တာခ်ီလိတ္ၿမိဳ႕တြင္းမွ ကတ္တမင္း (၈၃၀)ဂရမ္သယ္လာသည့္ လူငယ္တစ္ဦးကို ၿမိဳ႕အထြက္တြင္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္းမွ ကတ္တမင္း (၈၃၀)ဂရမ္သယ္လာသည့္ လူငယ္တစ္ဦးကို ၿမိဳ႕အထြက္တြင္ ဖမ္းမိ
မေ 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕အထြက္ စစ္ေဆးေရးစခန္းအနီးတြင္ ၿမိဳ႕တြင္းမွ ကတ္တမင္း မူးယစ္ေဆး (၈၃၀)ဂရမ္ သယ္ေဆာင္လာသည့္လူငယ္တစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ဒုရဲမွဴးညိဳပုဦးစီးသည့္တပ္ဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔ ည (၁၁)နာရီ မိနစ္(၂၀)ဝန္းက်င္တြင္ တာခ်ီလိတ္ၿမိဳ႕အထြက္ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းအနီးရိွ တုိးဂိတ္၌ တာခ်ီလိတ္ဘက္မွ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၂၇)ႏွစ္အရြယ္ အိုက္ႏြန္(ခ)အုိက္ႏြန္ေျမာင္ကို စစ္ေဆးရာ ဆုိင္ကယ္တူးေဘာက္အတြင္းမွ ကတ္တမင္း (၈၃၀)ဂရမ္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အုိက္ႏြန္(ခ)အုိက္ႏြန္ေျမာင္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

အဆုိပါဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ဆက္စပ္တရားခံမ်ားကို ဆက္လက္ေဖၚထုတ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင်းမှ ကတ်တမင်း (၈၃၀)ဂရမ်သယ်လာသည့် လူငယ်တစ်ဦးကို မြို့အထွက်တွင် ဖမ်းမိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အထွက် စစ်ဆေးရေးစခန်းအနီးတွင် မြို့တွင်းမှ ကတ်တမင်း မူးယစ်ဆေး (၈၃၀)ဂရမ် သယ်ဆောင်လာသည့်လူငယ်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲမှူးညိုပုဦးစီးသည့်တပ်ဖွဲ့သည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ည (၁၁)နာရီ မိနစ်(၂၀)ဝန်းကျင်တွင် တာချီလိတ်မြို့အထွက် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအနီးရှိ တိုးဂိတ်၌ တာချီလိတ်ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၂၇)နှစ်အရွယ် အိုက်နွန်(ခ)အိုက်နွန်မြောင်ကို စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ကတ်တမင်း (၈၃၀)ဂရမ်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်နွန်(ခ)အိုက်နွန်မြောင်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဆက်စပ်တရားခံများကို ဆက်လက်ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net