တာခ်ီလိတ္ မိုင္းဆတ္ ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းမွ တစ္ႏွစ္စာအခမဲ့ သင္တန္းသား (၉) ဦးေရြးခ်ယ္

တာခ်ီလိတ္ မိုင္းဆတ္ ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းမွ တစ္ႏွစ္စာအခမဲ့ သင္တန္းသား (၉) ဦးေရြးခ်ယ္
ဧပြီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္ မိုင္းဆတ္ၿမိဳ႕တို႔တြင္ ဖြင့္လွစ္ထားသည့္ ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းက သင္တန္းေၾကးအခမဲ့ျဖင့္ တက္ေရာက္ႏိုင္မည့္ ေဘာလံုးအားကစားသင္တန္းသား (၉) ဦးကို တာခ်ီလိတ္ၿမိဳ႕မအားကစားကြင္းတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၄)ရက္ေန႔ နံနက္က ေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

သင္တန္းေၾကး (၁) ႏွစ္စာအခမဲ့ျဖင့္ တက္ေရာက္ႏိုင္မည့္ အသက္ (၁၂) ႏွစ္မွ (၁၆) ႏွစ္ေအာက္ သင္တန္းသားေရြးခ်ယ္ပြဲတြင္ (၂၆) ဦး၀င္ေရာက္ အေရြးခ်ယ္ခံခဲ့ရာ ယင္းတို႔ထဲမွ (၉) ဦးကို စီစစ္ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ၿမိဳ႕နယ္ထဲမွာရိွတဲ့ ေဘာလံုးနဲ႔ပတ္သက္ၿပီး စိတ္၀င္စားၿပီးထူးခၽြန္တဲ့ကေလးေတြ ေျမေတာင္ေျမွာက္ေပးခ်င္တဲ့ ဆႏၵပါခင္ဗ်။ ေဘာလံုးနဲ႔ပတ္သက္ၿပီး ထူးခၽြန္တဲ့ ရြက္ပုန္းသီးေလးေတြရိွေနရင္ သူတို႔ကို အားေပးအားေျမႇာက္ျပဳခ်င္တဲ့ ဆႏၵနဲ႔ ေရြးခ်ယ္လိုက္တာပါ။ မေရြးခ်ယ္ခံရတဲ့ကေလးေတြ သင္တန္းလာတက္ခ်င္လည္း ရပါတယ္ခင္ဗ်။ သင္တန္းေၾကးေတာ့ေပးရတာေပါ့"ဟု ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းျပည္နယ္နယ္အေရွ႕ပိုင္းမွ လူငယ္ကစားသမားမ်ားကို ႏိုင္ငံလက္ေရြးစင္ႏွင့္ ကလပ္အသင္းမ်ားတြင္ ထူးခၽြန္သည့္ အားကစားသမားမ်ားအျဖစ္ ေမြးထုတ္ေပးႏိုင္ရန္ ရည္ရြယ္ခ်က္ျဖင့္ ေရြမဟာေဘာလံုးအကယ္ဒမီေက်ာင္းကို ၂၀၁၈ ခုႏွစ္က စတင္တည္ေထာင္ခဲ့ၿပီး ႏိုင္ငံလက္ေရြးစင္အျဖစ္ ႏိုင္ငံေတာ္မွ ရန္ကုန္၊ မႏၱေလး၊ ပုသိမ္ႏွင့္ ေနျပည္ေတာ္တြင္ဖြင့္လွစ္ထားသည့္ ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားႏွင့္ တန္းတူေရြးခ်ယ္ခြင့္ရိွေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဖွင့်လှစ်ထားသည့် ရွှေမဟာဘောလုံးအကယ်ဒမီကျောင်းက သင်တန်းကြေးအခမဲ့ဖြင့် တက်ရောက်နိုင်မည့် ဘောလုံးအားကစားသင်တန်းသား (၉) ဦးကို တာချီလိတ်မြို့မအားကစားကွင်းတွင် ၂၀၁၉ခုနှစ် ဧပြီလ(၄)ရက်နေ့ နံနက်က ရွေးချယ်ခဲ့ကြောင်း သိရသည်။

သင်တန်းကြေး (၁) နှစ်စာအခမဲ့ဖြင့် တက်ရောက်နိုင်မည့် အသက် (၁၂) နှစ်မှ (၁၆) နှစ်အောက် သင်တန်းသားရွေးချယ်ပွဲတွင် (၂၆) ဦးဝင်ရောက် အရွေးချယ်ခံခဲ့ရာ ယင်းတို့ထဲမှ (၉) ဦးကို စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မြို့နယ်ထဲမှာရှိတဲ့ ဘောလုံးနဲ့ပတ်သက်ပြီး စိတ်ဝင်စားပြီးထူးချွန်တဲ့ကလေးတွေ မြေတောင်မြှောက်ပေးချင်တဲ့ ဆန္ဒပါခင်ဗျ။ ဘောလုံးနဲ့ပတ်သက်ပြီး ထူးချွန်တဲ့ ရွက်ပုန်းသီးလေးတွေရှိနေရင် သူတို့ကို အားပေးအားမြှောက်ပြုချင်တဲ့ ဆန္ဒနဲ့ ရွေးချယ်လိုက်တာပါ။ မရွေးချယ်ခံရတဲ့ကလေးတွေ သင်တန်းလာတက်ချင်လည်း ရပါတယ်ခင်ဗျ။ သင်တန်းကြေးတော့ပေးရတာပေါ့"ဟု ရွှေမဟာဘောလုံးအကယ်ဒမီကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်နယ်အရှေ့ပိုင်းမှ လူငယ်ကစားသမားများကို နိုင်ငံလက်ရွေးစင်နှင့် ကလပ်အသင်းများတွင် ထူးချွန်သည့် အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရွေမဟာဘောလုံးအကယ်ဒမီကျောင်းကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ် နိုင်ငံတော်မှ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် နပြေည်တော်တွင်ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီကျောင်းများနှင့် တန်းတူရွေးချယ်ခွင့်ရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net