ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ရြာငံၿမိဳ႕ ေရဦးေစ်းတြင္ လူငယ္ (၂၀၀) ေက်ာ္ စုေပါင္း အမႈိက္ေကာက္ရာ အမႈိက္သိမ္းယာဥ္(၁၈)စီးစာ အမႈိက္မ်ားသိမ္းဆည္းခဲ့ရလ

ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ရြာငံၿမိဳ႕ ေရဦးေစ်းတြင္ လူငယ္ (၂၀၀) ေက်ာ္ စုေပါင္း အမႈိက္ေကာက္ရာ အမႈိက္သိမ္းယာဥ္(၁၈)စီးစာ အမႈိက္မ်ားသိမ္းဆည္းခဲ့ရလ
မတ် 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံၿမိဳ႕ရိွ ေရဦးေစ်းတြင္ ၂၀၁၉ခုႏွစ္ မတ္လ (၂၆) ရက္ေန႔ နံနက္က လူငယ္ (၂၀၀) ေက်ာ္ျဖင့္ စုေပါင္းအမိႈက္ေကာက္ခဲ့ရာတြင္ အမိႈက္သိမ္းယာဥ္ (၁၈) စီးစာ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ (၈) နာရီမွာ လူစစုတယ္။ (၈) နာရီခြဲမွာ အမိႈက္စေကာက္တာ (၁၂) နာရီခြဲေလာက္မွာၿပီးတယ္။ ေထြအုပ္ကခြင့္ျပဳတယ္၊ အစည္းအေ၀းရိွေနလို႔ မလာဘူးဗ်။ ရြာငံစည္ပင္က ကားတစ္စီးလႊတ္ေပးတယ္။ အနီးတစ္၀ိုက္က ပရဟိတလူငယ္ေတြလာကူတာေပါ့။ ေစ်းဆိုင္ တစ္ဆိုင္တစ္ဆိုင္က အမိႈက္ကနည္းတာ မဟုတ္ဘူး။ တစ္ဆိုင္တစ္ဆိုင္ကို အမိႈက္ျခင္းနဲ႔ ႏွစ္ျခင္း အနည္းဆံုးထြက္တယ္။ အမိႈက္ကားနဲ႔ (၁၈) စီးရတယ္။ အဲတာေတာင္မီးရိႈ႕တာေတြ မပါေသးဘူး"ဟု ကိုစိုင္းလူေခးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရြာငံၿမို႕နယ္အတြင္းရိွ ပရဟိတအသင္းမ်ားစုေပါင္းၿပီး အမိႈက္ကင္းစင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္သြားရန္လည္း စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။ 

"(၅) ရက္တစ္ေစ်းမွာ ရြာငံၿမိဳ႕နယ္မွာေတာ့ အႀကီးဆံုးေစ်းေပါ့။ ေရဦးေစ်းက။ ပလက္စတစ္အမိႈက္ပံုးခ်မယ့္အစား အမိႈက္ေတြ အမ်ားဆံုးထြက္တဲ့ ေနရာဆိုေတာ့ ျခင္းၾကားေတြနဲ႔ ေရလံုအိတ္နဲ႔ထားေပးမွာေပါ့။ ေစ်းသယ္ေတြက အမိႈက္ပစ္ဖို႔ ေနရာမရိွဘူး။ ေစ်းေရာင္းၿပီးတာနဲ႔ဆိုင္ေရွ႕မွာပဲပစ္ထားခဲ့တာ။ ေစ်းေကာက္ရိွတယ္။ အမိႈက္သိမ္းအဖြဲ႕က အမိႈက္ကို ျပန္မသိမ္းဘူး။ ေစ်းဆိုင္ေအာက္ပဲ လွဲလွဲထည့္တာ။ အဲဒီလိုႏွစ္ေပါင္းမ်ားစြာ ၾကာလာေတာ့ ေစ်းကေတာ္ေတာ္ အေျခအေနဆိုးၿပီး နံလာတယ္"ဟု စိုင္းလူေခးက ေျပာသည္။

ရြာငံၿမိဳ႕အတြင္း ေရဦးေစ်းမွစတင္ၿပီး အျခားေနရာမ်ားတြင္ ဆက္လက္အမိႈက္ေကာက္သြားရန္စီစဥ္ထားၿပီး အမိႈက္မ်ားစနစ္တက် စြန္႔ပစ္ႏိုင္ရန္ အမႈိက္ပံုမ်ားထားရွိေပးသြားမည္ျဖစ္ၿပီး အသိပညာေပးအေနျဖင့္ လက္ကမ္းစာေစာင္မ်ား ႏွင့္ သတိေပးဗီႏိုင္းမ်ားလည္း ျဖန္႔ေ၀ထားရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - စိုင္းလူေခး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

းရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ရှိ ရေဦးဈေးတွင် ၂၀၁၉ခုနှစ် မတ်လ (၂၆) ရက်နေ့ နံနက်က လူငယ် (၂၀၀) ကျော်ဖြင့် စုပေါင်းအမှိုက်ကောက်ခဲ့ရာတွင် အမှိုက်သိမ်းယာဉ် (၁၈) စီးစာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ (၈) နာရီမှာ လူစစုတယ်။ (၈) နာရီခွဲမှာ အမှိုက်စကောက်တာ (၁၂) နာရီခွဲလောက်မှာပြီးတယ်။ ထွေအုပ်ကခွင့်ပြုတယ်၊ အစည်းအေဝးရှိနေလို့ မလာဘူးဗျ။ ရွာငံစည်ပင်က ကားတစ်စီးလွှတ်ပေးတယ်။ အနီးတစ်ဝိုက်က ပရဟိတလူငယ်တွေလာကူတာပေါ့။ ဈေးဆိုင် တစ်ဆိုင်တစ်ဆိုင်က အမှိုက်ကနည်းတာ မဟုတ်ဘူး။ တစ်ဆိုင်တစ်ဆိုင်ကို အမှိုက်ခြင်းနဲ့ နှစ်ခြင်း အနည်းဆုံးထွက်တယ်။ အမှိုက်ကားနဲ့ (၁၈) စီးရတယ်။ အဲတာတောင်မီးရှို့တာတွေ မပါသေးဘူး"ဟု ကိုစိုင်းလူခေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရွာငံမြို့နယ်အတွင်းရှိ ပရဟိတအသင်းများစုပေါင်းပြီး အမှိုက်ကင်းစင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"(၅) ရက်တစ်ဈေးမှာ ရွာငံမြို့နယ်မှာတော့ အကြီးဆုံးဈေးပေါ့။ ရေဦးဈေးက။ ပလက်စတစ်အမှိုက်ပုံးချမယ့်အစား အမှိုက်တွေ အများဆုံးထွက်တဲ့ နေရာဆိုတော့ ခြင်းကြားတွေနဲ့ ရေလုံအိတ်နဲ့ထားပေးမှာပေါ့။ ဈေးသယ်တွေက အမှိုက်ပစ်ဖို့ နေရာမရှိဘူး။ ဈေးရောင်းပြီးတာနဲ့ဆိုင်ရှေ့မှာပဲပစ်ထားခဲ့တာ။ ဈေးကောက်ရှိတယ်။ အမှိုက်သိမ်းအဖွဲ့က အမှိုက်ကို ပြန်မသိမ်းဘူး။ ဈေးဆိုင်အောက်ပဲ လှဲလှဲထည့်တာ။ အဲဒီလိုနှစ်ပေါင်းများစွာ ကြာလာတော့ ဈေးကတော်တော် အခြေအနေဆိုးပြီး နံလာတယ်"ဟု စိုင်းလူခေးက ပြောသည်။

ရွာငံမြို့အတွင်း ရေဦးဈေးမှစတင်ပြီး အခြားနေရာများတွင် ဆက်လက်အမှိုက်ကောက်သွားရန်စီစဉ်ထားပြီး အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံများထားရှိပေးသွားမည်ဖြစ်ပြီး အသိပညာပေးအနဖြေင့် လက်ကမ်းစာစောင်များ နှင့် သတိပေးဗီနိုင်းများလည်း ဖြနေ့်ဝထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စိုင်းလူခေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net