Tachileik News Agency ၏ စာဖတ်ပရိတ်သတ်များသို့  လေးစားစွာ အသိပေးခြင်း

Tachileik News Agency ၏ စာဖတ်ပရိတ်သတ်များသို့  လေးစားစွာ အသိပေးခြင်း

Tachileik News Agency ၏ စာဖတ်ပရိတ်သတ်များသို့  လေးစားစွာ အသိပေးခြင်း

နေ့စွဲ။          ။ ၅.၅.၂၀၂၁

❖ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်ပြီး ဒေသအသီးသီးမှ သတင်းများကို တင်ပြနေသည့် Tachileik News Agency သည် အမှီအခိုကင်းပြီး လွတ်လပ်သည့် ပုဂ္ဂလိက သတင်းမီဒီယာတစ်ခု ဖြစ်ပါသည်။



❖ စစ်တပ်က နိုင်ငံအာဏာသိမ်းပြီးနောက် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှုအဖြစ် သတင်းသမားများအား ဖမ်းဆီးခြင်း၊ လွတ်လပ်သည့် သတင်းဌာနများအား ကန့်သတ် ပိတ်ပင်ခြင်းများ လုပ်ဆောင်နေရာ ၂၀၁၅ခုနှစ်က ပြန်ကြားရေးဝန်ကြီးဌာနထံမှ  မှတ်ပုံတင်အမှတ် (၀၀၀၀၈)ဖြင့်   လုပ်ငန်း မှတ်ပုံတင်ရရှိခဲ့သည့် Tachileik News Agency ၏ သတင်းအေဂျင်စီလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၀) ရက်နေ့မှစ၍  ပိတ်သိမ်းကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်း ကြားလာသည့် အပြင် ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှစ၍ Tachileik News Agency အား ပူးတွဲတည်ထောင်သူ (၂) ဦး အပါအဝင် သတင်းအေဂျင်စီ၏ သတင်းသမား (၅) ဦးအား အာဏာသိမ်းအဖွဲ့က မတရား အမှုဖွင့်ကာ ဖမ်းဆီးရန် ကြိုးပမ်းနေပါသည်။



❖ ယင်းသို့ အခြေအနေများ ကြုံတွေ့နေရသော်လည်း Tachileik News Agency သည် လွတ်လပ်သည့် သတင်းဌာနတစ်ခု အနေဖြင့် မိမိတို့၏ သတင်းဌာန မူဝါဒဖြစ်သည့် လူထုအခြေပြု မူဝါဒအတိုင်း သတင်းကျင့်ဝတ်များနှင့် အညီ သတင်းများကို ဆက်လက် ရေးသားထုတ်လွှင့် တင်ပြသွားမည်ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်များအား လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။



❖ သတင်းသမားများ အနေဖြင့် လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်ခံထားရချိန်ဖြစ်၍ ပြည်သူလူထု အပါအဝင် ဌာနဆိုင်ရာ အသီးသီးအနေဖြင့် မိမိတို့ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများ၊ တရားလက်လွတ် ဆောင်ရွက်နေမှုများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များ တွေ့ရှိပါက ယုံကြည်ရသည့် သတင်းဌာနများသို့ တိကျသည့် အချက်အလက်များ ပေးပို့ခြင်းဖြင့် မိမိတို့ ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်အား ကာကွယ်၊ မြှင့်တင်ရေးတွင် ပါဝင် ဆောင်ရွက်ကြပါရန် Tachileik News Agency အနေဖြင့် တိုက်တွန်းလိုပါသည်။



❖ Tachileik News Agency သို့ သတင်းပေးပို့လိုသူများ အနေဖြင့်  လာအိုနိုင်ငံဖုန်း +8562098205570 သို့ Viber သို့မဟုတ် Signal သို့မဟုတ် Telegram မှ လည်းကောင်း၊ [email protected] သို့ email ပေးပို့ခြင်းဖြင့် လည်းကောင်း၊ Tachileik News Agency ၏ facebook messenger မှ လည်းကောင်း၊ instagram မှ လည်းကောင်း ပေးပို့နိုင်ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။



❖ ပြည်သူများ၏ သတင်းသိပိုင်ခွင့်အတွက် ဆက်လက်ရပ်တည်သွားမည်။



Tachileik News Agency

Website: www.tachileik.net

Facebook: www.fb.com/TachileikNewsAgency

Telegram: https://t.me/TachileikNewsAgency

Instagram: www.instagram.com/TachileikNewsAgency

Youtube: www.youtube.com/TachileikNewsAgency

Twitter: www.twitter.com/TachileikNews

Email: [email protected]

 

ပြန်ကြားရေးဝန်ကြီးဌာက Email ကနေ အကြောင်းကြားစာ