တာခ်ီလိတ္တြင္ ပထမဆံုးအႀကိမ္အျဖစ္ ဆီမီးတစ္ေသာင္းပူေဇာ္ပြဲအား စုေပါင္းက်င္းပ

တာခ်ီလိတ္တြင္ ပထမဆံုးအႀကိမ္အျဖစ္ ဆီမီးတစ္ေသာင္းပူေဇာ္ပြဲအား စုေပါင္းက်င္းပ
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္ေတာ္ေပၚတြင္ ပထမဆံုးအႀကိမ္ အျဖစ္ ဆီမီးတစ္ေသာင္းကပ္လွဴပူေဇာ္ပြဲကို  ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ တပို႔တြဲလျပည့္ ည(၇)နာရီအခ်ိန္က စတင္က်င္းပခဲ့ၾကသည္။

“ကြ်န္ေတာ္တို႔  ၿမိဳ႕မိ၊ ၿမိဳ႕ဖေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ဌာနဆိုင္ရာေတြ အဲဒီလိုပူးေပါင္းၿပီး လုပ္တဲ့ပြဲပါပဲ။ တစ္ျခားရည္ရြယ္ခ်က္ မရိွပါဘူး။ ေကာင္းမႈတစ္ခုကို စုေပါင္းၿပီးျပဳတာေပါ့။ ၿမိဳ႕အတြက္လည္း ေကာင္းမႈတစ္ခု ေျမာက္သြားေအာင္ေပါ့။ ေနာက္ႏွစ္ေတြ လုပ္ဖို႔အတြက္ ပထမအႀကိမ္ဆိုတာ ထည့္ထားတာေပါ့။ တပိုတြဲလျပည့္ေနတိုင္း လုပ္သြားမွာေပါ့။ ဆီမီး တစ္ေသာင္း ဆိုေတာ့ ဘုရားတစ္ခုလံုး ေတာ္ေတာ္ေလး သပၸါယ္တာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕ မဇိၨဳမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပထမဆံုးအႀကိမ္အျဖစ္ ဆီမီးတစ္ေသာင္းကပ္လွဴပူေဇာ္ပြဲသို႔ တာခ်ီလိတ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ေဇာ္၀င္းေဌးႏွင့္ ခရိုင္အဆင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားမွ ပါ၀င္ကာ ဆီမီးဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္ေတာ္တြင္ ယခင္က သီတင္းကြ်တ္လျပည့္၊ တန္ေဆာင္မုန္းလျပည့္ ႏွင့္ ေန႔ႀကီးအခါႀကီး လျပည့္ေန႔မ်ားတြင္ ဆီမီးတစ္ေထာင္အျဖစ္ ကပ္လွဴပူေဇာ္ျခင္းမ်ားရွိခဲ့ေသာ္လည္း ယခုအခါမွာ ပထမဆံုးအႀကိမ္အျဖစ္ ဆီမီးတစ္ေသာင္းအား ကပ္လွဴပူေဇာ္ၾကျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ တပို့တွဲလပြည့် ည(၇)နာရီအချိန်က စတင်ကျင်းပခဲ့ကြသည်။

“ကျွန်တော်တို့ မြို့မိ၊ မြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာတွေ အဲဒီလိုပူးပေါင်းပြီး လုပ်တဲ့ပွဲပါပဲ။ တစ်ခြားရည်ရွယ်ချက် မရှိပါဘူး။ ကောင်းမှုတစ်ခုကို စုပေါင်းပြီးပြုတာပေါ့။ မြို့အတွက်လည်း ကောင်းမှုတစ်ခု မြောက်သွားအောင်ပေါ့။ နောက်နှစ်တွေ လုပ်ဖို့အတွက် ပထမအကြိမ်ဆိုတာ ထည့်ထားတာပေါ့။ တပိုတွဲလပြည့်နေတိုင်း လုပ်သွားမှာပေါ့။ ဆီမီး တစ်သောင်း ဆိုတော့ ဘုရားတစ်ခုလုံး တော်တော်လေး သပ္ပါယ်တာပေါ့”ဟု တာချီလိတ်မြို့ မဇိ္ဇုမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲသို့ တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဇော်ဝင်းဌေးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများမှ ပါဝင်ကာ ဆီမီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တော်တွင် ယခင်က သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့် နှင့် နေ့ကြီးအခါကြီး လပြည့်နေ့များတွင် ဆီမီးတစ်ထောင်အဖြစ် ကပ်လှူပူဇော်ခြင်းများရှိခဲ့သော်လည်း ယခုအခါမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးတစ်သောင်းအား ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~