နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြို့ပေါ်နှင့်ကျေးရွာနေ ကလေးများ ပါဝင်ဆင်နွှဲနိုင်မည့် ကလေးစာပေပွဲတော် ကျင်းပမည်
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြို့ပေါ်နှင့်ကျေးရွာနေ ကလေးများ ပါဝင်ဆင်နွှဲနိုင်မည့် ကလေးစာပေပွဲတော် ကျင်းပမည်
မေ 12, 2019
By Tachileik News Agency
တာချီလိတ်တွင် နှစ်ရက်တာကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်(စာအုပ်စာပေပြပွဲနှင့်စာအုပ်ရောင်းပွဲ)တွင်  ပြခန်းများ နှင့် ကလေးများအတွက် အပျော်တမ်းကစားနည်းများအပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ကနဦးအနေဖြင့် ၂၀၁၉ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က သတင်းမီဒီယာများနှင့်တွေ့ဆုံမှုကို တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေ အပါအ၀င် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ကျိုင်းတုံ၊ တာချီလိတ် နှင့် မိုင်းဆတ်တို့မှ ခရိုင်ပြန်/ဆက် ဦးစီးအရာရှိတို့နှင့် တာချီလိတ်မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ပွဲတော်အကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် ကလေးစာပေပွဲတော်ကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းရှင်အချို့မှ ပါဝင်လှူဒါန်းထားသည်မှာ ကျပ်သိန်း(၁၂၀)၀န်းကျင်ရရှိထားပြီး ဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ကလေးများအားလုံးကို အမှတ်တရပစ္စည်းများ၊ အိတ်များ၊ စာအုပ်များ ပေးဝေနိုင်ရန်အတွက် ပွဲတော်၏ ကုန်ကျငွေအား ကျပ်သိန်း(၄၀၀) ၀န်းကျင် ခန့်မှန်းထားကြောင်း သိရသည်။
တာချီလိတ်တွင် ကလေးစာပေပွဲတော်အား မြို့ပေါ်နှင့်ကျေးရွာများရှိ ကလေးများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်အတွက် ပံ့ပိုးကူညီလိုသူများအနေဖြင့်လည်း တာချီလိတ်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက်၍ စုံစမ်းမေးမြန်းကာ ကူညီနိုင်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၌ မြို့ပေါ်နှင့်ကျေးလက်များရှိ ကလေးများအားလုံး ပါဝင်ဆင်နွှဲနိုင်မည့် ကလေးစာပေပွဲတော်ကို ၂၀၁၉ခုနှစ် ဇွန်လ (၂၅၊ ၂၆)နေ့များတွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၌ ကျင်းပပြုလုပ်ရန်အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ စေတနာရှင်များမှ တတ်နိုင်သည့်ဘက်က ပါဝင်နိုင်ကြောင်း သိရသည်။
တာချီလိတ်တွင် နှစ်ရက်တာကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်(စာအုပ်စာပပြေပွဲနှင့်စာအုပ်ရောင်းပွဲ)တွင် ပြခန်းများ နှင့် ကလေးများအတွက် အပျော်တမ်းကစားနည်းများအပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"ဖျော်ဖြေရေး အစီအစဉ်တွေရှိပါမယ်။ တိုင်းရင်းသားရိုးရာပြခန်းတွေ၊ ပညာပေးပြခန်းတွေ၊ နောက်ကလေးတွေအတွက်ကို ဂိမ်းပြိုင်ပွဲ (၈) မျိုးပေါ့။ ပြိုင်ပွဲတွေအနေနဲ့ဆိုရင် ပုံပြောပြိုင်ပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေကို ကျွန်တော်တို့က ဆောင်ရွက်ထားပါတယ်။ ဒီ (၃) မျိုးကတော့ ပြိုင်ပွဲဝင်ကန့်သတ်ထားတာပေါ့။ အလွတ်တန်းပြိုင်ပွဲပေါ့။ အရုပ်ဆက်တွေ၊ ဆေးရောင်ခြယ်တာတွေ၊ အိမ်ဆောက်တွေစသဖြင့် ဒီဟာတွေကတော့ ပြိုင်ပွဲဝင်ကန့်သတ်ချက်မရှိပဲနဲ့ လာသမျှကျောင်းသားတိုင်း ဝင်ပြိုင်လို့ရအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ရက်ကို ကျောင်းသား (၃,ဝဝဝ) လောက်မှန်းထားပါတယ်။ ကျောင်းသားတွေကို စတုဒီသာကျွေးနိုင်အောင်၊ ထမင်းထုပ်လေးတွေဝငှနိုင်အောင်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မှ စာအုပ်အရောင်းဆိုင်(၁၅)ဆိုင်တို့ကလည်း ကလေးစာပေများနှင့် ပတ်သက်၍ သုတ၊ ရသ၊ စာအုပ်များ၊ ပုံပြင်၊ ကဗျာ နှင့် ရုပ်ပြစာအုပ်များကို ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်တွင် ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ကနဦးအနဖြေင့် ၂၀၁၉ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က သတင်းမီဒီယာများနှင့်တွေ့ဆုံမှုကို တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ကျိုင်းတုံ၊ တာချီလိတ် နှင့် မိုင်းဆတ်တို့မှ ခရိုင်ပြန်/ဆက် ဦးစီးအရာရှိတို့နှင့် တာချီလိတ်မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ပွဲတော်အကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် ကလေးစာပေပွဲတော်ကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းရှင်အချို့မှ ပါဝင်လှူဒါန်းထားသည်မှာ ကျပ်သိန်း(၁၂၀)ဝန်းကျင်ရရှိထားပြီး ဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ကလေးများအားလုံးကို အမှတ်တရပစ္စည်းများ၊ အိတ်များ၊ စာအုပ်များ ပေးေဝနိုင်ရန်အတွက် ပွဲတော်၏ ကုန်ကျငွေအား ကျပ်သိန်း(၄၀၀) ဝန်းကျင် ခန့်မှန်းထားကြောင်း သိရသည်။
တာချီလိတ်တွင် ကလေးစာပေပွဲတော်အား မြို့ပေါ်နှင့်ကျေးရွာများရှိ ကလေးများအားလုံး ပါဝင်ဆင်နွှဲနို်င်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်အတွက် ပံ့ပိုးကူညီလိုသူများအနဖြေင့်လည်း တာချီလိတ်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက်၍ စုံစမ်းမေးမြန်းကာ ကူညီနိုင်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net