တာချီလိတ်မြို့တွင် တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈)ဦးအား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအ၀င် လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈)ဦးအား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအ၀င် လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိ
မေ 13, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင်း ရန်အောင်မြေရပ်ကွက်နှင့် ၀ိန်းကျောက်ရပ်ကွက်တို့ရှိ နေရာ (၃) နေရာကို  ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်မှာ နေ့လယ်(၁) နာရီအချိန်အထိ ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်ရှာဖွေရာ တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈) ဦးနှင့် မြန်မာနိုင်ငံသား (၁၀)ဦးကို လပ်တော့ပ်(၁၆)လုံး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး မော်တော်ယာဉ် (၆) စီး၊ မော်တော်ဆိုင်ကယ် (၄) စီး၊ သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ခုနှင့် ကျည်ဆန် (၃၂၅) တောင့်နှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



ယင်းအပြင် ပူးပေါင်းအဖွဲ့မှ ၀ိန်းကျောက်ရပ်ကွက် အမှတ် (၂၂၉) နေအိမ်ကို ၀င်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား (၆၅) ဦး၊ အမျိုးသမီး (၅) ဦး စုစုပေါင်း (၇၀) ဦးကို M-22 သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ဘောက်၊ ၎င်းကျည် (၃၂၅) တောင့်၊ ဖုန်းအမျိုးအစားအစုံ (၂၀၀) လုံး၊ စကားပြောစက် (၂) လုံး၊ Jeep မြင်းချီးရောင် မော်တော်ယာဉ် (၁) စီး၊ Ford အဖြူရောင် မော်တော်ယာဉ် (၁) စီး၊ Wave-125 မော်တော်ဆိုင်ကယ် (၃) စီး၊ အော်တိုဆိုင်ကယ် (၁) စီး၊ ကျည်ကာအိင်္ကျိ (၃) ထည်၊ ပြောက်ကျားအကျီင်္ (၃) ထည်၊ ပြောက်ကျားဘောင်းဘီ (၆) ထည်၊ WY ဆေးပြား (၂၅) ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင်း ရန်အောင်မြေရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်တို့ရှိ နေရာ (၃) နေရာကို ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်မှာ နေ့လယ်(၁) နာရီအချိန်အထိ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈) ဦးနှင့် မြန်မာနိုင်ငံသား (၁၀)ဦးကို လပ်တော့ပ်(၁၆)လုံး၊ လက်ကိုင်ဖုန်း(၃၄၈)လုံး မော်တော်ယာဉ် (၆) စီး၊ မော်တော်ဆိုင်ကယ် (၄) စီး၊ သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ခုနှင့် ကျည်ဆန် (၃၂၅) တောင့်နှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်တပ်နယ်မှ တပ်မတော်သားများနှင့် ပြည်နယ်/ခရိုင်/မြို့နယ်နှင့်မြို့မရဲစခန်းတို့မှ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝကမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ လပ်ကီးမိုတယ်အား ဝင်ရောက်ရှာဖွေရာတွင် တရုတ်နိုင်ငံသား အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၇၉) ဦးကို ဖုန်းအမျိုးအစားအစုံ (၁၆၄) လုံး၊ စကားပြောစက် (၅) လုံး၊ ကွန်ပျူတာလက်(ပ်)တော့ (၅) လုံး၊ Alphard အနက်ရောင်မော်တော်ယာဉ် (၁) စီးကို ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့များက ရန်အောင်မြေရပ်ကွက် အမှတ် (၂၃၇) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၃၉) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၉) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၀) ဦးကို ဖုန်းအမျိုးအစားစုံ (၁၈၄) လုံး၊ စကားပြောစက် (၄) လုံး၊ ကွန်ပျူတာ လက်(ပ်)တော့ (၁၁) လုံး၊ Toyota Hilux Revo အဖြူရောင်မော်တော်ယာဉ် (၁) စီး၊ Crown အနက်ရောင် မော်တော်ယာဉ် (၁) စီး၊ Parado အဖြူရောင် မော်တော်ယာဉ် (၁) စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပူးပေါင်းအဖွဲ့မှ ဝိန်းကျောက်ရပ်ကွက် အမှတ် (၂၂၉) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား (၆၅) ဦး၊ အမျိုးသမီး (၅) ဦး စုစုပေါင်း (၇၀) ဦးကို M-22 သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ဘောက်၊၎င်းကျည် (၃၂၅) တောင့်၊ ဖုန်းအမျိုးအစားအစုံ (၂၀၀) လုံး၊ စကားပြောစက် (၂) လုံး၊ Jeep မြင်းချီးရောင် မော်တော်ယာဉ် (၁) စီး၊ Ford အဖြူရောင် မော်တော်ယာဉ် (၁) စီး၊ Wave-125 မော်တော်ဆိုင်ကယ် (၃) စီး၊ အော်တိုဆိုင်ကယ် (၁) စီး၊ ကျည်ကာအိင်္ကျိ (၃) ထည်၊ ပြောက်ကျားအင်္ကျီ (၃) ထည်၊ ပြောက်ကျားဘောင်းဘီ (၆) ထည်၊ WY ဆေးပြား (၂၅) ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် တာချီလိတ်တပ်နယ်နှင့်တာဝန်ရှိသူများက အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net