သီေပါၿမိဳ႕နယ္အတြင္းမွ ျဖတ္သြားသည့္ ႏြားတင္ကားမ်ားကို ေသနတ္ျဖင့္ပစ္ခတ္၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

သီေပါၿမိဳ႕နယ္အတြင္းမွ ျဖတ္သြားသည့္ ႏြားတင္ကားမ်ားကို ေသနတ္ျဖင့္ပစ္ခတ္၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
မေ 2, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ေမလ (၁) ရက္ေန႔ ညေနက ႏြားတင္ကား(၇) စီးအဖြဲ႔မွ ကား (၂) စီး ေသနတ္ပစ္ခံရ၍ ယာဥ္ေမာင္းတစ္ဦးေသဆံုးၿပီး ယာဥ္ေနာက္လိုက္တစ္ဦး ဒဏ္ရာရသြားေၾကာင္း သီေပါၿမိဳ႕မရဲတပ္ဖြဲ႔ ထံမွ သိရသည္။

“ညေန (၆) နာရီဝန္းက်င္နဲ႔ (၈) နာရီဝန္းက်င္မွာ ႏွစ္ေနရာခြဲၿပီးျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ပထမပစ္ခတ္ခံရတဲ့ ႏွစ္စီးအတြဲထဲက ယာဥ္ေနာက္လိုက္တစ္ေယာက္ ေပါင္မွာေသနတ္က်ည္ဆံထိမွန္ဒဏ္ရာရတယ္။ အလြမ္းေလး စားေသာက္ဆိုင္အနီးမွာ ပစ္ခံရတဲ့တစ္ေယာက္ကေတာ့ ဒဏ္ရာသံုးခ်က္ရၿပီး ေဆးရံုတင္ထားတုန္း ေသဆံုး သြားတယ္။ ပစ္တဲ့အဖြ႔ဲကေတာ့ ဘယ္အဖြဲ႔မွန္းမသိရေသးဘူး။ ေအေက 47 ေသနတ္န႔ဲပစ္သြားတယ္လို႔သိရ တယ္ ” ဟု သီေပါၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ စခန္းမွဴး ဒုရဲမွဴး ဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲဘက္မွ လားရိႈးဘက္သို႔ ေမာင္းႏွင္လာသည့္ ႏြားတင္ကား (၇)စီးအဖြဲ႕မွ ကား (၂)စီးမွာ ညေန (၆)နာရီအခ်ိန္က  ေဘာ္ႀကိဳေက်းရြာရထားလမ္းအကူးႏွင့္ ေဂၚဒန္ေက်ာက္ထုတ္လုပ္ေရးစခန္းၾကားတြင္ ဆိုင္ကယ္စီးေသနတ္သမား (၂) ဦးက ပစ္ခတ္ခဲ့ရာ ယာဥ္ေနာက္လုိက္တစ္ဦး ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ည (၈) နာရီဝန္းက်င္တြင္ သီေပါၿမိဳ႕မွ လားရိႈးဘက္သို႔အထြက္ “အလြမ္းေလး” စားေသာက္ဆိုင္အနီး ရပ္တန္႔ထားေသာ ႏြားတင္ကားအုပ္စုမွ အသက္(၃၆)ႏွစ္အရြယ္ ယာဥ္ေမာင္း ဇာနည္ေအာင္က ကားသြားေရႊ႕စဥ္ လားရိႈးဘက္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္အမ်ိဳးသားက ေသနတ္ျဖင့္ (၃)ခ်က္ပစ္သြား၍ ရရိွေသာဒဏ္ရာျဖင့္ ေဆးရံုတင္ပို႔စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။
အဆိုပါ ပစ္ခတ္မႈမ်ားႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က စံုစမ္းေဖၚထုတ္ေနဆဲျဖစ္ေၾကာင္းသိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သီပေါမြို့နယ်အတွင်းမှ ဖြတ်သွားသည့် နွားတင်ကားများကို သေနတ်ဖြင့်ပစ်ခတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
***********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့ ညနေက နွားတင်ကား(၇) စီးအဖွဲ့မှ ကား (၂) စီး သေနတ်ပစ်ခံရ၍ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရသွားကြောင်း သီပေါမြို့မရဲတပ်ဖွဲ့ ထံမှ သိရသည်။

“ညနေ (၆) နာရီဝန်းကျင်နဲ့ (၈) နာရီဝန်းကျင်မှာ နှစ်နေရာခွဲပြီးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပထမပစ်ခတ်ခံရတဲ့ နှစ်စီးအတွဲထဲက ယာဉ်နောက်လိုက်တစ်ယောက် ပေါင်မှာသေနတ်ကျည်ဆံထိမှန်ဒဏ်ရာရတယ်။ အလွမ်းလေး စားသောက်ဆိုင်အနီးမှာ ပစ်ခံရတဲ့တစ်ယောက်ကတော့ ဒဏ်ရာသုံးချက်ရပြီး ဆေးရုံတင်ထားတုန်း သေဆုံး သွားတယ်။ ပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့မှန်းမသိရသေးဘူး။ အေကေ 47 သေနတ်နဲ့ပစ်သွားတယ်လို့သိရ တယ် ” ဟု သီပေါမြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် နွားတင်ကား (၇)စီးအဖွဲ့မှ ကား (၂)စီးမှာ ညနေ (၆)နာရီအချိန်က  ဘော်ကြိုကျေးရွာရထားလမ်းအကူးနှင့် ဂေါ်ဒန်ကျောက်ထုတ်လုပ်ရေးစခန်းကြားတွင် ဆိုင်ကယ်စီးသေနတ်သမား (၂) ဦးက ပစ်ခတ်ခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ည (၈) နာရီဝန်းကျင်တွင် သီပေါမြို့မှ လားရှိုးဘက်သို့အထွက် “အလွမ်းလေး” စားသောက်ဆိုင်အနီး ရပ်တန့်ထားသော နွားတင်ကားအုပ်စုမှ အသက်(၃၆)နှစ်အရွယ် ယာဉ်မောင်း ဇာနည်အောင်က ကားသွားရွှေ့စဉ် လားရှိုးဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားက သေနတ်ဖြင့် (၃)ချက်ပစ်သွား၍ ရရှိသောဒဏ်ရာဖြင့် ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေဆဲဖြစ်ကြောင်းသိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net