ပြင်ဦးလွင် - မန္တလေးအဆင်းတွင် (၂၂)ဘီးယာဉ် နှင့် ထော်လာဂျီတိုက်မိပြီး တစ်ဦး သေဆုံး

ပြင်ဦးလွင် - မန္တလေးအဆင်းတွင် (၂၂)ဘီးယာဉ် နှင့် ထော်လာဂျီတိုက်မိပြီး တစ်ဦး သေဆုံး

ပြင်ဦးလွင်မြို့နယ်အတွင်း ပြင်ဦးလွင် - မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် (၂၅)မိုင် နှင့် (၂၄/၇)ဖာလုံအကြားတွင် ပြောင်းအိတ်များ တင်ဆောင်လာသည့် (၂၂)ဘီးယာဉ်နှင့် ထော်လာဂျီ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား(၁)ဦး သေဆုံးသွားကြောင်း သိရသည်။

လားရှိုးမှ မန္တလေးသို့ လာသည့် Howo အမျိုးအစား (၂၂)ဘီး ယာဉ်ကြီးသည် ပြောင်းအိတ်များ တင်ဆောင်လာပြီး မောင်းလာစဉ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်း၏ ညာဘက်အခြမ်းရှိ ထင်းများတင်ဆောင်လာသည့် ကားအင်ဂျင်တပ် ထော်လာဂျီတို့ တိုက်မိကြခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သွားသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၂ခုနှစ် ဧပြီလ(၂၅)ရက်နေ့အကူး (ဝဝး၃၀)နာရီအချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်း ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား(၃)ဦးအနက် (၁)ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦး နှင့်သေဆုံးသူ၏ အလောင်းကို ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်းက အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်း, MFSD