ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္တြင္းရွိ သစ္ထုတ္လုပ္ငန္းခြင္တြင္ ကခ်င္ျပည္နယ္မွ သစ္ဆြဲဆင္ကို ခြင့္ျပဳခ်က္မရိွဘဲ သယ္လာသျဖင့္ အေရးယူထား

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္တြင္းရွိ သစ္ထုတ္လုပ္ငန္းခြင္တြင္ ကခ်င္ျပည္နယ္မွ သစ္ဆြဲဆင္ကို ခြင့္ျပဳခ်က္မရိွဘဲ သယ္လာသျဖင့္ အေရးယူထား
မေ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မုိင္းတံုၿမိဳ႕နယ္၊ လြယ္ပြတ္ေက်းရြာရိွ တင္ျမင့္ရီကုမၸဏီတြင္ သစ္ဆြဲေနသည့္ ေနာ္ဂ်ာဆိုသည့္ဆင္အား ခြင့္ျပဳခ်က္မယူဘဲ ကခ်င္ျပည္နယ္မွ သယ္ေဆာင္လာေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ ဆင္ပိုင္ရွင္အား သစ္ေတာဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕နယ္သစ္ေတာဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ ေန႔လယ္(၁၁)နာရီအခ်ိန္က မိုင္းတံုၿမိဳ႕နယ္၊ လြယ္ပြတ္ေက်းရြာရိွ တင္ျမင့္ရီကုမၸဏီလုပ္ငန္းတြင္ ႏုိင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္ျဖင့္ ထုတ္လုပ္ေနသည့္ သစ္မ်ားကို အငွားဆြဲရန္ ၂၀၁၂ ခုႏွစ္ကတည္းကေရာက္ေနသည့္ သစ္ဆြဲဆင္မ်ား လိုင္စင္သက္တမ္းတိုးျခင္း ရိွ၊မရိွကို လိုက္လံစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသုိ႔ စစ္ေဆးရာတြင္ ဦးေစာေနရူးပိုင္သည့္ဆင္ ေနာ္ဂ်ာအား ဆင္မွတ္ပံုတင္သက္တမ္းတိုးထားျခင္း မရိွသည့္အျပင္ အဆိုပါဆင္အား ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္မွ မုိင္းတံုၿမိဳ႕နယ္သို႔ သယ္ေဆာင္ရာတြင္လည္း ကခ်င္ျပည္နယ္မွခြင့္ျပဳခ်က္ေမ်ာစာမပါဘဲ သယ္လာသည္ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေတြ႔ရိွခ်က္အရ ဆင္ပိုင္ရွင္ေစာေနရူးအား ၂၀၁၉ ခုႏွစ္၊ ေမလ (၁၅)ရက္ေန႔၌ မုိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၈/၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ ၃၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ လွယ်ပွတ်ကျေးရွာရှိ တင်မြင့်ရီကုမ္ပဏီတွင် သစ်ဆွဲနေသည့် နော်ဂျာဆိုသည့်ဆင်အား ခွင့်ပြုချက်မယူဘဲ ကချင်ပြည်နယ်မှ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆင်ပိုင်ရှင်အား သစ်တောဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်က မိုင်းတုံမြို့နယ်၊ လွယ်ပွတ်ကျေးရွာရှိ တင်မြင့်ရီကုမ္ပဏီလုပ်ငန်းတွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေသည့် သစ်များကို အငှါးဆွဲရန် ၂၀၁၂ ခုနှစ်ကတည်းကရောက်နေသည့် သစ်ဆွဲဆင်များ လိုင်စင်သက်တမ်းတိုးခြင်း ရှိ၊မရှိကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ဦးစောနေရူးပိုင်သည့်ဆင် နော်ဂျာအား ဆင်မှတ်ပုံတင်သက်တမ်းတိုးထားခြင်း မရှိသည့်အပြင် အဆိုပါဆင်အား ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ မိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရာတွင်လည်း ကချင်ပြည်နယ်မှခွင့်ပြုချက်မျောစာမပါဘဲ သယ်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ဆင်ပိုင်ရှင်စောနေရူးအား ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့၌ မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၃၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net