တာချီလိတ် - မယ်ဆိုင် TBC အစည်းအဝေး မတ်လအတွင်း ကျင်းပရန် စီစဉ်ထားရာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထား

တာချီလိတ် - မယ်ဆိုင် TBC အစည်းအဝေး မတ်လအတွင်း ကျင်းပရန် စီစဉ်ထားရာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထား
မတ် 15, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် TBC အစည်းအဝေး မတ်လအတွင်း ကျင်းပရန် စီစဉ်ထားရာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထား

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ကိစ္စများ ပုံမှန်ဆွေးနွေးနေသည့်  မြို့နယ်အဆင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ(တာချီလိတ် - မယ်ဆိုင်)၏ (၉၇)ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ အခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။

"အခုဖြစ်နေတဲ့ ရောဂါကြောင့် TBC အစည်းအဝေးကို ရက်ရွှေ့ဆိုင်းဖို့ ထိုင်းဘက်က အကြောင်းကြား လာတယ်။ အစည်းအဝေးလုပ်မယ့်ရက်ကို ပြန်ညှိနှိုင်းသွားမှာပါ။ ဒီမတ်လအတွင်းတော့ မလုပ်ဖြစ်တော့ဘူး"ဟု စစ်ဗျူဟာအခြေချ (တာချီလိတ်) မှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၅)ရက်နေ့တွင် ပြောသည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC) အစည်းအဝေးကို တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့များတွင် (၃)လတစ်ကြိမ် အလှည့်ကျ ကျင်းပလေ့ရှိပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ နှစ်နိုင်ငံ တရားခံပြေးများ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး၊ သဘာဝဘေးစသည့်ကိစ္စအပါအဝင် နှစ်နိုင်ငံကြားကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မတ်လ (၁၅)ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁၁၄) ဦးရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ တွေ့ရှိခြင်းမရှိသေးကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~