တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း ထိုင္းဘက္က ေျမထိန္းနံရံႏွင့္ ေရလႊဲေျမာင္း ျပဳလုပ္ေနေၾကာင္း သတင္းရ၍ ျမန္မာဘက္က သြားေရာက္ စစ္ေဆး

တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း ထိုင္းဘက္က ေျမထိန္းနံရံႏွင့္ ေရလႊဲေျမာင္း ျပဳလုပ္ေနေၾကာင္း သတင္းရ၍ ျမန္မာဘက္က သြားေရာက္ စစ္ေဆး
မေ 9, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း  မယ္ဆိုင္ဘက္ျခမ္းမွ အိမ္ပိုင္ရွင္မ်ားက ေျမထိန္းနံရံမ်ားေဆာက္လုပ္ေနေၾကာင္း သတင္းရရိွသျဖင့္ တာခ်ီလိတ္ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးရာတြင္ ေျမထိန္းနံရံတည္ေဆာက္ေနမႈသာမက မယ္ဆိုင္ေခ်ာင္းအတြင္းမွ ေရသြယ္ေျမာင္း (၂) ခုေဖာက္လုပ္ကာ ေရရယူထားေၾကာင္း စစ္ေဆးေတြ႕ရိွခဲ့ရသျဖင့္ ကန္႔ကြက္ရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

"ျမန္မာဘက္နဲ႔ ထိုင္းဘက္နဲ႔ မီးႀကိဳးသြယ္တန္းထားတဲ့ေနရာေအာက္၊ 1G1 ေနာက္ေက်ာဘက္ေပါ့။ ဟိုဘက္က အေဆာက္အဦးပိုင္ရွင္ေတြက ဘာလုပ္ေနလဲဆိုေတာ့ ေျမထိန္းနံရံေတြ လုပ္ေနတာေပါ့။ ေျမထိန္းနံရံေတြက ေရတိုက္စားေတာ့ ေက်ာက္သားေတြကို ေရစုပ္စက္နဲ႔ထုတ္ၿပီးေတာ့ ျပန္ၿပီးျပဳျပင္ေနတာေပါ့။ မူလ ေနရာေတြကို လုပ္တာျပသနာမရိွပါဘူး။ တစ္ခ်ိဳ႕ေနရာေတြက ကၽြန္ေတာ္တို႔ဘက္ကို (၂) ေပ၊ (၃) ေပေလာက္ ေက်ာက္တံုးေက်ာက္ခဲေတြက စြန္းထြက္လာတယ္။ ဒီဘက္မွာလည္း ေျမာင္း (၂) ခုေတြ႕တာေပါ့။ ဒါေတြကိုလည္း ကန္႔ကြက္ခဲ့ဖူးတာေပါ့။ ေျမာင္းေတြတူးလိုက္ေတာ့ မယ္ဆိုင္ေခ်ာင္းထဲကို မူလအတိုင္းသြားရမယ့္ ေရေတြက မသြားေတာ့ဘူးေပါ့။ ေရမရိွေတာ့တဲ့ အတြက္ ေခ်ာင္းေတြကေကာလာတာေပါ့။ အဲဒါေတြကို ကၽြန္ေတာ္တို႔က အဆင့္ဆင့္ တင္ျပသြားဖို႔ စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၂၀၁၉ ခုႏွစ္ ေမလ (၉) ရက္ေန႔ ညေန (၅) နာရီခြဲအခ်ိန္တြင္ တာခ်ီလိတ္ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္သက္ဆိုင္ရာတာ၀န္ရိွသူမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး မွတ္တမ္းဓာတ္ပံုမ်ားျဖင့္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ နယ္ျခားေကာ္မတီ(TBC) တို႔မွတဆင့္ ကန္႔ကြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆို္င္ေခ်ာင္းအတြင္း ယခုလို ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားေလ့ရွိသည့္အတြက္ ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ ႏွင့္ ေတြ႔ဆံုေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ရေလ့ရွိေၾကာင္း သိရွိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း မယ်ဆိုင်ဘက်ခြမ်းမှ အိမ်ပိုင်ရှင်များက မြေထိန်းနံရံများဆောက်လုပ်နေကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာတွင် မြေထိန်းနံရံတည်ဆောက်နေမှုသာမက မယ်ဆိုင်ချောင်းအတွင်းမှ ရေသွယ်မြောင်း (၂) ခုဖောက်လုပ်ကာ ရေရယူထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ကန့်ကွက်ရန်ပြင်ဆင်နေကြောင်း သိရသည်။

"မြန်မာဘက်နဲ့ ထိုင်းဘက်နဲ့ မီးကြိုးသွယ်တန်းထားတဲ့နေရာအောက်၊ 1G1 နောက်ကျောဘက်ပေါ့။ ဟိုဘက်က အဆောက်အဦးပိုင်ရှင်တွေက ဘာလုပ်နေလဲဆိုတော့ မြေထိန်းနံရံတွေ လုပ်နေတာပေါ့။ မြေထိန်းနံရံတွေက ရေတိုက်စားတော့ ကျောက်သားတွေကို ရေစုပ်စက်နဲ့ထုတ်ပြီးတော့ ပြန်ပြီးပြုပြင်နေတာပေါ့။ မူလ နေရာတွေကို လုပ်တာပြသနာမရှိပါဘူး။ တစ်ချို့နေရာတွေက ကျွန်တော်တို့ဘက်ကို (၂) ပေ၊ (၃) ပေလောက် ကျောက်တုံးကျောက်ခဲတွေက စွန်းထွက်လာတယ်။ ဒီဘက်မှာလည်း မြောင်း (၂) ခုတွေ့တာပေါ့။ ဒါတွေကိုလည်း ကန့်ကွက်ခဲ့ဖူးတာပေါ့။ မြောင်းတွေတူးလိုက်တော့ မယ်ဆိုင်ချောင်းထဲကို မူလအတိုင်းသွားရမယ့် ရေတွေက မသွားတော့ဘူးပေါ့။ ရေမရှိတော့တဲ့ အတွက် ချောင်းတွေကကောလာတာပေါ့။ အဲဒါတွေကို ကျွန်တော်တို့က အဆင့်ဆင့် တင်ပြသွားဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၁၉ ခုနှစ် မေလ (၉) ရက်နေ့ ညနေ (၅) နာရီခွဲအချိန်တွင် တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းဓာတ်ပုံများဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် နယ်ခြားကော်မတီ(TBC) တို့မှတဆင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆို်င်ချောင်းအတွင်း ယခုလို ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် မြို့နယ်အဆင့် နယ်ခြားကော်မတီ နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရလေ့ရှိကြောင်း သိရှိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း                                                                                                                                                                             

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net