကၽြမ္းက်င္ဝန္ထမ္းမ်ားျဖင့္ သြားေရာက္ႏွိမ္ႏွင္းေပးထားေၾကာင္း သိရသည္။

"ဒီပိုးက အခါတိုင္းက်တဲ့ငေျမႇာင္ေတာင္နဲ႔မတူဘူး။ သူကဖ်က္စီးမႈႏႈန္းျမႇင့္တယ္။ အသိပညာေပးမႈေတြက ေက်းရြာေတြအလိုက္ သႀကၤန္မတိုင္ခင္ကတည္းကေဆာင္ရြက္ထားတာ။ ဒါေၾကာင့္ ရြာေတြက က်ေနၿပီ။ ဒီပိုးနဲ႔တူတယ္ဆိုၿပီး လွမ္းသတင္းပို႔ၾကတာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္က်ေရာက္မႈအား ခရိုင္ပိုးမႊားတာဝန္ခံ၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ဝန္ထမ္းမ်ားက သြားေရာက္ႏွိမ္ႏွင္းေပးရာတြင္ ပိုးက်ေရာက္မႈအေျခအေနႏွင့္ပတ္သက္၍ ကြင္းဆင္းေလ့လာသည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားက ေတာင္သူမ်ားႏွင့္အတူ စိုက္ခင္းတြင္းမွ ငေျမႇာင္ေတာင္ပိုး ဖယ္ရွားျခင္းအား ဝိုင္းဝန္းကူညီေပးၾကသည္ကို ေတြ႔ရသည္။

ငေျမႇာင္ေတာင္ပိုးဖလံမ်ားသည္  တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ၿပီး ဖလံအမတစ္ေကာင္သည္ (၁) ႀကိမ္လွ်င္ ဥေပါင္း (၁၅၀)မွ (၂၀၀) ေက်ာ္အထိ ဥခ်ႏုိင္ၿပီး အေစာဆံုး (၂)ရက္မွ (၃)ရက္အတြင္း အေကာင္ေပါက္ကာ စိုက္ခင္းအား စတင္ဖ်က္ဆီးၿပီး ေလာက္ေကာင္ျဖစ္လာပါက ႏွိမ္ႏွင္းရခက္ခဲေၾကာင္း သိရသည္။

ငေျမႇာင္ေတာင္ပိုး က်ေရာက္သည့္လကၡဏာမ်ားကို လက္ကမ္းစာေစာင္မ်ား၊ ဗီႏိုင္းမ်ားျဖင့္ ေက်းရြာမ်ားတြင္ ျဖန္႔ေဝေပးထားၿပီး စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုးက်သည္ဟု သံသယရိွသည္ႏွင့္ စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ဆက္သြယ္အကူအညီေတာင္းပါက လာေရာက္ႏွိမ္ႏွင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရို်င်တွင်း စိုက်ခင်းများတွင် ဖျက်အားပြင်း ငမြှောင်တောင်ပိုးကျနေပြီး တာချီလိတ်မြို့နယ်တွင် အများဆုံးတွေ့ရှိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း စိုက်ခင်းများတွင် ဖျက်အားပြင်းငမြှောင်တောင်ကျရောက်နေပြီး တာချီလိတ်မြို့နယ်တွင် အများဆုံးကျရောက်နေကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“အခုက မြို့နယ်တိုင်းလိုလိုမှာကို ကျနေပါတယ်။ အနည်းနဲ့အများပဲ ကွာတာပါ။ တာချီလိတ်မြို့နယ်ကတော့ အဆိုးဆုံးလို့ ပြောရမယ်။ ငမြှောင်တောင်ပိုးကျတယ်ဆိုရင် ဌာနကနည်းပညာပေးပြီး လိုအပ်တဲ့ အကူအညီများဆောင်ရွက်ပေးနေပါတယ်”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်းတောင်သူပညာပေးနှင့် ပိုးကျသည့်စိုက်ခင်းများသို့ ကွင်းဆင်းနှိမ်နှင်းခြင်းများကို ဆောင်ရွက်ပေးထားပြီး ငမြှောင်တောင်ပိုးကျသည်ဟု သံသယရှိပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းထားရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်မုံကျေးရွာတွင် ဖျက်အားပြင်းငမြှောင်တောင်ပိုးကျနေကြောင်း ဆက်သွယ်အကြောင်းကြားသဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ကျွမ်းကျင်ဝန်ထမ်းများဖြင့် သွားရောက်နှိမ်နှင်းပေးထားကြောင်း သိရသည်။

"ဒီပိုးက အခါတိုင်းကျတဲ့ငမြှောင်တောင်နဲ့မတူဘူး။ သူကဖျက်စီးမှုနှုန်းမြှင့်တယ်။ အသိပညာပေးမှုတွေက ကျေးရွာတွေအလိုက် သင်္ကြန်မတိုင်ခင်ကတည်းကဆောင်ရွက်ထားတာ။ ဒါကြောင့် ရွာတွေက ကျနေပြီ။ ဒီပိုးနဲ့တူတယ်ဆိုပြီး လှမ်းသတင်းပို့ကြတာ"ဟု တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသတွင်း စိုက်ခင်းများတွင် ငမြှောင်တောင်ကျရောက်မှုအား ခရိုင်ပိုးမွှားတာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်နှိမ်နှင်းပေးရာတွင် ပိုးကျရောက်မှုအခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက တောင်သူများနှင့်အတူ စိုက်ခင်းတွင်းမှ ငမြှောင်တောင်ပိုး ဖယ်ရှားခြင်းအား ဝိုင်းဝန်းကူညီပေးကြသည်ကို တွေ့ရသည်။

ငမြှောင်တောင်ပိုးဖလံများသည်  တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်သည် (၁) ကြိမ်လျှင် ဥပေါင်း (၁၅၀)မှ (၂၀၀) ကျော်အထိ ဥချနိုင်ပြီး အစောဆုံး (၂)ရက်မှ (၃)ရက်အတွင်း အကောင်ပေါက်ကာ စိုက်ခင်းအား စတင်ဖျက်ဆီးပြီး လောက်ကောင်ဖြစ်လာပါက နှိမ်နှင်းရခက်ခဲကြောင်း သိရသည်။

ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများကို လက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြင့် ကျေးရွာများတွင် ဖြန့်ဝေပေးထားပြီး စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျသည်ဟု သံသယရှိသည်နှင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းပါက လာရောက်နှိမ်နှင်းပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net