တာခ်ီလိတ္ၿမိဳ႕ဝင္ဂိတ္ စစ္ေဆးေရးအတြင္း အမ်ိဳးသား (၃)ဦးထံမွ ဘိန္းျဖဴ (၁.၅)ဂရမ္ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ဝင္ဂိတ္ စစ္ေဆးေရးအတြင္း အမ်ိဳးသား (၃)ဦးထံမွ ဘိန္းျဖဴ (၁.၅)ဂရမ္ဖမ္းမိ
မေ 5, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ဝင္ဂိတ္တြင္ ဆိုင္ကယ္ျဖင့္လာသည့္ အမ်ိဳးသား (၃)ဦးကို စစ္ေဆးရာ ဘိန္းျဖဴ (၁.၅)ဂရမ္ခန္႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)မွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၅)ရက္ေန႔စစ္ေဆးေနစဥ္ နံနက္ (၉)နာရီ (၅၀)မိနစ္က ၿမိဳ႕တြင္းဘက္သို႔ ဆုိင္ကယ္ျဖင့္ဝင္လာသည့္အမ်ိဳးသား (၃)ဦးကို စစ္ေဆးရာ ဘိန္းျဖဴမႈန္႔ (၁.၅)ဂရမ္ခန္႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္းသိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေက်ာ္စြာ၊ ၿငိမ္းခ်မ္းထူးႏွင့္ တိုးလိႈင္ဝင္းတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ဝင်ဂိတ် စစ်ဆေးရေးအတွင်း အမျိုးသား (၃)ဦးထံမှ ဘိန်းဖြူ (၁.၅)ဂရမ်ဖမ်းမိ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဝင်ဂိတ်တွင် ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသား (၃)ဦးကို စစ်ဆေးရာ ဘိန်းဖြူ (၁.၅)ဂရမ်ခန့်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့စစ်ဆေးနေစဉ် နံနက် (၉)နာရီ (၅၀)မိနစ်က မြို့တွင်းဘက်သို့ ဆိုင်ကယ်ဖြင့်ဝင်လာသည့်အမျိုးသား (၃)ဦးကို စစ်ဆေးရာ ဘိန်းဖြူမှုန့် (၁.၅)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်စွာ၊ ငြိမ်းချမ်းထူးနှင့် တိုးလှိုင်ဝင်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net