ေနအိမ္ပိုင္ရွင္မွ လုပ္ငန္းကိစၥျဖင့္ တာခ်ီလိတ္ ႏွင့္ မိုင္းယုသို႔ ခရီးထြက္ေနစဥ္အတြင္း ေဖာက္ထြင္းခိုးယူခံရမႈ မုိင္းျဖတ္ၿမိဳ႕တြင္ ျဖစ္ပြား

ေနအိမ္ပိုင္ရွင္မွ လုပ္ငန္းကိစၥျဖင့္ တာခ်ီလိတ္ ႏွင့္ မိုင္းယုသို႔ ခရီးထြက္ေနစဥ္အတြင္း ေဖာက္ထြင္းခိုးယူခံရမႈ မုိင္းျဖတ္ၿမိဳ႕တြင္ ျဖစ္ပြား
ဇွန် 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္ ေနအိမ္အား (၂)ရက္ခန္႔ပိတ္ထားခဲ့ၿပီး လုပ္ငန္းကိစၥျဖင့္ ခရီးသြားေနစဥ္ ေဖါက္ထြင္းခံထားရသျဖင့္ အမႈဖြင့္တုိင္ၾကားထားရာမွ ေဖာက္ထြင္းခိုးယူသူ အမ်ဳိးသားႏွစ္ဦးအား ရဲတပ္ဖြဲ႔က ၂၀၁၉ခုႏွစ္ ဇြန္လ(၁၂)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိုင္းျဖတ္ၿမိဳ႕ ဝမ္မုိင္ရပ္ကြက္တြင္ ေနထိုင္သူ  ဦးဆမ္ႏြန္းႏွင့္ဇနီးတို႔သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၉)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕သို႔  ထြက္ခြာလာၿပီး ကုန္ပစၥည္းသယ္ေဆာင္ၿပီးေနာက္ မုိင္းယုၿမိဳ႕သို႔ ဆက္လက္၍ ကုန္သြားေရာက္ပို႔အၿပီး ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ မိုင္းျဖတ္ေနအိမ္သို႔ ျပန္ေရာက္လာစဥ္ ေနအိမ္ၿခံဝန္းတံခါးႏွင့္ အိိမ္အဝင္ တံခါးမႀကီးတို႔ ပြင့္ေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေနအိမ္အတြင္း ၾကည့္ရာတြင္ ျမန္မာက်ပ္ေငြ ေရာရာ က်ပ္(၈၀,၀၀၀)၀န္းက်င္ ႏွင့္ ေငြေဟာင္းျပား (၃)ျပား အျပင္ အိမ္ေထာင္စု စာရင္း (၁)ရြက္ ႏွင့္ မွတ္ပံုတင္ မိတၱဴမ်ားထည့္ထားသည့္ မီးခံေသတၱာ တစ္လံုး ႏွင့္ ဗီဒိုအတြင္းမွ လက္ပတ္နာရီ(၂)လံုးတုိ႔ ေပ်ာက္ဆံုးေနျခင္း ျဖစ္သည္ကို စိစစ္ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေနအိမ္ပိုင္ရွင္မွ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ကာ အမႈဖြင့္တိုင္ၾကားရာမွ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးျမတ္မိုး ႏွင့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ဟန္မိုးလြင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၀မ္မိုင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးဦးတင္ဦး တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ ၀မ္မိုင္ရပ္ကြက္ အနီးတ၀ိုက္သို႔ လိုက္လံ ရွာေဖြစံုစမ္းမႈမ်ား ျပဳလုပ္ရာက ၀မ္မိုင္တိုးခ်ဲ႕ရပ္ကြက္သို႔ သြားသည့္ ေျမသားလမ္းေဘး ခ်ဳံပုတ္အတြင္း၌ တံခါးဖ်က္ထားသည့္ မီးခံေသတၱာအားေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ၀မ္မိုင္တိုးခ်ဲ႕ရပ္ကြက္အတြင္းမွ မသကၤာဖြယ္သံသယရွိသူ အသက္(၂၆)ႏွစ္အရြယ္ရွိ အညီး ႏွင့္ အသက္(၁၉)ႏွစ္ရွိ ရဲေက်ာ္ေထြးတို႔အား ေခၚယူ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ၎တို႔မွ ေဖာက္ထြင္းခိုးယူမႈႏွင့္ ပတ္သက္၍ ၀န္ခံထြက္ဆိုကာ မီးခံေသတၱာအပ်က္ ထားရွိခဲ့သည့္ ေနရာႏွင့္ မီးခံေသတၱာအတြင္း ပါရွိသည့္ အိမ္ေထာင္စုစာရင္း လႊင့္ပစ္ခဲ့သည့္ ေနရာမ်ားအား လိုက္လံ ျပသခဲ့ၾကေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ၎တို႔ (၂)ဦးအား အေရးယူႏိုင္ရန္အတြက္   မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နေအိမ်အား (၂)ရက်ခန့်ပိတ်ထားခဲ့ပြီး လုပ်ငန်းကိစ္စဖြင့် ခရီးသွားနေစဉ် ဖောက်ထွင်းခံထားရသဖြင့် အမှုဖွင့်တိုင်ကြားထားရာမှ ဖောက်ထွင်းခိုးယူသူ အမျိုးသားနှစ်ဦးအား ရဲတပ်ဖွဲ့က ၂၀၁၉ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့ ဝမ်မိုင်ရပ်ကွက်တွင် နေထိုင်သူ ဦးဆမ်နွန်းနှင့်ဇနီးတို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် တာချီလိတ်မြို့သို့ ထွက်ခွာလာပြီး ကုန်ပစ္စည်းသယ်ဆောင်ပြီးနောက် မိုင်းယုမြို့သို့ ဆက်လက်၍ ကုန်သွားရောက်ပို့အပြီး ဇွန်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် မိုင်းဖြတ်နေအိမ်သို့ ပြန်ရောက်လာစဉ် နေအိမ်ခြံဝန်းတံခါးနှင့် အိမ်အဝင် တံခါးမကြီးတို့ ပွင့်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အတွင်း ကြည့်ရာတွင် မြန်မာကျပ်ငွေ ရောရာ ကျပ်(၈၀,ဝဝဝ)ဝန်းကျင် နှင့် ငွေဟောင်းပြား (၃)ပြား အပြင် အိမ်ထောင်စု စာရင်း (၁)ရွက် နှင့် မှတ်ပုံတင် မိတ္တူများထည့်ထားသည့် မီးခံသေတ္တာ တစ်လုံး နှင့် ဗီဒိုအတွင်းမှ လက်ပတ်နာရီ(၂)လုံးတို့ ပျောက်ဆုံးနခြေင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင်မှ မိုင်းဖြတ်မြို့မရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားရာမှ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြတ်မိုး နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်မိုးလွင် နှင့် တပ်ဖွဲ့ဝင်များ၊ ဝမ်မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်ဦး တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဝမ်မိုင်ရပ်ကွက် အနီးတဝိုက်သို့ လိုက်လံ ရှာဖွေစုံစမ်းမှုများ ပြုလုပ်ရာက ဝမ်မိုင်တိုးချဲ့ရပ်ကွက်သို့ သွားသည့် မြေသားလမ်းဘေး ချုံပုတ်အတွင်း၌ တံခါးဖျက်ထားသည့် မီးခံသေတ္တာအားတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ဝမ်မိုင်တိုးချဲ့ရပ်ကွက်အတွင်းမှ မသင်္ကာဖွယ်သံသယရှိသူ အသက်(၂၆)နှစ်အရွယ်ရှိ အညီး နှင့် အသက်(၁၉)နှစ်ရှိ ရဲကျော်ထွေးတို့အား ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ရာက၎င်းတို့မှ ဖောက်ထွင်းခိုးယူမှုနှင့် ပတ်သက်၍ ဝန်ခံထွက်ဆိုကာ မီးခံသေတ္တာအပျက် ထားရှိခဲ့သည့် နေရာနှင့် မီးခံသေတ္တာအတွင်း ပါရှိသည့် အိမ်ထောင်စုစာရင်း လွှင့်ပစ်ခဲ့သည့် နေရာများအား လိုက်လံ ပြသခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်၎င်းတို့ (၂)ဦးအား အရေးယူနိုင်ရန်အတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net