တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ ကားဝင္တုိက္ခံထားရသည့္ မီးတုိင္လဲလွယ္ေန၍ ေန႔လယ္ (၁၂)နာရီဝန္းက်င္မွ လွ်ပ္စစ္မီးျပန္လည္ရရိွႏိုင္မည္

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ ကားဝင္တုိက္ခံထားရသည့္ မီးတုိင္လဲလွယ္ေန၍ ေန႔လယ္ (၁၂)နာရီဝန္းက်င္မွ လွ်ပ္စစ္မီးျပန္လည္ရရိွႏိုင္မည္
မေ 28, 2019
By 🌸
တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္းတြင္ ေမလ (၂၇)ရက္ေန႔ညပိုင္းက လွ်ပ္စစ္မီးတုိင္ကို ေမာ္ေတာ္ယာဥ္တစ္စီးက ဝင္တုိက္မိထားသျဖင့္ ေမလ (၂၈)ရက္ေန႔ နံနက္(၆)နာရီမွစ၍ လွ်ပ္စစ္မီးျဖတ္ေတာက္ၿပီး မီးတုိင္အစားထိုးလဲလွယ္ေနရေၾကာင္း သိရသည္။

လွ်ပ္စစ္မီးျဖတ္ေတာက္ထားသည့္ ဝမ္ေကာင္းရပ္ကြက္၊ ဘုရင့္ေနာင္ေစ်းတဝိုက္တြင္ လွ်ပ္စစ္မီးအျမန္ဆံုး ျပန္လည္ေပးနိုင္ရန္ ေဆာင္ရြက္ေနၿပီး ေန႔လယ္ (၁၂)နာရီဝန္းက်င္တြင္ လွ်ပ္စစ္မီးျပန္လည္ရရိွႏုိင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္းတြင္လည္း နံနက္ (၉)နာရီခြဲဝန္းက်င္မွစ၍ လွ်ပ္စစ္မီးရုတ္တရက္ျပတ္ေတာက္သြားၿပီး နံနက္(၁၀)နာရီခြဲဝန္းက်င္တြင္ လွ်ပ္စစ္မီးျပန္လည္ရရိွခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် ကားဝင်တိုက်ခံထားရသည့် မီးတိုင်လဲလှယ်နေ၍ နေ့လယ် (၁၂)နာရီဝန်းကျင်မှ လျှပ်စစ်မီးပြန်လည်ရရှိနိုင်မည်
***************
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းတွင် မေလ (၂၇)ရက်နေ့ညပိုင်းက လျှပ်စစ်မီးတိုင်ကို မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိထားသဖြင့် မေလ (၂၈)ရက်နေ့ နံနက်(၆)နာရီမှစ၍ လျှပ်စစ်မီးဖြတ်တောက်ပြီး မီးတိုင်အစားထိုးလဲလှယ်နေရကြောင်း သိရသည်။

လျှပ်စစ်မီးဖြတ်တောက်ထားသည့် ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်စျေးတဝိုက်တွင် လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ပေးနိုင်ရန် ဆောင်ရွက်နေပြီး နေ့လယ် (၁၂)နာရီဝန်းကျင်တွင် လျှပ်စစ်မီးပြန်လည်ရရှိနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းပိုင်းတွင်လည်း နံနက် (၉)နာရီခွဲဝန်းကျင်မှစ၍ လျှပ်စစ်မီးရုတ်တရက်ပြတ်တောက်သွားပြီး နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net