မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် နိုင်ငံသား အထောက်အထားမရှိသည့် ဘင်္ဂါလီ(၁၄)ဦး ဖမ်းဆီးရမိ

မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် နိုင်ငံသား အထောက်အထားမရှိသည့် ဘင်္ဂါလီ(၁၄)ဦး ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency

မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် နိုင်ငံသား အထောက်အထားမရှိသည့် ဘင်္ဂါလီ(၁၄)ဦး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းသို့ နိုင်ငံသား အထောက်အထားမရှိ ဘင်္ဂါလီများ မကြာခဏ ဝင်ရောက်လာလေ့ရှိရာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက နိုင်ငံသား အထောက်အထားမဲ့ (၁၄)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

သတင်းအရ ပူးပေါင်းအဖွဲ့တွေ လှည့်ကင်းဆောင်ရွက်ကြတာပါ။ ခိုးဝင်ဘင်္ဂါလီ ကျား(၁၂)ဦးနဲ့ မ(၂)ဦးကို တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တာပါ

ဟု ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီများအား ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၁၉/၃)အနီး၌ နံနက် (၄)နာရီဝန်းကျင်တွင် တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းသို့  ခိုးဝင်လာသည့် နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီများကို ၂၀၁၈ ခုနှစ်တွင် (၁၃၁)ဦး ၊ ၂၀၁၉ ခုနှစ်တွင် (၁၁၀)ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ (၄၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လဝကဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~