၂၀၁၉ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ကျန်းမာရေးလုပ်ငန်းများစွမ်းဆောင်ရည် ထူးချွန်ဆု တာချီလိတ်မြို့နယ်က ရရှိ

၂၀၁၉ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ကျန်းမာရေးလုပ်ငန်းများစွမ်းဆောင်ရည် ထူးချွန်ဆု တာချီလိတ်မြို့နယ်က ရရှိ
ဧပွီ 7, 2019
By Tachileik News Agency


နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဧပြီလ (၇)ရက်နေ့ နံနက်က ကျင်းပသည့် ဗဟိုအဆင့် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် အဆိုပါဆုကို ချီးမြှင့်ရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ဆု လက်ခံရယူခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ၂၀၁၈ခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသည့် မြို့နယ်များတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရွာငံ တို့က ရရှိပြီး မန္တလေးတိုင်းဒေသကြီးက မိုးကုတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးက အိမ်မဲမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက က၀မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက အရာတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးက ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက ကျောက်တန်းမြို့နယ်၊ နေပြည်တော်တိုင်ဒေသကြီးက ဇေယျာသီရိမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးက ပုလောမြို့နယ်၊ ကယားပြည်နယ်က ဖားဆောင်းမြို့နယ်၊ ကရင်ပြည်နယ်က လှိုင်းဘွဲ့မြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ်၊ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊  ကချင်ပြည်နယ်က ၀ိုင်းမော်မြို့နယ် နှင့် ရခိုင်ပြည်နယ်က စစ်တွေမြို့နယ် စသည့် မြို့နယ်(၁၇)မြို့နယ်ကို ဆုပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။


ဧပြီလ (၇) ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် WHO ၏ ကမ္ဘာ့ကျန်းမာရေးနေ့ထုတ်ပြန်ချက်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေကြဆဲဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများသည် ကျန်းမာရေးဝန်ထမ်းများအကူအညီမရဘဲ မီးဖွားနေကြရဆဲဖြစ်ကြောင်း ဖေါ်ပြထားသည်။

ယင်းအပြင် ကလေးငယ်သန်းပေါင်းများစွာမှာလည်း ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိဖြစ်နေကြပြီး HIV ၊ TB နှင့် ငှက်ဖျားရောဂါခံစားနေရသူ သန်းပေါင်းများစွာမှာလည်း ကုသမှုမရရှိဘဲ သေဆုံးနေကြရသည်ဟု ဖေါ်ပြထားသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၈ခုနှစ်အတွက် ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည် ထူးချွန်မြို့နယ်ဆုကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်က ရရှိသွားကြောင်း သိရသည်။

နပြေည်တော်တွင် ၂၀၁၉ ခုနှစ် ဧပြီလ (၇)ရက်နေ့ နံနက်က ကျင်းပသည့် ဗဟိုအဆင့် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် အဆိုပါဆုကို ချီးမြှင့်ရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ဆု လက်ခံရယူခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ၂၀၁၈ခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသည့် မြို့နယ်များတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရွာငံ တို့က ရရှိပြီး မန္တလေးတိုင်းဒေသကြီးက မိုးကုတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးက အိမ်မဲမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ကဝမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက အရာတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးက ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက ကျောက်တန်းမြို့နယ်၊ နပြေည်တော်တိုင်ဒေသကြီးက ဇေယျာသီရိမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးက ပုလောမြို့နယ်၊ ကယားပြည်နယ်က ဖားဆောင်းမြို့နယ်၊ ကရင်ပြည်နယ်က လှိုင်းဘွဲ့မြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ်၊ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ် နှင့် ရခိုင်ပြည်နယ်က စစ်တွမြေို့နယ် စသည့် မြို့နယ်(၁၇)မြို့နယ်ကို ဆုပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၁၈ခုနှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် စံပြမြို့နယ်နှင့်စံပြတိုက်နယ်ဆေးရုံ (၁၄)ခုကိုလည်း ဆုပေးအပ်ချီးမြှင့်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် စံပြမြို့နယ်ဆေးရုံအဖြစ် မိုင်းတုံပြည်သူ့ဆေးရုံက ရရှိပြီး စံပြတိုက်နယ်ဆေးရုံအဖြစ် မိုင်းယောင်းမြို့နယ် မိုင်းယုတိုက်နယ်ဆေးရုံက ဆုရရှိခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ (၇) ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် WHO၏ ကမ္ဘာ့ကျန်းမာရေးနေ့ထုတ်ပြန်ချက်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနကြေဆဲဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများသည် ကျန်းမာရေးဝန်ထမ်းများအကူအညီမရဘဲ မီးဖွားနကြေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ကလေးငယ်သန်းပေါင်းများစွာမှာလည်း ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိဖြစ်နကြပြေီး HIV၊ TB နှင့် ငှက်ဖျားရောဂါခံစားနေရသူ သန်းပေါင်းများစွာမှာလည်း ကုသမှုမရရှိဘဲ သေဆုံးနကြေရသည်ဟု ဖော်ပြထားသည်။

Tachileik News Agency
ဓာတ်ပုံ - Shwe Win၊ Myint Kyaw Kani

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net