ဆီဆိုင်မြို့ဖက်မှ လူအင်အား ရိက္ခာအပြည့် တင်ဆောင်လာသော စစ်ကား အစီး (၂၀) ဝန်းကျင် လွိုင်ကော်မြို့သို့ ရောက်ရှိနေ

ဆီဆိုင်မြို့ဖက်မှ လူအင်အား ရိက္ခာအပြည့် တင်ဆောင်လာသော စစ်ကား အစီး (၂၀) ဝန်းကျင် လွိုင်ကော်မြို့သို့ ရောက်ရှိနေ
ဇွန် 17, 2021 | ကယား

ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့ဖက်မှ စင်အင်အားနှင့် ရိက္ခာအပြည့်တင်ဆောင်လာသော စစ်ယာဥ်တန်း အစီး(၂၀) ဝန်းကျင်မှာ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် လွိုင်ကော်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆိုက်ခေါင် - ဆီဆိုင်- လွိုင်လင်လေး လမ်းကြောင်းအတိုင်း စစ်တပ်အင်အားနှင့် ရိက္ခာများ တင်ဆောင်လာသော အဆိုပါ စစ်ယာဥ်တန်းမှာ ဇွန်လ (၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် လွိုင်ကော်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကားကတော့ အစီး (၂၀) ဝန်းကျင်ပါ။ မိုးကာတွေအုပ်ပြီး ဆင်းလာကြတာပါ။ လူကော ရိက္ခာတွေပါ ပါတာတွေ့တယ်။ ဆီဆိုင်လမ်းဖက်က ဆင်းလာကြတာ။ အခုတော့ လွိုင်ကော်ကို ရောက်လာပါပြီ။

ဟု ရှမ်း-ကယားနယ်စပ် လွိုင်လင်လေး မြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇွန်လ (၁၅)ရက်နေ့တွင် ကယားပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ယာယီရပ်နားထားခဲ့ပြီး စစ်ကောင်စီထဖက်မှ တောက်လျှောက် စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။