လားရႈိးၿမိဳ႕တြင္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမႈိက္ေကာက္မည့္ အစီအစဥ္ ဧၿပီလ(၆)ရက္ေန႔တြင္ စတင္

လားရႈိးၿမိဳ႕တြင္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမႈိက္ေကာက္မည့္ အစီအစဥ္ ဧၿပီလ(၆)ရက္ေန႔တြင္ စတင္
ဧပြီ 6, 2019
By Tachileik News Agency

လားရႈိးၿမိဳ႕တြင္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမႈိက္ေကာက္မည့္ အစီအစဥ္အား ပထမအႀကိမ္အျဖစ္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၆)ရက္ေန႔ နံနက္က စတင္လိုက္ၿပီး စုေပါင္းအဖြဲ႔ျဖင့္ လားရႈိးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနရံုးအနီးမွ လားရႈိးတကၠသိုလ္ေရွ႕အထိ အမႈိက္ေကာက္ ရွင္းလင္းခဲ့ၾကေၾကာင္း သိရသည္။

ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ား ႏွင့္ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ၀န္ထမ္းမ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား စုစုေပါင္း အင္အား (၂၀၀)၀န္းက်င္က စုေပါင္း ပါ၀င္ကာ အမႈိက္ေကာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စုေပါင္းသန္႔ရွင္းေရး အမႈိက္ေကာက္ျခင္းလုပ္ငန္းအတြက္ လိုအပ္သည့္ လက္အိတ္မ်ား၊ ႏွာေခါင္းဖံုးမ်ား၊ အမႈိက္အိတ္မ်ား ၊ အမိႈက္ပံုးမ်ားႏွင့္ အမိႈက္သယ္ယာဥ္မ်ားအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ၿမိဳ႕ဂုဏ္ေဆာင္ အမႈိက္သိမ္းကုမၸဏီ တို႔က တာဝန္ယူေဆာင္ရြက္ေပးျခင္းျဖစ္သည္။

လားရႈိးၿမိဳ႕တြင္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္း အမႈိက္ေကာက္ရန္အတြက္ ၂၀၁၉ခုႏွစ္ မတ္လ(၂၉)ရက္ေန႔က ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႔ဆံု ေဆြးေႏြးၾကၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ ယေန႔ ဧၿပီလ(၆)ရက္ေန႔တြင္ စတင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖုိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

လားရှိုးမြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မည့် အစီအစဉ်အား ပထမအကြိမ်အဖြစ် ၂၀၁၉ခုနှစ် ဧပြီလ(၆)ရက်နေ့ နံနက်က စတင်လိုက်ပြီး စုပေါင်းအဖွဲ့ဖြင့် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနရုံးအနီးမှ လားရှိုးတက္ကသိုလ်ရှေ့အထိ အမှိုက်ကောက် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၂၀၀)ဝန်းကျင်က စုပေါင်း ပါဝင်ကာ အမှိုက်ကောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် လက်အိတ်များ၊ နှာခေါင်းဖုံးများ၊ အမှိုက်အိတ်များ၊ အမှိုက်ပုံးများနှင့် အမှိုက်သယ်ယာဉ်များအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့ဂုဏ်ဆောင် အမှိုက်သိမ်းကုမ္ပဏီ တို့က တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်သည်။

လားရှိုးမြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း အမှိုက်ကောက်ရန်အတွက် ၂၀၁၉ခုနှစ် မတ်လ(၂၉)ရက်နေ့က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ ဆွေးနွေးကြပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယနေ့ ဧပြီလ(၆)ရက်နေ့တွင် စတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net