တာချီလိတ်တွင် ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ် (၃)လကျခံရသူ (၁၁)ဦးအထိ ရှိလာ

တာချီလိတ်တွင် ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ် (၃)လကျခံရသူ (၁၁)ဦးအထိ ရှိလာ
မေ 2, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ် (၃)လကျခံရသူ (၁၁)ဦးအထိ ရှိလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့ညပိုင်းက ညမထွက်ရအမိန့် ချိုးဖေါက်သူ (၂) ဦးကို ထပ်မံဖမ်းဆီးရမိသဖြင့် မေလ (၁)ရက်နေ့အထိ ပုဒ်မ (၁၈၈)ဖြင့် အရေးယူခံရသူ စုစုပေါင်း (၁၁)ဦး ရှိလာပြီဖြစ်သည်။

ညက (၂)ယောက် ထပ်ဖမ်းမိတယ်။ မကာဟိုခမ်းရပ်ကွက်က ဖမ်းမိတာပါ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့်စတင်သက်ဝင်ချိန်မှစ၍ လှည့်ကင်းများဖြင့် စစ်ဆေးနေရာ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦး၊ ဧပြီလ (၂၃)ရက်နေ့က အမျိုးသား (၄) ဦးနှင့် ဧပြီလ(၂၈)ရက်နေ့က ထိုင်းနိုင်ငံသား (၁)ဦးနှင့် မေလ (၁)ရက်နေ့က အမျိုးသား (၂)ဦးတို့ကို အသီးသီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်၌ ညမထွက်ရအမိန့်ချိုးဖေါက်သူများကို ပုဒ်မ (၁၈၈)အရ ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်နေခြင်းဖြစ်သည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ဧပြီလ (၂၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇွန်လ (၂၂) ရက်နေ့အထိ  ည (၁၀) နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားပြီး ရပ်ကွက်အလိုက် စစ်ဆေးရေးအဖွဲ့များ၊ လှည့်လည်ကြီးကြပ်သည့် အဖွဲ့များဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~