တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အခ်ိန္(၁)နာရီ၀န္းက်င္အၾကာ မီးေလာင္မႈျဖစ္ပြားျခင္းမွာ ဓါတ္ဆီဖလွယ္ရာမွ မီးစတင္ ေလာင္ကြ်မ္းျခင္းျဖစ္

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အခ်ိန္(၁)နာရီ၀န္းက်င္အၾကာ မီးေလာင္မႈျဖစ္ပြားျခင္းမွာ ဓါတ္ဆီဖလွယ္ရာမွ မီးစတင္ ေလာင္ကြ်မ္းျခင္းျဖစ္
မေ 31, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္းရိွ ဆုိင္ခန္းဖြင့္လွစ္ထားသည့္ တုိက္ခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၃၀)ရက္ေန႔ ည (၇)နာရီခြဲအခ်ိန္က မီးေလာင္ကၽြမ္းမႈမွာ ဓါတ္ဆီ ဖလွယ္ရာမွ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

"ဓာတ္ဆီပံုးထဲကေန (၅) ဂါလံပံုးေပါ့။ ေကာ္ဘူးထဲကို လွယ္တဲ့အခ်ိန္မွာ မီးေလာင္မႈျဖစ္တာပါ။ ရာသီဥတုကပူေတာ့ တည္ၿငိမ္လွ်ပ္စစ္ျဖစ္ၿပီးေတာ့ မီးေလာင္တာပါ။ ေအာက္ထပ္မွာက ေလာင္စာရိွတယ္။ ကုန္စံုဆိုင္ဆိုေတာ့ အခ်ိဳရည္ေတြ၊ ယမကာေတြလည္းရိွတာေပါ့။ ဓာတ္ဆီပံုးထဲမွာေတာ့ (၁၀) ဂါလံေလာက္ရိွတယ္။ အဲဒါေတြကေနစၿပီး မီးအားေကာင္းသြားတာ အေပၚမွာရိွတဲ့ လူသံုးကုန္ေတြ၊ အ၀တ္အထည္ေတြ၊ ေစာင္ေတြကို အပူစီးကူးၿပီးေလာင္တာ။ ဒီမီးေလာင္မႈနဲ႔ပတ္သက္ၿပီးေတာ့ စက္သံုးဆီေတြ ပုလင္းေတြနဲ႔ထည့္ၿပီးေတာ့ ေရာင္းေနတာေတြ ကၽြန္ေတာ္တို႔လည္းေတြ႕ရတယ္။ ဒါမ်ိဳးေလးေတြ မလုပ္ဖို႔လိုတာေပါ့။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ စက္သံုးဆီဆိုင္ႀကီးေတြဖြင့္ထားတာလည္းရိွတယ္။ အခုကုန္စံုဆိုင္ဆိုရင္ ဘာမွမဟုတ္တဲ့ အျမတ္အစြန္းရတာေလးနဲ႔ ညွပ္ၿပီးေရာင္းတဲ့အတြက္ သူ႔အတြက္ဆံုးရံႈးမႈေတြမ်ားတာ ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ ကိုယ္ရဲ႕အိမ္ေတြမွာ စက္သံုးဆီေလွာင္တာေတြ ေရွာင္က်ဥ္သင့္ပါတယ္။ ဆီလွယ္တဲ့အခ်ိန္ေတြမွာ မီးေလာင္မႈေတြ ျဖစ္ႏိုင္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈျဖစ္ပြားေၾကာင္း  မီးသတ္တပ္ဖြဲ႕သို႔   ဆက္သြယ္သတင္းေပးပို႔ခ်က္အရ  မီးသတ္တပ္ဖြဲ႕ဝင္စုစုေပါင္း (၅၁)ဦးသည္ မီးၿငိႇမ္းသတ္ယာဥ္ (၃)စီး၊ ေရသယ္ယာဥ္ (၂)စီးတုိ႔ႏွင့္အတူ သြားေရာက္ၿငိႇမ္းသတ္ရာ ျပည္သူလူထုကလည္း ကူညီၿငိႇမ္းသတ္ေပးသည္ကို ေတြ႔ရသည္။

ယင္းအျပင္ စည္ပင္သာယာေရးဌာနပိုင္ ေရသယ္ယာဥ္ (၂)စီးအသံုးျပဳခဲ့ရေၾကာင္းႏွင့္ ေရမ်ားကို တာခ်ီလိတ္(ရွမ္းအေရွ႕)ေရေပးေ၀ေရးကုမၸဏီမွ လွဴဒါန္းေပးထားသည့္ မီးသတ္ေရငုတ္မွ တဆင့္အလြယ္တကူ ရယူသံုးစြဲႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာ ဝန္းက်င္ကလည္း မီးသတ္ေဆးဗူး (၂)ဗူးျဖင့္ ၿငိႇမ္းသတ္ေပးထားကာ မီးေလာင္မႈကို ည(၈)နာရီခြဲတြင္ မီးအရွိန္ထိန္းနိုင္ခဲ့ၿပီး ည (၉)နာရီတြင္ မီးလံုးဝၿငိႇမ္းသတ္ႏုိင္ခဲ့ျခင္းျဖစ္သည္။

မီးေလာင္မႈျဖစ္ပြားစဥ္ ခန္းဆီးလုိက္ကာမ်ား အရည္ေပ်ာ္က်သျဖင့္ ဆုိင္ခန္းပိုင္ရွင္ ေဒၚေအးေအးသင္းတြင္ အပူေလာင္ဒဏ္ရာမ်ား ရသြားေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရၿပီး အဆိုပါဆိုင္ခန္းမွ အေရာင္းအကူ မိန္းကေလးမွာလည္း မီးေလာင္ရာမွ ေၾကာက္လန္႔ကာ ထြက္ေျပးေပ်ာက္ဆံုးေန၍ ၎၏ မိဘမ်ားကလည္း လလူေပ်ာက္အျဖစ္ သက္ဆိုင္ရာသို႔ အကူအညီေတာင္းခံထားရွိေၾကာင္းလည္း သိရသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ အိမ္ရွင္ ေဒၚေအးေအးသင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၉၀/၂၀၁၉၊ ပုဒ္မ (၂၈၅)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ ႏွင့္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကို ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ စည္ပင္၀န္ထမ္းမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း ႏွင့္ ၀မ္ေကာင္းရပ္ကြက္သူ ရပ္ကြက္သားမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ျပည္သူမ်ား စုေပါင္း ပါ၀င္ကာ ၀ိုင္း၀န္းၿငိႇမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းရှိ ဆိုင်ခန်းဖွင့်လှစ်ထားသည့် တိုက်ခန်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့ ည (၇)နာရီခွဲအချိန်က မီးလောင်ကျွမ်းမှုမှာ ဓာတ်ဆီ ဖလှယ်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

"ဓာတ်ဆီပုံးထဲကနေ (၅) ဂါလံပုံးပေါ့။ ကော်ဘူးထဲကို လှယ်တဲ့အချိန်မှာ မီးလောင်မှုဖြစ်တာပါ။ ရာသီဥတုကပူတော့ တည်ငြိမ်လျှပ်စစ်ဖြစ်ပြီးတော့ မီးလောင်တာပါ။ အောက်ထပ်မှာက လောင်စာရှိတယ်။ ကုန်စုံဆိုင်ဆိုတော့ အချိုရည်တွေ၊ ယမကာတွေလည်းရှိတာပေါ့။ ဓာတ်ဆီပုံးထဲမှာတော့ (၁၀) ဂါလံလောက်ရှိတယ်။ အဲဒါတွေကနေစပြီး မီးအားကောင်းသွားတာ အပေါ်မှာရှိတဲ့ လူသုံးကုန်တွေ၊ အဝတ်အထည်တွေ၊ စောင်တွေကို အပူစီးကူးပြီးလောင်တာ။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီးတော့ စက်သုံးဆီတွေ ပုလင်းတွေနဲ့ထည့်ပြီးတော့ ရောင်းနေတာတွေ ကျွန်တော်တို့လည်းတွေ့ရတယ်။ ဒါမျိုးလေးတွေ မလုပ်ဖို့လိုတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ စက်သုံးဆီဆိုင်ကြီးတွေဖွင့်ထားတာလည်းရှိတယ်။ အခုကုန်စုံဆိုင်ဆိုရင် ဘာမှမဟုတ်တဲ့ အမြတ်အစွန်းရတာလေးနဲ့ ညှပ်ပြီးရောင်းတဲ့အတွက် သူ့အတွက်ဆုံးရှုံးမှုတွေများတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့အိမ်တွေမှာ စက်သုံးဆီလှောင်တာတွေ ရှောင်ကျဉ်သင့်ပါတယ်။ ဆီလှယ်တဲ့အချိန်တွေမှာ မီးလောင်မှုတွေ ဖြစ်နိုင်ပါတယ်"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်သတင်းပေးပို့ချက်အရ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း (၅၁)ဦးသည် မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့နှင့်အတူ သွားရောက်ငြှိမ်းသတ်ရာ ပြည်သူလူထုကလည်း ကူညီငြှိမ်းသတ်ပေးသည်ကို တွေ့ရသည်။

ယင်းအပြင် စည်ပင်သာယာရေးဌာနပိုင် ရေသယ်ယာဉ် (၂)စီးအသုံးပြုခဲ့ရကြောင်းနှင့် ရေများကို တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီမှ လှူဒါန်းပေးထားသည့် မီးသတ်ရေငုတ်မှ တဆင့်အလွယ်တကူ ရယူသုံးစွဲနိုင်ခဲ့ကြောင်းလည်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ ဝန်းကျင်ကလည်း မီးသတ်ဆေးဗူး (၂)ဗူးဖြင့် ငြှိမ်းသတ်ပေးထားကာ မီးလောင်မှုကို ည(၈)နာရီခွဲတွင် မီးအရှိန်ထိန်းနိုင်ခဲ့ပြီး ည (၉)နာရီတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားစဉ် ခန်းဆီးလိုက်ကာများ အရည်ပျော်ကျသဖြင့် ဆိုင်ခန်းပိုင်ရှင် ဒေါ်အေးအေးသင်းတွင် အပူလောင်ဒဏ်ရာများ ရသွားသော်လည်း မစိုးရိမ်ရကြောင်း သိရပြီး အဆိုပါဆိုင်ခန်းမှ အရောင်းအကူ မိန်းကလေးမှာလည်း မီးလောင်ရာမှ ကြောက်လန့်ကာ ထွက်ပြေးပျောက်ဆုံးနေ၍၎င်း၏ မိဘများကလည်း လလူပျောက်အဖြစ် သက်ဆိုင်ရာသို့ အကူအညီတောင်းခံထားရှိကြောင်းလည်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်အေးအေးသင်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၉၀/၂၀၁၉၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဝမ်ကောင်းရပ်ကွက်သူ ရပ်ကွက်သားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်း ပါဝင်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net