တာချီလိတ်မြို့ ထေရ၀ါဒတောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ကြီး၏ ပုံတူရုပ်တုတော်အား ထိုင်းနိုင်ငံမှ ပင့်ဆောင်ခဲ့ကာ မြို့တွင်းလှည့်လည်ပြီး ကျောင်းတိုက်တွင် ထားရှိ

တာချီလိတ်မြို့ ထေရ၀ါဒတောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ကြီး၏ ပုံတူရုပ်တုတော်အား ထိုင်းနိုင်ငံမှ ပင့်ဆောင်ခဲ့ကာ မြို့တွင်းလှည့်လည်ပြီး ကျောင်းတိုက်တွင် ထားရှိ
ဧပွီ 26, 2018
By Tachileik News Agency




တာချီလိတ်မြို့  ထေရ၀ါဒတောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၏  ဦးစီးပဓာန၊ နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တရေ၀တ(ဓမ္မာစရိယ) သည် ၂၀၁၆ခုနှစ် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါမှာ (၂)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့်  ပုံတုရုပ်တုအား ပြုလုပ် ပူဇော်ခြင်းနှင့်အတူ  ရေစက်ချပွဲ အကြို (၇)ရက်တိုင်တိုင် (၁၀)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ(၂၉)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေစက်ချပွဲ အကြို (၇)ရက်တိုင်တိုင် (၁၀)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ  ကျင်းပနေစဉ် အတွင်း သံဃာတော်များအား  အရုဏ်ဆွမ်း (၁)ရက်လျှင် ဘတ်(၃၀၀၀)ဖြင့် လည်းကောင်း၊ နေ့ဆွမ်း (၁)ရက်လျှင် ဘတ်(၅၀၀၀)ဖြင့် လည်းကောင်း အဆိုပါ ကျောင်းတိုက်သို့ စေတနာရှင်များ အနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ဘဝနတ်ထံပျံလွန်သွားပြီဖြစ်သော တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ထေရဝါဒတောင်တန်း သာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၏ ဖိုင်ဘာပုံတူ ရုပ်တုတော်အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့ရှိ အဆိုပါ ကျောင်းတိုက်သို့ ဧပြီလ(၂၆)ရက်နေ့ နေ့လယ်ပိုင်းက ပင့်ဆောင်ခဲ့ကြသည်။

အဆိုပါ ပုံတူရုပ်တုတော်အား မယ်ဆိုင်မြို့တွင် ပြုလုပ်ပြီးစီးသည့်အတွက် တာချီလိတ်မှ စုပေါင်း၍ သွားရောက် ပင့်ဆောင်ခဲ့ကြပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ လေယာဉ်ကွင်း လမ်းဆုံအထိ လှည့်လည်ခဲ့ကာ ထိုမှတဆင့် ရုပ်တုတော်ထားရှိမည့် ထေရဝါဒတောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်သို့ ပင့်ဆောင်ခဲ့ကြသည်။

ဖိုင်ဘာပုံတူရုပ်တု၏ တန်ဖိုးမှာ ထိုင်းဘတ်ငွေ(၁၃၀,ဝဝဝ)ရှိပြီး ပန်းပုဆရာမှာ ချင်းရိုင်းတွင် နေထိုင်သူဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံတွင် ပန်းပုဒုတိယဆု ရရှိထားသူဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ထေရဝါဒတောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၏ ဦးစီးပဓာန၊ နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တရေဝတ(ဓမ္မာစရိယ) သည် ၂၀၁၆ခုနှစ် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါမှာ (၂)နှစ်ပြည့် အထိမ်းအမှတ် အနဖြေင့် ပုံတုရုပ်တုအား ပြုလုပ် ပူဇော်ခြင်းနှင့်အတူ ရေစက်ချပွဲ အကြို (၇)ရက်တိုင်တိုင် (၁၀)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ(၂၉)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေစက်ချပွဲ အကြို (၇)ရက်တိုင်တိုင် (၁၀)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပနေစဉ် အတွင်း သံဃာတော်များအား အရုဏ်ဆွမ်း (၁)ရက်လျှင် ဘတ်(၃၀၀၀)ဖြင့် လည်းကောင်း၊ နေ့ဆွမ်း (၁)ရက်လျှင် ဘတ်(၅၀၀၀)ဖြင့် လည်းကောင်း အဆိုပါ ကျောင်းတိုက်သို့ စေတနာရှင်များ အနဖြေင့် လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ပုံတူရုပ်တုတော် လှူဒါန်းမှု အစုစုအတွက် ရေစက်ချပွဲအား မေလ(၆)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~