ရွမ္းျပည္နယ္ေျမာက္ပိုင္း ၾကဴကုတ္ပန္ဆိုင္းေဒသအတြင္း ဧၿပီလ(၂၁)ရက္ေန႔ ညေနပိုင္းအထိ တိုက္ပြဲမ်ား ျဖစ္ပြားေန

ရွမ္းျပည္နယ္ေျမာက္ပိုင္း ၾကဴကုတ္ပန္ဆိုင္းေဒသအတြင္း ဧၿပီလ(၂၁)ရက္ေန႔ ညေနပိုင္းအထိ တိုက္ပြဲမ်ား ျဖစ္ပြားေန
ဧပြီ 21, 2019
By Tachileik News Agency

စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား (၄)လတာ ရပ္ဆိုင္းေပးထားသည့္ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမအတြင္းျဖစ္သည့္ ၾကဴကုတ္ပန္ဆိုင္းေဒသအတြင္း ဧၿပီလ(၂၁)ရက္ေန႔ ညေန(၄)နာရီအထိ တပ္မေတာ္ ႏွင့္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမအတြင္းျဖစ္သည့္ ၾကဴကုတ္ပန္ဆိုင္းေဒသအတြင္း မံုးေပၚေတာင္ဘက္ ေတာင္ေၾကာတစ္ေလွ်ာက္တြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၀)ရက္ေန႔က တပ္မေတာ္ႏွင့္ KIA တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ဧၿပီလ(၂၁)ရက္ေန႔ ညေနပိုင္းအခ်ိန္အထိ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနေၾကာင္း သိရသည္။

ဧၿပီလ(၂၁)ရက္ေန႔ ညေန(၄)နာရီအခ်ိန္အထိ တိုက္ပြဲျဖစ္ပြားေနလ်က္ရွိေၾကာင္းႏွင့္ လက္နက္ႀကီးသံမ်ား ေနရာအႏွ႔ံၾကားေနရေၾကာင္းလည္းသိရသည္။

တပ္မေတာ္က ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမႏွင့္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမမ်ားရိွ NCA လက္မွတ္ေရးထုိးရန္ က်န္ရိွေနသည့္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလံုးႏွင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးအတြက္ အဖြဲ႕တစ္ဖြဲ႕ခ်င္းအလုိက္ ညိႇႏိႈင္း ေဆြးေႏြးသြားရန္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ဧၿပီလ (၃၀)ရက္ေန႔အထိ ရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားရွိေသာ္လည္း အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားေနလ်က္ရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ (၄)လတာ ရပ်ဆိုင်းပေးထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းဖြစ်သည့် ကြူကုတ်ပန်ဆိုင်းဒေသအတွင်း ဧပြီလ(၂၁)ရက်နေ့ ညနေ(၄)နာရီအထိ တပ်မတော် နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းဖြစ်သည့် ကြူကုတ်ပန်ဆိုင်းဒေသအတွင်း မုံးပေါ်တောင်ဘက် တောင်ကြောတစ်လျှောက်တွင် ၂၀၁၉ခုနှစ် ဧပြီလ(၂၀)ရက်နေ့က တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဧပြီလ(၂၁)ရက်နေ့ ညနေပိုင်းအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဧပြီလ(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်းနှင့် လက်နက်ကြီးသံများ နေရာအနှံ့ကြားနေရကြောင်းလည်းသိရသည်။

တပ်မတော်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်း ဆွေးနွေးသွားရန် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိသော်လည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net