မြန်မာ - ထိုင်း နှစ်နိုင်ငံပိုင်ဆိုင်သည့် မယ်ဆိုင်ချောင်းအတွင်း ချောင်းမတိမ်ကောရေးအတွက် စက်ယန္တယားများဖြင့် စတင်ဆောင်ရွက်
မြန်မာ - ထိုင်း နှစ်နိုင်ငံပိုင်ဆိုင်သည့် မယ်ဆိုင်ချောင်းအတွင်း ချောင်းမတိမ်ကောရေးအတွက် စက်ယန္တယားများဖြင့် စတင်ဆောင်ရွက်
မေ 29, 2019
By Tachileik News Agency
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော အပါအ၀င် ဌာနဆိုင်ရာများမှ မယ်ဆိုင်ချောင်းသို့ (၂) ကြိမ်တိုင်တိုင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ရေသွယ်မြောင်းများ တူးဖော်ထားသဖြင့် ချောင်းအတွင်းရေစီးဝင်မှု မရှိတော့ဘဲ ချောင်းတိမ်ကောနေပြီး အမှိုက်များစုပုံနေသည်ကို တွေ့ရှိခဲ့ရသဖြင့် (၃) ကြိမ်တိုင်တိုင် စုပေါင်းအမှိုက်ကောက်ခဲ့ပြီးနောက် ချောင်းတွင်းရေစီးရေလာပြန်လည်ကောင်းမွန်လာစေရန်အတွက် မယ်ဆိုင်မြို့ဘက်မှ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးကာ ကွင်းဆင်းဆောင်ရွက်ပြီးနောက် ချောင်းတွင်းရေလမ်းကြောင်း ပြန်လည်တူးဖော်ရေး စီစဉ်ခဲ့ခြင်းဖြစ်သည်။
မယ်ဆိုင်ချောင်း၏ မြန်မာဘက်ခြမ်းတွင် တိမ်ကောနေမှုများရှိနေသဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများဖြင့် ၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့က ရွှေနန်းတော်ကုန်တိုက်တွင် အလွတ်သဘောတွေ့ဆုံကာ နှစ်နိုင်ငံရေမျှဝေသုံးစွဲရေးဆွေးနွေးခဲ့ပြီး မယ်ဆိုင်ချောင်းတစ်လျှောက်လိုက်လံစစ်ဆေးခဲ့ပြီးနောက် မယ်ဆိုင်ချောင်းရေလမ်းကြောင်း ပြန်လည်တူးဖော်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း (၂) နိုင်ငံပိုင်ဆိုင်သည့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းကို ရေစီးရေလာကောင်းမွန်စေရေးအတွက် မြန်မာဘက်ခြမ်းမှ ၂၀၁၉ ခုနှစ် မေလ(၂၈) ရက်နေ့ ညနေပိုင်းက ယန္တယားများဖြင့် တူးဖော်မှုလုပ်ငန်းများ စတင်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော အပါအဝင် ဌာနဆိုင်ရာများမှ မယ်ဆိုင်ချောင်းသို့ (၂) ကြိမ်တိုင်တိုင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ရေသွယ်မြောင်းများ တူးဖော်ထားသဖြင့် ချောင်းအတွင်းရေစီးဝင်မှု မရှိတော့ဘဲ ချောင်းတိမ်ကောနပြေီး အမှိုက်များစုပုံနေသည်ကို တွေ့ရှိခဲ့ရသဖြင့် (၃) ကြိမ်တိုင်တိုင် စုပေါင်းအမှိုက်ကောက်ခဲ့ပြီးနောက် ချောင်းတွင်းရေစီးရေလာပြန်လည်ကောင်းမွန်လာစေရန်အတွက် မယ်ဆိုင်မြို့ဘက်မှ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးကာ ကွင်းဆင်းဆောင်ရွက်ပြီးနောက် ချောင်းတွင်းရေလမ်းကြောင်း ပြန်လည်တူးဖော်ရေး စီစဉ်ခဲ့ခြင်းဖြစ်သည်။
"ဂရင်းဆိပ်ကနပြေီးတော့ ချောင်းတစ်လျှောက်တက်သွားပြီး ချောင်းကောတဲ့ဟာတွေ ပြန်ကုတ်မယ်ပေါ့။ သဲဆိပ်ထိပေါ့။ သဲဆိပ်ဆိုတာက ဆန်ဆိုင်း (ခ) ရပ်ကွက်အထိပေါ့။ လုပ်ငန်းကြာချိန်က (၃) ရက်လောက်ခန့်မှန်းထားပါတယ်။ မိုးကလည်းရွာနေတော့ အချို့နေရာလေးတွေမှာဆိုရင် တောင်ကျရေလေးတွေရှိနေတော့ လုပ်ရတာ နည်းနည်းအခက်အခဲရှိတာပေါ့။ ဒါပေမဲ့ (၃) ရက်လောက်နဲ့ အပြီးဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်ခင်ဗျ။ နှစ်နိုင်ငံချောင်းဖြစ်တဲ့အတွက် ဟိုဘက်က မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သက်ဆိုင်ရာဆည်မြောင်းဌာနတို့ကို ဖိတ်ကြားပြီးတော့ နှစ်ဦးနှစ်ဖက် ကြည့်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ဆိုင်ချောင်း၏ မြန်မာဘက်ခြမ်းတွင် တိမ်ကောနေမှုများရှိနေသဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများဖြင့် ၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့က ရွှေနန်းတော်ကုန်တိုက်တွင် အလွတ်သဘောတွေ့ဆုံကာ နှစ်နိုင်ငံရေမျှေဝသုံးစွဲရေးဆွေးနွေးခဲ့ပြီး မယ်ဆိုင်ချောင်းတစ်လျှောက်လိုက်လံစစ်ဆေးခဲ့ပြီးနောက် မယ်ဆိုင်ချောင်းရေလမ်းကြောင်း ပြန်လည်တူးဖော်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net