တာခ်ီလိတ္ - မိုင္းဆတ္ ေရႊမဟာေဘာလံုးအကယ္ဒမီမွ သင္တန္းသားမ်ားကို ႏိုင္ငံျခားကလပ္အသင္းမ်ားႏွင့္ ေျခစမ္းေလ့က်င့္မည္

တာခ်ီလိတ္ - မိုင္းဆတ္ ေရႊမဟာေဘာလံုးအကယ္ဒမီမွ သင္တန္းသားမ်ားကို ႏိုင္ငံျခားကလပ္အသင္းမ်ားႏွင့္ ေျခစမ္းေလ့က်င့္မည္
ဇန်နဝါရီ 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ အသိအမွတ္ျပဳ ဖြင့္လွစ္ ထားသည့္ ေရႊမဟာ ေဘာလံုးအကယ္ဒမီမွ သင္တန္းသားမ်ားကို ေလ့က်င့္သင္ၾကားေပးရာတြင္ ႏိုင္ငံတကာ အေတြ႕အႀကံဳ ရရိွေစရန္ ႏိုင္ငံျခား ကလပ္အသင္းမ်ားႏွင့္ ေျခစမ္းေလ့က်င့္သြားႏိုင္ရန္လည္း စီစဥ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ေရႊမဟာေဘာလံုးအကယ္ဒမီရဲ႕ အားသာခ်က္က ႏိုင္ငံျခားကလပ္ေတြနဲ႔ သြားကစားမယ္။ ထိုင္းကလပ္ေတြ နဲ႔ သြားကစားမယ္။ လာအိုကရိွတဲ့ ကလပ္ေတြနဲ႔ သြားကစားမယ္ဆိုရင္ ေလယာဥ္နဲ႔ ကားနဲ႔ သီးသန္႔သြားစရာ မလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ေက်ာင္းနဲ႔ ထိုင္းနယ္စပ္ျဖစ္တဲ့ မယ္ဆိုင္နဲ႔က အမွတ္ (၁) တံတားကသြားရင္ နီးနီးေလးပါပဲ။ သူတို႔ကလည္း ကၽြန္ေတာ္တို႔ဆီ ေန႔ခ်င္းေပါက္ ခဏေလး လာကစားလို႔ရသလို ကၽြန္ေတာ္တို႔ကလည္း သြားလို႔ရပါ တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ အားသာခ်က္က ဘာလဲဆိုရင္ ႏိုင္ငံျခားကလပ္အသင္းေတြနဲ႔ မၾကာခဏ ထိေတြၿပီးေတာ့ ေျခစမ္းႏိုင္တဲ့ အခြင့္အေရး ကၽြန္ေတာ္တို႔မွာ ရိွပါတယ္။ ကေလးေတြရဲ႕ အရည္အေသြးကလည္း အမ်ားႀကီးတိုးတက္ လာမယ္လို႔ယံုၾကည္ပါတယ္”ဟု ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္း၏ ေက်ာင္းအုပ္ႀကီး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ႏိုင္ငံ့လက္ေရြးစင္ေရြးခ်ယ္ရာတြင္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလး၊ ပုသိမ္တို႔ရိွ အမ်ိဳးသားေဘာလုံးအကယ္ဒမီမ်ားမွ ေက်ာင္းသားမ်ားႏွင့္အတူ ေရြးခ်ယ္ခံႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေရႊမဟာေဘာလံုးအကယ္းမီေက်ာင္းကို ၂၀၁၉ ခုႏွစ္ မတ္လ ၁ ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး တက္ေရာက္ လိုသူမ်ားအေနျဖင့္ ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသိအမှတ်ပြု ဖွင့်လှစ် ထားသည့် ရွှေမဟာ ဘောလုံးအကယ်ဒမီမှ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးရာတွင် နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် နိုင်ငံခြား ကလပ်အသင်းများနှင့် ခြေစမ်းလေ့ကျင့်သွားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ရွှေမဟာဘောလုံးအကယ်ဒမီရဲ့ အားသာချက်က နိုင်ငံခြားကလပ်တွေနဲ့ သွားကစားမယ်။ ထိုင်းကလပ်တွေ နဲ့ သွားကစားမယ်။ လာအိုကရှိတဲ့ ကလပ်တွေနဲ့ သွားကစားမယ်ဆိုရင် လေယာဉ်နဲ့ ကားနဲ့ သီးသန့်သွားစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကျောင်းနဲ့ ထိုင်းနယ်စပ်ဖြစ်တဲ့ မယ်ဆိုင်နဲ့က အမှတ် (၁) တံတားကသွားရင် နီးနီးလေးပါပဲ။ သူတို့ကလည်း ကျွန်တော်တို့ဆီ နေ့ချင်းပေါက် ခဏလေး လာကစားလို့ရသလို ကျွန်တော်တို့ကလည်း သွားလို့ရပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲဆိုရင် နိုင်ငံခြားကလပ်အသင်းတွေနဲ့ မကြာခဏ ထိတွပြေီးတော့ ခြေစမ်းနိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိပါတယ်။ ကလေးတွေရဲ့ အရည်အသွေးကလည်း အများကြီးတိုးတက် လာမယ်လို့ယုံကြည်ပါတယ်”ဟု ရွှေမဟာဘောလုံးအကယ်ဒမီကျောင်း၏ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နိုင်ငံ့လက်ရွေးစင်ရွေးချယ်ရာတွင် နပြေည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်တို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီများမှ ကျောင်းသားများနှင့်အတူ ရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေမဟာဘောလုံးအကယ်းမီကျောင်းကို ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တက်ရောက် လိုသူများအနဖြေင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~