တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ေမာင္းလိုင္စင္ မရွိေသးသူမ်ားအား စီမံခ်က္ျဖင့္ ျပဳလုပ္ေပးရာ တစ္ရက္အတြင္း (၁၇၇)ဦး လာေရာက္ေလွ်ာက္ထား

တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ေမာင္းလိုင္စင္ မရွိေသးသူမ်ားအား စီမံခ်က္ျဖင့္ ျပဳလုပ္ေပးရာ တစ္ရက္အတြင္း (၁၇၇)ဦး လာေရာက္ေလွ်ာက္ထား
မေ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္ေမာင္းႏွင္သူတိုင္း လုိင္စင္ရိွေစရန္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလိုင္စင္မရွိေသးသူမ်ားအား တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္း အတြင္း ၂၀၁၉ ခုႏွစ္ ေမလ (၂၂) ရက္ေန႔တြင္ ေဆာင္ရြက္ေပးရာ လာေရာက္ေလွ်ာက္ထားသူ (၁၇၇) ဦး ရိွေၾကာင္း သိရသည္။

"၂၀၁၉ ခုႏွစ္မွာ ကြင္းဆင္းေဆာင္ရြက္ေပးတာက တစ္လကို (၂၇၀) ရိွတယ္။ ၿပီးခဲ့တဲ့ (၄) လပိုင္းကတည္းက စတာေပါ့။ (၅) လပိုင္းဆိုေတာ့ ႏွစ္လပဲရိွေသးတာေပါ့။ ဒီေန႔လိုင္စင္လုပ္တဲ့သူေတြကိုေတာ့ ေနာက္လ (၄) ရက္ေန႔မွာ ထုတ္ေပးမွာ။ မနက္ (၉) နာရီ စမွာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး (၂) ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ိဳးသားယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးေကာင္စီရဲ႕ ရည္ရြယ္ခ်က္ (၅) ခ်က္တြင္ ပါဝင္သည့္ ၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ၂၀၁၆ ခုႏွစ္ ေမလမွစတင္ၿပီး တာခ်ီလိတ္ခရိုင္အတြင္းရိွ ရပ္ကြက္မ်ားတြင္ ကြင္းဆင္းေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး လိုင္စင္မရရိွသူမ်ားထပ္မံရရိွေစေရးအတြက္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

 ၂၀၁၉ ခုႏွစ္ ေမလ (၁၄) ရက္ေန႔တြင္ ယခုလို ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ရာ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ျပဳလုပ္သူ (၁၄၅) ဦးရိွေၾကာင္းႏွင့္ အဆိုပါ ေန႔က ျပဳလုပ္ခဲ့သူမ်ားအေနျဖင့္ ယာဥ္ေမာင္းလိုင္စင္မ်ားအား ၂၀၁၉ခုႏွစ္ ေမလ(၂၄)ရက္ေန႔တြင္ ရရွိမည္ျဖစ္ၿပီး ယေန႔ ေမလ(၂၂)ရက္ေန႔တြင္ ျပဳလုပ္သည့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားကိုေတာ့ ဇြန္လ(၄)ရက္ေန႔တြင္ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ လိုင္စင္မရွိသည့္ ဆိုင္ကယ္မ်ားအား ေန႔စဥ္ ရံုးဖြင့္ရက္မ်ားတြင္ တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနရံုးတြင္ ေန႔ခ်င္းၿပီး ေဆာင္ရြက္ေပးေနလ်က္ရွိေၾကာင္းလည္းသိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းနှင်သူတိုင်း လိုင်စင်ရှိစေရန် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးသူများအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း အတွင်း ၂၀၁၉ ခုနှစ် မေလ (၂၂) ရက်နေ့တွင် ဆောင်ရွက်ပေးရာ လာရောက်လျှောက်ထားသူ (၁၇၇) ဦး ရှိကြောင်း သိရသည်။

"၂၀၁၉ ခုနှစ်မှာ ကွင်းဆင်းဆောင်ရွက်ပေးတာက တစ်လကို (၂၇၀) ရှိတယ်။ ပြီးခဲ့တဲ့ (၄) လပိုင်းကတည်းက စတာပေါ့။ (၅) လပိုင်းဆိုတော့ နှစ်လပဲရှိသေးတာပေါ့။ ဒီနေ့လိုင်စင်လုပ်တဲ့သူတွေကိုတော့ နောက်လ (၄) ရက်နေ့မှာ ထုတ်ပေးမှာ။ မနက် (၉) နာရီ စမှာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး (၂) ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ရည်ရွယ်ချက် (၅) ချက်တွင် ပါဝင်သည့် ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ၂၀၁၆ ခုနှစ် မေလမှစတင်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ပြီး လိုင်စင်မရရှိသူများထပ်မံရရှိစေရေးအတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၁၉ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ယခုလို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်သူ (၁၄၅) ဦးရှိကြောင်းနှင့် အဆိုပါ နေ့က ပြုလုပ်ခဲ့သူများအနဖြေင့် ယာဉ်မောင်းလိုင်စင်များအား ၂၀၁၉ခုနှစ် မေလ(၂၄)ရက်နေ့တွင် ရရှိမည်ဖြစ်ပြီး ယနေ့ မေလ(၂၂)ရက်နေ့တွင် ပြုလုပ်သည့် ဆိုင်ကယ်မောင်းလိုင်စင်များကိုတော့ ဇွန်လ(၄)ရက်နေ့တွင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် လိုင်စင်မရှိသည့် ဆိုင်ကယ်များအား နေ့စဉ် ရုံးဖွင့်ရက်များတွင် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေလျက်ရှိကြောင်းလည်းသိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net