ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္အား ေရႊ႕ေျပာင္းမေပးႏုိင္ေၾကာင္း ၀န္ႀကီးခ်ဳပ္မွ ေျပာၾကားလိုက္သည့္အတြက္ ႏွစ္ဖက္တင္းမာမႈေၾကာင့္ ညိႇႏိႈင္းေရးေကာ္မတီကို ဖ်က္သိမ္း

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္အား ေရႊ႕ေျပာင္းမေပးႏုိင္ေၾကာင္း ၀န္ႀကီးခ်ဳပ္မွ ေျပာၾကားလိုက္သည့္အတြက္ ႏွစ္ဖက္တင္းမာမႈေၾကာင့္ ညိႇႏိႈင္းေရးေကာ္မတီကို ဖ်က္သိမ္း
မေ 14, 2019
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၵာေဟ၀န္ပန္းၿခံတြင္ ထားရွိသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကးရုပ္အား ေျပာင္းေရႊ႕ေပးမည္မဟုတ္ေၾကာင္း  ျပည္နယ္ဝန္ႀကီးခ်ဳပ္က အစည္းအေဝးအဖြင့္မိန္႔ခြန္းေျပာၿပီးေနာက္ ရုပ္တုေျပာင္းေရႊ႕ေပးေရး ေဆြးေႏြးမည့္အဖြဲ႕က အစည္းအေဝးမွ ထြက္သြားသျဖင့္ ညိႇႏိႈင္းေရးေကာ္မတီကိုဖ်က္သိမ္းလုိက္ေၾကာင္း သိရသည္။

" ဗိုလ္ခ်ဳပ္ ေအာင္ဆန္းေၾကး႐ုပ္တု ေရြ႔ေျပာင္းေရးကိစၥနဲ႔ ပက္သက္ၿပီး ညိႇႏိႈင္းေရးေကာ္မတီဆိုၿပီး ကြၽန္ေတာ္တို႔ကို ႐ွစ္ဦးဖြဲ႔စည္းထားေပးပါတယ္။ သို႔ေသာ္လည္း ဒီေန႔မွာ အေၾကာင္းအမ်ိဴးမ်ိဳးေၾကာင့္ အစည္းအေဝးက မထေျမာက္ခဲ့ဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ေကာ္မတီကို ဖ်က္သိမ္းေပးဖို႔ အစည္းအေဝးမွာ တင္ျပခြင့္ေျပာဆိုခြင့္ မ႐ွိခဲ့ဘူး။ အခုအားလုံးရဲ႕ေ႐ွ႕မွာ ကြၽန္ေတာ္တို႔ေကာ္မတီကို ဖ်က္သိမ္းၿပီးျဖစ္ေၾကာင္း ေကာ္မတီရဲ႕ကိုယ္စား ေျပာလိုပါတယ္။ ဒါေၾကာင့္ ေနာက္ေနာင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ နဲ႔ပတ္သက္ၿပီး အ႐ႈပ္အ႐ွင္းျပသနာအားလုံး ကြၽန္ေတာ္တို႔ ညိွႏိႈင္းေရး ေကာ္မတီနဲ႔ မသက္ဆိုင္ေတာ့ဘူး ျဖစ္ေၾကာင္း အသိေပးပါတယ္" ဟု ေကာ္မတီဝင္ ဆရာေတာ္ ေက်ာ္ထူးက မီဒီယာမ်ားကို ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ပန္းၿခံအတြင္းမွ ဗိုလ္ခ်ဳပ္ေၾကးရုပ္အား ေရႊ႕ေျပာင္းေပးရန္ ေတာင္းဆိုမႈႏွင့္ပတ္သက္၍ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔တြင္ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ရုပ္တုေရႊ႕ေျပာင္းေပးရန္ ေတာင္းဆိုေနသည့္ ကရင္နီလူငယ္သပိတ္ေကာ္မတီတို႔ ကယားျပည္နယ္အစိုးရအဖြဲ႕ရံုး အစည္းအေဝးခန္းမတြင္ ေဆြးေႏြးၾကရာ အဖြဲ႕ဝင္(၈)ဦးပါဝင္သည့္ ညိႇႏိႈင္းေရးေကာ္မတီလည္း တက္ေရာက္ျခင္းျဖစ္သည္။

" ကယားျပည္နယ္အစိုးရအဖြဲ႔အေနနဲ႔ကေတာ့ ဒီဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥနဲ႔ပတ္သက္ၿပီး လုံးဝမေျပာင္းေရႊ႕ေပးဘူးဆိုတဲ့ အေၾကာင္းတင္ျပလိုပါတယ္။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔ ျပည္နယ္အစိုးရအဖြဲ႔ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အထိမ္းမွတ္ဥယ်ာဥ္မ်ားကို ထိမ္းသိမ္းေစာင့္ေ႐ွာက္သြားရမယ့္ တာဝန္သာ႐ွိတဲ့အတြက္ေၾကာင့္ လက္႐ွိ လိြဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းျခံမွာတည္႐ွိေနတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တုကို ထိန္းသိမ္းကာကြယ္ ေစာင့္ေ႐ွာက္သြားမွာျဖစ္ပါတယ္။ ဒီႏွစ္ခ်က္ကို တိတိလင္းလင္း သိ႐ွိႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တင္ျပျခင္းျဖစ္ပါတယ္ " ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက အစည္းအေ၀းအဖြင့္မိန္႔ခြန္းတြင္ ေျပာၾကားသည္။

ဝန္ႀကီးခ်ဳပ္၏အဖြင့္မိန္႔ခြန္းအၿပီးတြင္ တစ္ဖက္မွေဆြးေႏြးသည့္ ကရင္နီလူငယ္သပိတ္ေကာ္မတီက မူလကိုင္ဆြဲထားသည့္အတုိင္း ျပန္လည္လုပ္ေဆာင္မည္ဟု ျပန္လည္ေခ်ပခဲ့သည္။

" ၿပီးခဲ့တဲ့ (၇.၅.၂၀၁၉ ) ရက္ေန႔အစည္းေဝးမွာေတာ့ ေရြ႔ေျပာင္းေရးကိုေဆြးေႏြးမယ္လို႔ သေဘာတူညီခ်က္ ကို ကြၽန္ေတာ္နဲ႔ ျပည္နယ္မင္းႀကီးနဲ႔ အတြင္းေရးမွဴး နဲ႔လက္မွတ္ ထိုးထားတာ႐ွိပါတယ္။ အဲဒီေတာ့ အခု မေရႊ႕ေျပာင္းႏိုင္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ကေျပာတယ္ဆိုေတာ့လည္း အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ လူငယ္ပိုင္းကေနလည္း မူလ ရည္ရြယ္ထားတဲ့ အတိုင္းပဲ မူလ လက္ဆြဲကိုင္တဲ့ဟာကိုပဲ ျပန္ၿပီးေတာ့စပါမယ္။ ဒီအေပၚမွာ တာဝန္႐ွိတဲ့သူက ဘယ္သူလည္းဆိုတာေတာ့ ျပည္သူလူထုက အေျဖထုတ္ပါမယ္" ဟု ကရင္နီလူငယ္သပိတ္ေကာ္မတီမွ ခူးပိုးရယ္က အစည္းအေဝးတြင္ ျပန္လည္ေျပာၾကားခဲ့သည္။

ယင္းေနာက္ လူငယ္သပိတ္ေကာ္မတီအဖြဲ႕က အစည္းအေဝးမွထြက္သြားသျဖင့္ ညိႇႏိႈင္းေရးေကာ္မတီကလည္း ေကာ္မတီဖ်က္သိမ္းေၾကာင္း မီဒီယာမ်ားအား ေျပာၾကားခဲ့သည္ဟု သိရသည္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ေျပာင္းေရႊ႕ေပးေရးအတြက္၂၀၁၉ ခုႏွစ္ ေမလ (၇)ရက္ေန႔က ကယားျပည္နယ္ အစိုးရအဖြဲ႔ႏွင့္ သပိတ္ေကာ္မတီတို႔ ျပဳလုပ္ခဲ့ေသာ အစည္းအေ၀းတြင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေဒၚခင္စည္သူ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္၊ ဆရာေတာ္ေက်ာ္ထူး ၊ Fr.ေအာင္ကိုလတ္ ၊ ေက်ာ္ဝဏၰေအာင္ ၊ ကယန္းအမ်ိဳးသားပါတီဥကၠဌ ခြန္းဘီထူး ၊ (ကလလတ) ဥကၠဌ ဦးထြန္းေက်ာ္ ၊ ကယားျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးညီညီမင္း တို႔ပါဝင္သာ ညိွႏိႈင္းေဖာ္ေဆာင္ေရးေကာ္မတီအား ႏွစ္ဖက္ သေဘာတူညီမႈျဖင့္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္ထား႐ွိသည့္ လိြဳင္ေကာ္ၿမိဳ႕ ၊ ကႏၵာေဟဝန္ပန္းၿခံတြင္ သံဆူးႀကိဳးတပ္ဆင္ထားသည့္ အတားအဆီးမ်ားျဖင့္ လံုၿခံဳေရးခ်ထားျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒါဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အား ပြောင်းရွှေ့ပေးမည်မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးအဖွင့်မိန့်ခွန်းပြောပြီးနောက် ရုပ်တုပြောင်းရွှေ့ပေးရေး ဆွေးနွေးမည့်အဖွဲ့က အစည်းအဝေးမှ ထွက်သွားသဖြင့် ညှိနှိုင်းရေးကော်မတီကိုဖျက်သိမ်းလိုက်ကြောင်း သိရသည်။

" ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တု ရွေ့ပြောင်းရေးကိစ္စနဲ့ ပက်သက်ပြီး ညှိနှိုင်းရေးကော်မတီဆိုပြီး ကျွန်တော်တို့ကို ရှစ်ဦးဖွဲ့စည်းထားပေးပါတယ်။ သို့သော်လည်း ဒီနေ့မှာ အကြောင်းအမျိူးမျိုးကြောင့် အစည်းအဝေးက မထမြောက်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကော်မတီကို ဖျက်သိမ်းပေးဖို့ အစည်းအဝေးမှာ တင်ပြခွင့်ပြောဆိုခွင့် မရှိခဲ့ဘူး။ အခုအားလုံးရဲ့ရှေ့မှာ ကျွန်တော်တို့ကော်မတီကို ဖျက်သိမ်းပြီးဖြစ်ကြောင်း ကော်မတီရဲ့ကိုယ်စား ပြောလိုပါတယ်။ ဒါကြောင့် နောက်နောင် ဗိုလ်ချုပ်ကြေးရုပ် နဲ့ပတ်သက်ပြီး အရှုပ်အရှင်းပြသနာအားလုံး ကျွန်တော်တို့ ညှိနှိုင်းရေး ကော်မတီနဲ့ မသက်ဆိုင်တော့ဘူး ဖြစ်ကြောင်း အသိပေးပါတယ်" ဟု ကော်မတီဝင် ဆရာတော် ကျော်ထူးက မီဒီယာများကို ပြောသည်။

လွိုင်ကော်မြို့ပန်းခြံအတွင်းမှ ဗိုလ်ချုပ်ကြေးရုပ်အား ရွှေ့ပြောင်းပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ရုပ်တုရွှေ့ပြောင်းပေးရန် တောင်းဆိုနေသည့် ကရင်နီလူငယ်သပိတ်ကော်မတီတို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆွေးနွေးကြရာ အဖွဲ့ဝင်(၈)ဦးပါဝင်သည့် ညှိနှိုင်းရေးကော်မတီလည်း တက်ရောက်ခြင်းဖြစ်သည်။

" ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ ဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး လုံးဝမပြောင်းရွှေ့ပေးဘူးဆိုတဲ့ အကြောင်းတင်ပြလိုပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းမှတ်ဥယျာဉ်များကို ထိမ်းသိမ်းစောင့်ရှောက်သွားရမယ့် တာဝန်သာရှိတဲ့အတွက်ကြောင့် လက်ရှိ လွိုင်ကော်မြို့ ကန္ဒါဟေဝန်ပန်းခြံမှာတည်ရှိနေတဲ့ ဗိုလ်ချုပ်ရုပ်တုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ဒီနှစ်ချက်ကို တိတိလင်းလင်း သိရှိနိုင်ဖို့အတွက် ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ် " ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစည်းအေဝးအဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

ဝန်ကြီးချုပ်၏အဖွင့်မိန့်ခွန်းအပြီးတွင် တစ်ဖက်မှဆွေးနွေးသည့် ကရင်နီလူငယ်သပိတ်ကော်မတီက မူလကိုင်ဆွဲထားသည့်အတိုင်း ပြန်လည်လုပ်ဆောင်မည်ဟု ပြန်လည်ချေပခဲ့သည်။

" ပြီးခဲ့တဲ့ (၇.၅.၂၀၁၉ ) ရက်နေ့အစည်းဝေးမှာတော့ ရွေ့ပြောင်းရေးကိုဆွေးနွေးမယ်လို့ သဘောတူညီချက် ကို ကျွန်တော်နဲ့ ပြည်နယ်မင်းကြီးနဲ့ အတွင်းရေးမှူး နဲ့လက်မှတ် ထိုးထားတာရှိပါတယ်။ အဲဒီတော့ အခု မရွှေ့ပြောင်းနိုင်ဘူးလို့ ဝန်ကြီးချုပ်ကပြောတယ်ဆိုတော့လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ လူငယ်ပိုင်းကနေလည်း မူလ ရည်ရွယ်ထားတဲ့ အတိုင်းပဲ မူလ လက်ဆွဲကိုင်တဲ့ဟာကိုပဲ ပြန်ပြီးတော့စပါမယ်။ ဒီအပေါ်မှာ တာဝန်ရှိတဲ့သူက ဘယ်သူလည်းဆိုတာတော့ ပြည်သူလူထုက အဖြေထုတ်ပါမယ်" ဟု ကရင်နီလူငယ်သပိတ်ကော်မတီမှ ခူးပိုးရယ်က အစည်းအဝေးတွင် ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်သပိတ်ကော်မတီအဖွဲ့က အစည်းအဝေးမှထွက်သွားသဖြင့် ညှိနှိုင်းရေးကော်မတီကလည်း ကော်မတီဖျက်သိမ်းကြောင်း မီဒီယာများအား ပြောကြားခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွှေ့ပေးရေးအတွက်၂၀၁၉ ခုနှစ် မေလ (၇)ရက်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့နှင့် သပိတ်ကော်မတီတို့ ပြုလုပ်ခဲ့သော အစည်းအေဝးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၊ ဆရာတော်ကျော်ထူး၊ Fr.အောင်ကိုလတ်၊ ကျော်ဝဏ္ဏအောင်၊ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူး၊ (ကလလတ) ဥက္ကဌ ဦးထွန်းကျော်၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း တို့ပါဝင်သာ ညှိနှိုင်းဖော်ဆောင်ရေးကော်မတီအား နှစ်ဖက် သဘောတူညီမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထားရှိသည့် လွိုင်ကော်မြို့၊ ကန္ဒါဟေဝန်ပန်းခြံတွင် သံဆူးကြိုးတပ်ဆင်ထားသည့် အတားအဆီးများဖြင့် လုံခြုံရေးချထားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net