ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအားလုံး Civil Disobedience Campaign တွင် ပါဝင်လာ

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအားလုံး Civil Disobedience Campaign တွင် ပါဝင်လာ
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံသည့် ကျိုင်းတုံဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းအားလုံး Civil Disobedience Campaign တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစ၍ ပူးပေါင်းပါဝင်လာသည်။

ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန၊ အရိုး၊ အကြော ကိုယ်ကာယပြန်လည်သန်စွမ်းရးနှင့် ခြေတုလက်တုဌာန၊ ဆေးလူမှုဆက်ဆံရေးဌာန၊ ဆေးဝါးဌာနနှင့် ဧည့်ကြိုဌာနများမှ ဝန်ထမ်းများက စစ်အာဏာရှင်လက်အောက်တွင် အလုပ်လုပ်ကိုင်လိုခြင်းမရှိသဖြင့် Civil Disobedience Campaign ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ပြည်သူရွေးကောက်ထားသည့် ပြည်သူ့ခေါင်းဆောင်များနှင့် လွှတ်တော်ခေါ်ယူခြင်း အမြန်ဆုံးပြုလုပ်ရန်တောင်းဆိုထားသည့်အပြင် Civil Disobedience Campaign ကိုလည်း လေးလေးနက်နက် ထောက်ခံပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency