တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္မွဖမ္းမိသည့္ တရုတ္ႏွင့္ျမန္မာ (၄၉)ဦးအနက္ တရုတ္ႏုိင္ငံသား (၁၀)ဦးကို ေလာင္းကစားဥပေဒျဖင့္အမႈဖြင့္

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္မွဖမ္းမိသည့္ တရုတ္ႏွင့္ျမန္မာ (၄၉)ဦးအနက္ တရုတ္ႏုိင္ငံသား (၁၀)ဦးကို ေလာင္းကစားဥပေဒျဖင့္အမႈဖြင့္
မေ 15, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရိွ (၃)ထပ္အေဆာက္အဦမွ ဖမ္းဆီးရမိသည့္ တရုတ္ႏုိင္ငံသားႏွင့္ ျမန္မာစုစုေပါင္း (၄၉)ဦးအနက္ တရုတ္ႏုိင္ငံသား (၁၀)ဦးကို ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္လိုက္သည္။

ဖမ္းဆီးရရွိသူမ်ားအား တစ္ဦးခ်င္းစီအလိုက္ စစ္ေဆးမႈမ်ားျပဳလုပ္ရာက သက္ေသခံပစၥည္းႏွင့္အတူ စစ္ေဆးရရွိသူမ်ားအား သက္္ဆိုင္ရာအလိုက္ အမႈဖြင့္ေနၿပီး တရုတ္ႏုိင္ငံသားမ်ားအားလံုးကို လ၀ကဥပေဒျဖင့္ အေရးယူႏိုင္ရန္အတြက္လည္း စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

“လက္(ပ္)ေတာ့ပိုင္ရွင္ေတြကို အြန္လိုင္းဂိမ္းမႈဖြင့္တယ္။ လက္(ပ္)ေတာ့ေတြထဲမွာ အခ်က္အလက္ေတြ ရိွတာကိုး"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ကိုကိုဦးက ေမလ (၁၄)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ႏုိင္ငံသားမ်ားျဖစ္ၾကသည့္ အသက္ (၁၈)မွ (၃၁)ႏွစ္ၾကားအရြယ္မ်ားျဖစ္ၾကသည့္ ထူလံုခၽြင္း၊ ခ်န္ဖိတ္လံု၊ လီဆြတ္ေယာင္း၊ ရႊင္ခ်င္၊ ခ်က္ကၽြိန္၊ လီခၽြန္၊ ဝမ္ဆြတ္ဖင္၊ ဆြိက်ိဳ၊ က်န္ခုိင္းလင္ႏွင့္ ဝမ္ထားတို႔အား အင္တာနက္ကိုအသံုးျပဳ၍ ေလာင္းကစားျပဳလုပ္ျခင္းအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၆၃/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ရန္ေအာင္ေျမရပ္ကြက္ရွိ ေနအိမ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး ဦးစီးအဖြဲ႕က သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ဖမ္းဆီးစဥ္ အခန္း (၅)ခန္းတြင္ လက္ပ္ေတာ့ကိုယ္စီျဖင့္ အင္တာနက္ေလာင္းကစားေနသည့္ တရုတ္ႏုိင္ငံသား (၁၀)ဦးအပါအဝင္ တရုတ္ႏိုင္ငံသား စုစုေပါင္း (၃၉) ဦး၊ ျမန္မာႏိုင္ငံသား စုစုေပါင္း (၁၀) ဦးတို႔ကို ဖုန္းအမ်ိဳးအစားစံု (၁၈၄) လံုး၊ စကားေျပာစက္ (၄) လံုး၊ ကြန္ပ်ဴတာ လက္(ပ္)ေတာ့ (၁၁) လံုး၊ Toyota Hilux Revo အျဖဴေရာင္ေမာ္ေတာ္ယာဥ္ (၁) စီး၊ Crown အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီး၊ Parado အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီးတို႔ႏွင့္အတူ ဖမ္းမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္နုိင္ငံသားမ်ားသည္ ႏုိင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာၿပီး ေလာင္းကစားလုပ္ငန္းမ်ား လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရၿပီး ဖမ္းဆီးရမိသူအားလံုးကို ဆက္လက္စစ္ေဆးအေရးယူေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ (၃)ထပ်အဆောက်အဦမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားနှင့် မြန်မာစုစုပေါင်း (၄၉)ဦးအနက် တရုတ်နိုင်ငံသား (၁၀)ဦးကို လောင်းကစားဥပဒဖြေင့် အမှုဖွင့်လိုက်သည်။

ဖမ်းဆီးရရှိသူများအား တစ်ဦးချင်းစီအလိုက် စစ်ဆေးမှုများပြုလုပ်ရာက သက်သေခံပစ္စည်းနှင့်အတူ စစ်ဆေးရရှိသူများအား သက်ဆိုင်ရာအလိုက် အမှုဖွင့်နပြေီး တရုတ်နိုင်ငံသားများအားလုံးကို လဝကဥပဒဖြေင့် အရေးယူနိုင်ရန်အတွက်လည်း စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“လက်(ပ်)တော့ပိုင်ရှင်တွေကို အွန်လိုင်းဂိမ်းမှုဖွင့်တယ်။ လက်(ပ်)တော့တွေထဲမှာ အချက်အလက်တွေ ရှိတာကိုး"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက မေလ (၁၄)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံသားများဖြစ်ကြသည့် အသက် (၁၈)မှ (၃၁)နှစ်ကြားအရွယ်များဖြစ်ကြသည့် ထူလုံချွင်း၊ ချန်ဖိတ်လုံ၊ လီဆွတ်ယောင်း၊ ရွှင်ချင်၊ ချက်ကျွိန်၊ လီချွန်၊ ဝမ်ဆွတ်ဖင်၊ ဆွိကျို၊ ကျန်ခိုင်းလင်နှင့် ဝမ်ထားတို့အား အင်တာနက်ကိုအသုံးပြု၍ လောင်းကစားပြုလုပ်ခြင်းအတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၃/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်အား တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး ဦးစီးအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးစဉ် အခန်း (၅)ခန်းတွင် လက်ပ်တော့ကိုယ်စီဖြင့် အင်တာနက်လောင်းကစားနေသည့် တရုတ်နိုင်ငံသား (၁၀)ဦးအပါအဝင် တရုတ်နိုင်ငံသား စုစုပေါင်း (၃၉) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀) ဦးတို့ကို ဖုန်းအမျိုးအစားစုံ (၁၈၄) လုံး၊ စကားပြောစက် (၄) လုံး၊ ကွန်ပျူတာ လက်(ပ်)တော့ (၁၁) လုံး၊ Toyota Hilux Revo အဖြူရောင်မော်တော်ယာဉ် (၁) စီး၊ Crown အနက်ရောင် မော်တော်ယာဉ် (၁) စီး၊ Parado အဖြူရောင် မော်တော်ယာဉ် (၁) စီးတို့နှင့်အတူ ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိသူအားလုံးကို ဆက်လက်စစ်ဆေးအရေးယူနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net