တာချီလိတ်မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးနှင့် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးအား မူလနေရာမှ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထား

တာချီလိတ်မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးနှင့် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးအား မူလနေရာမှ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထား
မေ 15, 2019
By Tachileik News Agency



Tachileik News Agency
ဓါတ်ပုံ - NMT


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးနှင့် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးအား မူလဖွင့်လှစ်ထားသည့် ဒီပါကျော်ဈေးအပေါ်ထပ် နေရာမှ တာချီလိတ်မြို့ရှိ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ၂၀၁၉ခုနှစ် မေလ(၁၃)ရက်နေ့က စ၍ ပြောင်းရွှေ့ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ နန်းနန်းဘွန်းကျောက်ရွှေဆိုင်လမ်းဖြစ်သည့် ခေတ္တာလမ်းအတွင်းသို့ တာချီလိတ်မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးနှင့် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးအား ပြောင်းရွှေ့ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် ရုံးလုပ်ငန်းများနှင့် ပတ်သက်၍ ဖော်ပြပါ လိပ်စာအတိုင်း လာရောက်၍ ဖြစ်စေ၊ ဖုန်း 08451954 နှင့် 09420723544 တို့ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - NMT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net