တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် ရဲစခန်းဘေးရှိ စတိုးဆိုင်ကို ဖေါက်ထွင်းခိုးယူသည့် ရဲတပ်သားအား ဖမ်းဆီးအရေးယူထား

တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် ရဲစခန်းဘေးရှိ စတိုးဆိုင်ကို ဖေါက်ထွင်းခိုးယူသည့် ရဲတပ်သားအား ဖမ်းဆီးအရေးယူထား
ဧပွီ 16, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ရဲစခန်းဘေးမှ စတိုးဆိုင်ကို ဖေါက်ထွင်းဝင်ရောက်ခိုးယူသည့် ရဲတပ်သားအား ခိုးမှုဖြင့် အမှုဖွင့်ထားသည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းဘေးရှိ ရွှေနှင်းဆီစတိုးဆိုင်နှင့် ဖုန်းဆိုင်နေအိမ်မှ မိသားစုသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်အချိန်တွင် အပြင်မှနေအိမ်သို့ပြန်ရောက်လာချိန်တွင် မျက်နှာကျက်မှန် (၄)ချပ်ကွဲနေပြီး နေအိမ်အတွင်း အံဆွဲများ၊ ဗီရိုတံခါးများပွင့်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။




Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ရဲစခန်းဘေးမှ စတိုးဆို်င်ကို ဖောက်ထွင်းဝင်ရောက်ခိုးယူသည့် ရဲတပ်သားအား ခိုးမှုဖြင့် အမှုဖွင့်ထားသည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းဘေးရှိ ရွှေနှင်းဆီစတိုးဆိုင်နှင့် ဖုန်းဆိုင်နေအိမ်မှ မိသားစုသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်အချိန်တွင် အပြင်မှနေအိမ်သို့ပြန်ရောက်လာချိန်တွင် မျက်နှာကျက်မှန် (၄)ချပ်ကွဲနပြေီး နေအိမ်အတွင်း အံဆွဲများ၊ ဗီရိုတံခါးများပွင့်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အတွင်း စစ်ဆေးရာ ဖုန်း (၂)လုံး၊ မြန်မာငွေ ကျပ်တစ်သိန်းခွဲ၊ ရွှေ(၅)မူးသား လက်စွပ်တစ်ကွင်းနှင့် မီးခံသေတ္တာသော့တစ်ချောင်းတို့ ပျောက်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဧပြီလ (၁၅)ရက်နေ့ ည(၈)နာရီ အချိန်တွင် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ ရှိချက်များအရ မသင်္ကာဖွယ်ဖြစ်သည့် ရဲတပ်သား မင်းပြည့်စုံအား စစ်ဆေးရာ၎င်း၏နေအိမ်လိုင်းခန်းအတွင်းမှ ခိုးရာပါပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖောက်ထွင်းခိုးယူသည့် ရဲတပ်သားအား မိုင်းဖြတ်မြို့မရဲစခန်းတွင်(ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားသည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net