သီပေါမြို့နယ်အတွင်း မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် မီးလောင်မှု ဖြစ်ပွားပြီး အိပ်ပျော်နေသည့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

သီပေါမြို့နယ်အတွင်း မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် မီးလောင်မှု ဖြစ်ပွားပြီး အိပ်ပျော်နေသည့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် မီးလောင်မှုဖြစ်ပွားပြီး အိပ်ပျော်နေသည့် ကိုရင်လေးတစ်ပါး ပျံလွန်တော်မူသွားကြောင်း သိရသည်။

စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ထားရမှာ မီးလောင်ကျွမ်းမှု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်နေ့ ည(၉)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်ကြီးရှိ ယာယီအဆောင်တစ်ဆောင် မီလောင်ကျွမ်းသွားသလို အဆိုပါ ကျောင်းဆောင်အတွင်း အိပ်ပျော်နေသည့် အသက်(၁၀)နှစ်ဝန်းကျင်အရွယ် ကိုရင်လေးတစ်ပါးမှ မီးလောင်ပြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

မီးလောင်မှုဖြစ်ပွားရာသို့ အနီးဝန်းကျင်နေပြည်သူများနှင့်အတူ   သီပေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ရာ ည(၁၀)နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Axsai