သားအဖသုံးဦး စကားများ ရန်ဖြစ်ရာက သားအငယ် သေဆုံးမှု ကယားပြည်နယ်တွင် ဖြစ်ပွား

သားအဖသုံးဦး စကားများ ရန်ဖြစ်ရာက သားအငယ် သေဆုံးမှု ကယားပြည်နယ်တွင် ဖြစ်ပွား
မတ် 11, 2020
By Tachileik News Agency
သားအဖသုံးဦး စကားများ ရန်ဖြစ်ရာက သားအငယ် သေဆုံးမှု ကယားပြည်နယ်တွင် ဖြစ်ပွား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုဒူရွာတွင် သားအဖသုံးဦး စကားများရန်ဖြစ်ရာမှ လူသတ်မှု  ဖြစ်ပွား၍ အဖေနှင့်သားကို လူသတ်မှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် မတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုဒူကျေးရွာတွင် ဦးလာရှီး နှင့် သားများဖြစ်သည့် ပေတလူလင်း နှင့် မီးကေးလယ် တို့ သုံးဦးသည် တုတ်၊ ဓါး၊ ပုဆိန်များ အသုံးပြုကာ ခိုက်ရန် ဖြစ်ပွားရာမှ ဦးလာရှီး ၏ သားငယ်ဖြစ်သူ မီးကေးလယ် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာတွင် စကားများရန်ဖြစ်ရာက အငယ်ဆုံးသားဖြစ်သူ အသက်(၃၀)ဝန်းကျင်ရှိ မီးကေးလယ် က ဓါးမြှောင်ဖြင့် ဖခင်ဖြစ်သူ၏ ဝမ်းဗိုက် နှင့် အစ်ကိုဖြစ်သူ၏ ရင်ညွှန့်တို့အား ထိုးရာမှ ဒဏ်ရာရှိသွားသည့်အတွက်  မီကေးလယ်အား  ဖခင်ဖြစ်သူက ပုဆိန်ဖြင့် လည်းကောင်း၊ အစ်ကိုဖြစ်သူက ထင်းချောင်းဖြင့် ပြန်လည် ရိုက်နှက်ရာက မီးကေးလယ် မှာ လည်ပင်းဇက်ကျိုး၊ နားရွက် ၊ နှာခေါင်းသွေးထွက် ၊ ဝဲလက်ဖျံရိုးကျိုးဒဏ်ရာများဖြင့် နေရာတွင်  သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူ နှစ်ဉီးမှာလည်း စိုးရိမ်ရသည့်အတွက်  ငွေတောင်ပြည်နာရေးကူညီမှုအသင်း နှင့် မေတ္တာမွန်(ဒေါဘူးကူး)ပရဟိတအသင်းတို့က လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၆၁)နှစ်ရှိ ဦးလာရှီး နှင့် အသက်(၄၂)နှစ်ရှိ ပေတလူလင်းတို့အား ဒီးမော့ဆိုမြို့မရဲစခန်းတွင် (ပ) ၈/၂၀၂၀ ၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

 Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ငွေတောင်ပြည်နာရေးကူညီမှုအသင်း - ငွေတောင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~