တာချီလိတ်ရှိ တည်းခိုခန်းတစ်ခုတွင် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အမျိုးသားအလောင်းကို ဆရာဝန် စစ်ဆေးနေ

တာချီလိတ်ရှိ တည်းခိုခန်းတစ်ခုတွင် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အမျိုးသားအလောင်းကို ဆရာဝန် စစ်ဆေးနေ
ဧပြီ 22, 2020
By 🌸
တာချီလိတ်ရှိ တည်းခိုခန်းတစ်ခုတွင် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အမျိုးသားအလောင်းကို ဆရာဝန် စစ်ဆေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်သည့် အမျိုးသားတစ်ဦး  ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့က တွေ့ရသဖြင့်  သေဆုံးရခြင်းအကြောင်းရင်းကို ဆေးရုံတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

“ဘာကြောင့်သေတယ်ဆိုတဲ့ သေဆုံးရခြင်းအကြောင်းရင်းကတော့ ဆေးရုံက စစ်ဆေးနေဆဲပါ။ လက်ရှိ မျက်မြင်အရတော့ ထိုင်နေရင်းကနေ ပက်လက်လန်လဲကျပြီး သေဆုံးသွားသလိုပုံစံတော့ တွေ့ရပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကတော့ ဆရာဝန် ဆေးစစ်ချက်ရလာမှ သိရပါမယ်”

ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း နံနက်က သတင်းရသဖြင့်  သွားရောက်စစ်ဆေးရာ အခန်းထဲရှိ ကုတင်ပေါ်၌ ပြင်ပဒဏ်ရာများ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ အသက် (၄၆)နှစ်အရွယ် အိုက်လူဆိုသူဖြစ်ကြောင်း သိရပြီး COVID 19 ကာလအတွင်း တန့်ယန်းသို့ပြန်ရန် အခက်အခဲဖြစ်နေ၍ လာရောက်တည်းခိုနေသည်မှာ ရက် (၂၀)ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တည်းခိုခန်းပိုင်ရှင်ထံမှ သိရသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက တည်းခိုခန်းမှ အလောင်းအား ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုကို တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၇/၂၀၂၀ ဖြင့် အမှုဖွင့်ပြီး အလောင်းအား ဆေးရုံသို့ပို့ကာ သေဆုံးရခြင်းအကြောင်းရင်း စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~